ဆေးဝါးဂိမ်းက အပြောင်းအလဲဖြစ်တော့မလား

in #esteem6 years ago (edited)

ဆေးဝါးဂိမ်းက အပြောင်းအလဲဖြစ်တော့မလား
all55.jpg
လက်ရှိအခြေအနေအရတော့ အပြောင်းအလဲကောင်းတစ်ခု လိုအပ်နေတယ်လို့ထင်ပါတယ် သူသွားနေတဲ့ လမ်းကြောင်းက
စတင်းဖြုန်းသူတွေကို မစွဲဆောင်နိုင်သေးပါဘူး စတင်းများများသုံးလေ သူ့အတွက် အကျိုးရှိလေပါ ဒီလိုပါဘဲ ကစားသူများအတွက်လည်း အကျိုးရှိစေမှာပါ ဒါကို သူ ဘယ်လို ပြောင်းလဲယူမှာလဲ စိတ်ဝင်စားစရာပါ ဒီလို လက်ရှိအနေအထားအတိုင်းကတော့ စတင်းသုံးသူ မရှိနိုင်တော့ပါဘူး ရသမျှ ထွက်သမျှကို ဈေးကွက်ပို့သူက အများဆုံးပါ လေဘယ်တင်သူတောင် ခပ်ရှားရှားရယ်ပါ စတင်းသုံးပြီး လေဘယ်တင်ဖို့တော့ မရှိသလောက် ရှားနေပါပြီ
ဆေးဝါးအထွက်နှုန်းကို လျှော့ချဖို့ လိုအပ်ပါတယ် ဆေးဝါးအထွက်နည်းလေ လေဘယ်တင်ဖို့ တွန်းအားဖြစ်စေလေပေါ့
ဆေးဝါးကို ထုတ်လုပ်မှု အနိမ့်ဆုံးဖြစ်အောင် သူ လျှော့ချလိမ့်မယ်လို့ ခန့်မှန်းရပါတယ် ဈေးဝါးက အထွက်များနေရင် ကစားသူများအားလုံး ခွဲတန်းနည်းနေမှာပါဘဲ
မိန်းအကောင့်တစ်ခုတည်းကို လေဘယ် အမြင့်ဆုံးတင်တာနဲ့ အကောင့်ဆယ်ခုကို လေဘယ်မျှပြီး ဖြန့်တင်တာက အကျိုးအမြတ်ပိုများနေတာဆိုတော့ ဂိမ်းရဲ့ တိုးတက်မှုနှုန်းကို များစွာ အဟန့်အတားဖြစ်စေနိုင်သလို ငွေရင်းသူများကိုလည်း နည်းပါးသွားစေပါတယ် ဒါကို သူပြုပြင်လာနိုင်ပါတယ်
ရှေ့က လေဘယ်တင်ထားသူတွေကို တစ်ခုခုတော့ ပြန်လုပ်ပေးလာနိုင်ပါတယ်
အခုချိန်မှာ ရသမျှ လေဘယ်တင်ထားရင်တော့ အကျိုးအမြတ် ပိုလာမယ်လို့ ခန့်မှန်းပါတယ်
သူကိုယ်တိုင်ကလည်း ရေရှည်အတွက် အလုပ်လုပ်နိုင်ဖို့ကို တိုက်တွန်းထားတာ အထင်းသားမြင်နိုင်ပါတယ်
သူတို့သွားနေတာကလည်း ရေရှည်အတွက်ကိုပါဘဲ စတင်းမွန်းစတားကတော့ ကဒ်တွေကို တိုကင်အဖြစ်ပြောင်းလဲနေပါပြီ
ဒီကောင်လည်း မကြာခင် တိုကင် ထုတ်လာမယ်လို့ ထင်ပါတယ် ဘယ်ပုံစံနဲ့ပေးမှာလဲ လေဘယ်မြင့်သူတွေ အခွင့်အရေး ပိုရနိုင်ပါတယ် ဘုတ်တွေကို ပြောင်းလဲပြီး ပေးနေတာတော့ သိပ်မထိရောက်သေးပါဘူး
ဘုတ်မှာလည်း ငွေသုံးသူနဲ့ ဘေဘယ်မြင့်သူက ပိုရတာ တွေ့ရပါတယ်
ရေရှည်မှာ လေဘယ်အမြင့်သမားတွေအတွက် အခွင့်အရေးပိုလာနိုင်မယ်လို့ ခန့်မှန်းပြီး လေဘယ်တင်တာကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63525.38
ETH 2645.15
USDT 1.00
SBD 2.76