နောက်ကျလေသောဒိုင်းမွန်း

in #esteem6 years ago

Screenshot_2018-11-17-00-53-23.png

ဘာလိုလိုနဲ့ second season တောင် ပြီးသွားခဲ့ပြီ ကိုယ်ကလည်း ပြီးသွားမှသာ သဘောပေါက်တော့တယ်
အဲ့သလိုပါဆို Season ပြီးရင် ဘာတွေရမယ်ဆိုတာတောင် မလေ့လာထားမိဘူး တစ်ရက်ဆယ်ပွဲတိုက်ရင်
အလုပ်ဖြစ်ပြီတွက်နေခဲ့တာ ခုတော့ ဘယ်တက်နိုင်မလည်း နောက်တစ်ခေါက်တော့ သေချာ လှော်ရမယ်
မနေ့ကတော့ အတွဲကောင်းလေး တစ်ခုရတာနဲ့ rating ကို တက်အောင်လုပ်ကြည့်တယ် မဆိုးဘူးပြော
ရလိမ့်မယ် တစ်ညတည်းနဲ့ ဒိုင်းမွန်း သရီးကို ရောက်သွားတယ်
အတွဲကောင်းလေးရတုန်း တင်နိုင်သလောက်တင်ကြည့်တာ စကတည်းက အဲ့သလိုသိ တင်တာပေါ့
တကယ်ဆို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက တင်ထားလိုက်ပြီးရော
ခုဆို ဂိမ်းက ဇာတ်ရှိန် တဖြည်းဖြည်း မြင့်လာပြီ ကောင်းသထက်ကောင်းလာပြီ စည်းကမ်းတွေကလည်း
တစ်ရက်တစ်မျိုး ဒီနေ့ ဟိုအတွဲနဲ့ အဆင်ပြေပေမယ့် နောက်ရက် အဲ့ဒီအတွဲက အလုပ်မဖြစ်တော့ပြန်ဘူး
Screenshot_2018-11-17-00-54-36.png

နေ့တိုင်း တစ်သမက်တည်းမရှိဘူး အပြောင်းအလဲ အမြဲရှိနေတော့ မရိုးသွားဘူးပေါ့
ကဒ်တွေကလည်း အမျိုးမျိုးရှိတော့ စိတ်ဝင်စားမှုက မြင့်တက်စေပြန်တယ်
သူများရတာတွေ့တော့ ကိုယ်လည်း ရချင်တယ်လေ။ ကိုယ်လည်း ဘာတွေ ရလာမည်လဲ ဆိုတဲ့
မျှော်လင့်ချက်ကလည်း အတော်မိုက်တယ်လေ
ကစားရတာ စိတ်ပါလက်ပါရှိစေတာပေါ့ အခု တဖြည်းဖြည်းနဲ့ ဒီဂိမ်းလေးကို ပိုလို့ ကစားဖြစ်လာတယ်
ဂိမ်းနဲ့ကိုယ်နဲ့ တဖြည်းဖြည်း အသားကျလာတယ်ဆိုရမည်လားဘဲ
ဆယ်ဒေါ်လာ ရင်းထားတာတော့ ခဏခဏ ပြောရတာပေါ့ မြန်မာငွေနဲ့ဆို တစ်သောင်းကျော် ရင်းနှီးထား
ရတာ နဲ မှတ်လို့ ငွေရင်းရတယ် ဆိုလို့လည်း မကစားဘူးသေးတဲ့ သူတွေ ကစားမယ် စိတ်ကူးတဲ့ သူ
Screenshot_2018-11-17-01-22-37.png

တွေ စိတ်ပျက်မသွားနဲ့ဦး အဲ့ဆယ်ဒေါ်လာက အခန့်မသင့်ရင် တစ်ရက်တည်း အရင်းကျေတဲ့အပြင် အမြတ်တောင် ထွက်သွားနိုင်တယ်။ တစ်ချို့လည်း လေးငါးရက်ဆို အမြတ်ရနေပြီ
ဒီထက် အချိန်ကြာအောင် ကစားနှင့်နေတဲ့ ဆရာတွေတော့ ဆိုနိုင်ဖွယ်မရှိ မြတ်ပြီလေ
ကိုယ်တွေတောင် အတော်နောက်ကျသွားတယ်
နောက် လာမယ် ရာသီပွဲစဉ်မှာ ကိုယ်တွေ အကျိုးအမြတ် ဘယ်လိုယူရမလဲ ဆိုတာတော့ ခုတည်းက
ကြိုတင်ပြင်ဆင်နေပြီ စိတ်ပါရင် တွေဝေမနေနဲ့ လုပ်လိုက်တော့ ဆီကရ ပဲကရ နှမ်းကရ ဘာမှတွေး
မနေနဲ့ ရတာယူထားလိုက်ကြတော့။ လက်ဦးမှု ရယူပါ အခွင့်အရေးသေးသေးလေးကနေ အကြီးကြီးဖြစ်လာနိုင်တယ်။
Photo Credit : Original source https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76