ကစားမလား နားမလား

in #esteem5 years ago (edited)

ကစားမလား နားမလား
all3.jpg
အခုတလော စတီးမစ်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ သဘောတွေ့လာရတယ် အရင်လို အချိန် သိပ်မပေးနိုင်တော့တာတွေဖြစ်လာတယ် ဒီလိုဖြစ်လာတာက စတင်းဈေးကြောင့်မဟုတ်သလို ဘုတ်ပေးမယ့်သူမရှိလို့လည်းမဟုတ်ဘူး မန့်ပေးမယ်သူမရှိလို့လည်းမဟုတ်ပြန်ဘူး အရနည်းတာများတာနဲ့လည်းမဆိုင်ဘူး ရေးစရာ ရှာမတွေ့တာလည်းမဟုတ် အဲ့ဒါတွေအားလုံးမရှိလည်း နေတက်ခဲ့တယ် အခုက အလုပ်သိပ်မအားတော့သလိုဖြစ်လာတယ် အခြား အရာတွေက အလိုလို နေရာပြန်ယူလာကြတယ် အရင်က စတီးမစ်က နံပါတ်တစ် အခုအဲ့သလို မ၇တော့ဘူး နောက်ဆို အဆက်အသွယ်ပြတ်သွားမှာတောင် စိတ်ပူမိတယ် အဲ့သလိုတော့ မဖြစ်ချင်သေးဘူး
ကောင်းတာကတော့ စတီးမစ် ဂိမ်းလေးတွေ ရှိနေသေးတယ် အဲ့ဒါတွေကလည်း တစ်နည်းတော့ ကောင်းသား စတီးမစ်ပေါ် ရောက်နေစေသော အကြောင့်တစ်ရပ်ပါဘဲ စာရေးဖို့အတွက်ဘဲဆိုရင်တော့ ဒီအချိန်က တော်တော် အခက်အခဲရှိသွားပြီ
နောက်ရက်တွေတော့ ကြိုးစားကြည့်ပါဦးမယ် စာရေးတဲ့အပိုင်း အားနည်းချင်လာပြီ
ဂိမ်းကစားတာတော့ အားထည့်နေတုန်းဘဲ ဂိမ်းတွေကြောင့်များ စာရေးချင်စိတ်ကုန်လာသလား ဒါတော့ ဖြစ်ကောင်းဖြစ်နိုင်တယ် ဘယ်လိုဖြစ်ဖြစ် အချိန်အားရရင်တော့ စာရေးရပါမယ် စာရေးတာက အကုန်အကျ အရင်းအနှီးအနည်းဆုံးသော ၀င်ငွေလမ်းကြောင်းပေါ့
စတင်းမွန်းစတားကတော့ အပြောင်းအလဲ တစ်ချို့ စတင်လာနေပြီ ဘယ်အချိန်ဝင်ရမလဲတော့ မသိဘူး အရင်းအနှီးက များလွန်းတယ် ပြန်ကစားဖို့ ခက်တယ် ဆေးဝါးဂိမ်းကလည်း နည်းလာနေပြီ နှစ်ခုလုံးကတော့ ပေးနေတုန်းဘဲ အားလုံး စုံအောင် လုပ်နိုင်ဖို့တော့ မလွယ်တော့ဘူး

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 62025.59
ETH 3074.98
USDT 1.00
SBD 3.84