ခုခံကာကွယ်ရေး

in #esteem5 years ago (edited)

allnew.jpg
ဆေးဝါးဂိမ်းလေးက တိုက်ပွဲတော့ ဖွင့်ပေးလိုက်ပါရဲ့ အပြင်းအထန် တိုက်ခိုက်ရမယ် လုယက်ရမယ် ခုခံကာကွယ်ရမယ်လို့ မျှော်လင့်ထားတာပါ ဒါတွေက အခုချိန်ထိတော့ ဖြစ်မလာသေးပါဘူး ရှာရဖွေရတာက အချိန်ကုန်ပါတယ် ဘာမှလည်း ပြန်မရပါဘူး ကိုယ့်ဟာကိုယ် အပ်ဒိတ်တင်ပြီး ထွက်သမျှ ထိုင်သိမ်းနေတာကမှ မြန်ပါလိမ့်မယ် ဒီမနက်တော့ အဆင်ပြေပြီဟဆိုပြီး နယ်တကာလှည့်ပြီး တိုက်ပါတယ် ပြန်ရတာက မဖြစ်စလောက်လေးတွေရယ်ပါ အချို့ ပွဲတွေဆို ကိုယ့်စစ်သားဖိုး တောင် ပြန်မရပါဘူး စစ်သားအစောင့်မရှိတဲ့ ဗလာဟင်းလင်း အကောင့်တွေကလည်း စောင့်ပြီး တွယ်နေကြတော့ ကိုယ်က သူများတိုက်ပြီးမှ တွေ့ပါတယ် အများအားဖြင့်တော့ စစ်သားတွေ များစွာ အင်အားဖြည့်တင်းထားတာချည့်ပါဘဲ သူ့စစ်အင်အားနဲ့ သူ့မှာ ရှိတာက မလိုက်ဖက်လိုက်တာ ဒါကြောင့် နယ်လှည့်ပြီး တိုက်နေမယ့်အစား ကိုယ့် တပ်ကို ကာကွယ်ဖို့ဘဲ လုပ်ရတော့မှာဖြစ်ပါတယ် လူတိုင်းကလည်း ဒီအတိုင်း လုပ်ပြီး နေကြတာပါ လှည့်ပါတ်တိုက်တာက စီးပွားမဖြစ်နိုင်သေးပါဘူး တိုက်ပွဲ ရှာတာက အချိန် တစ်ခုကြာပါတယ် ရှာတွေ့ပြန်တော့လည်း တိုက်ခိုက်ရချိန်က အလွန်ကြာပြန်ပါတယ် တိုက်ခိုက်ပြီးတော့လည်း ရလာတာက အဖိုးနဲ အိုးကွဲပဲ့လေးတွေပါဘဲ အဆင်မပြေပါဘူး စီအိုစီလို အခြေအနေလေး ရောက်လာရင်တော့ အလွန်ကစားလို့ ကောင်းမှာပါ
အခုကတော့ ကစားသူတိုင်းက ကိုယ်ပိုင်ဆိုင်တာလေး ဆုံးရှုံးမှာကြောက်ကြတော့ ထွက်သမျှကို ဒီအတိုင်းမထားပါဘူး အကုန် သုံးပြစ်ကြပါတယ် ဒါကြောင့် တိုက်ခိုက်တာလေး နားပြီး ခုခံရေးအတွက် ခံစစ်ကို အဆင့်မြှင့်ဖို့ လုပ်ရပါတော့မယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

I am an automatic upvote bot, only for #steemmonsters, #steemmonster. If i liked your post, you will get an upvote. Only for Steemmonsters. Once a day, i published the posts, that have recieved an upvote.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 67691.66
ETH 3505.02
USDT 1.00
SBD 3.21