ရွာနဲ့ ကြုံခဲ့ဖူးသမျှ (part 1)
မိုးတဖွဲဖွဲရွာနေတယ်။
ဆောင်းရာသီထဲ ဝင်လာပြီဖြစ်တဲ့ ဒီလိုအချိန်ဟာ ဒီဒေသအတွက် အိပ်ယာထဲ စောင်ထူထူနဲ့ ကွေးလို့ အကောင်းဆုံး အချိန်ပါပဲ။
ဒါပေမယ့် ဒီဒေသရဲ့ ဆောင်းရာသီက အဲ့ဒီလောက် စိတ်ချလို့မရဘူး။ မိုးရာသီဆိုရင် လယ်ကွင်းပြင်တွေဟာ ရွံတွေဗွက်တွေနဲ့ လယ်စိုက်ချိန်တွေ ဖြစ်တယ်။ လမ်းခရီးတွေက စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားတယ်။
ဒီတော့ ကိုယ့်အလုပ်ကို အေးဆေးလုပ်ကြရင်း မိုးထဲရေထဲမှာ အေးချမ်းတယ်လို့ ထင်ရစရာတွေရှိတယ်။ ဆောင်းရာသီရဲ့ အချို့အရာတွေနဲ့ ယှဉ်လိုက်ရင်ပေါ့..။
ချမ်းအေးတဲ့ နှင်းတွေ စွတ်စိုနေတဲ့ ဆောင်း..။လတ်ဆတ်တဲ့ဆောင်း...။ အတော်နှစ်လိုဖွယ်ကောင်းတဲ့ဆောင်းမှာ ဘယ်အရာက ဆိုးရွားစေတာလဲ။
ပြောပြမှာပေါ့..။
လမ်းတွေက ခြောက်သွေ့ကုန်ပြီ။ လယ်တွေကလည်း သိမ်းဆည်ကုန်ကြပြီ..။ နေ့တာတိုတာကလွှဲရင် တစ်နေကုန် လမ်းလျှောက်တာတောင် ချွေးတစ်စက်ထွက်ချင်မှ ထွက်တဲ့ရာသီထဲမှာ စိုးရွံစရာတွေပါ သယ်ဆောင်လာကြတယ်။
အရှေ့ဖက်တောင်နဲ့ အနောက်ဖက်တောင်တွေကို ဆက်စပ်ဖို့ အရှေ့ဖက်တောင်နဲ့ အနောက်ဖက်တောင်ကြားက လယ်ကွင်းတွေကို ဖြတ်သန်းသွားကြရမယ်။ ဆောင်းရာသီက နှင်းတွေ စိုနေတာက လွှဲရင် အဆင်ပြေပါတယ်။ မြေကြီးတွေက သွားလာလို့ ကောင်းပြီလေ..။
လှုပ်ရှားသွားလာမှုတွေကို ပိုပြီး အာရုံစိုက်လုပ်ဆောင်ရတဲ့ ဆောင်းရာသီဟာ ဒီဒေသအတွက် အေးချမ်းလွန်းနေတဲ့အရာတော့ မဟုတ်ခဲ့တာ ကြာပြီပေါ့..။
အခု မိုးတဖွဲဖွဲ ရွာနေတယ်။
ရပ်ရွာလုံခြုံရေးအတွက် ပြည့်သူ့စစ်တစ်ယောက် အိပ်နေပြီဖြစ်တဲ့ စောင်ခြုံထဲက လူးလဲ ထပြီး အနွေးထည် အင်္ကျီတွေ အနွေးထည်ဘောင်းဘီတွေကို ဝတ်လို့ ကင်းလှည့်သွားရပြီ..။
တစ်ညစ နှစ်ညစလို့ ဒီတစ်ဆောင်းလုံး သူကောင်းကောင်း အိပ်ရတော့မယ် မထင်ဘူး..။
မကြာခင် ကြားရတော့မယ့် ဘယ်မှာတော့ ဟိုဖက်ဒီဖက် ဖြတ်သန်းသူချင်းဆုံကြလို့ တိုက်ပွဲ ဖြစ်သွားသတဲ့။မနေ့က ဟိုး အရှေ့တောင်ဖက်မှာ တဂျိန်းဂျိန်းနဲ့ အသံတွေကြားတယ် လို့ တစ်ယောက်နဲ့ တစ်ယောက် တီးတိုး ဆိုပြရတော့မယ်။ညနေ နေဝင်တာနဲ့ အပ်ကျသံကြားရလောက်အောင် လူသံသူသံတွေ တိတ်ဆိတ်နေတဲ့ ချောက်ချားဖွယ်ရာတွေကို ရင်တုန်စောင့်စားကြရတော့မယ်။
ဒီလိုဆောင်းတွေ အဓိပ္ပါယ်မဲ့လွန်းခဲ့တာ ကြာပြီပဲ..။
စောင်ခြုံထဲ ကွေးလို့ကောင်းတဲ့ ဒီလိုဆောင်းတွေမှာ အိပ်ရေးပျက်ခဲ့ရတာ ကြာပြီပဲ..။
စိုးရွံစိတ်တွေ တထိတ်ထိတ်နဲ့ အိပ်ပျက်ခဲ့ရတာတွေလေ....။
ပြောပြပါအုံးမယ်...
ဒီအခြေအနေတွေ စတင်လည်ပတ်မယ့်ဆောင်းမှာပဲ ဖြစ်ပျက်ခဲ့တာတွေလေ..။
အမေဖြစ်သူက သားအိမ်ခေါင်းကင်ဆာဖြစ်လို့ မိုးညှင်းဆေးရုံမှာ ဆေးရုံတက်နေရတယ်။အဲ့ဒီအမေကို ဆေးရုံစောင့်အဖြစ် အမကြီးဖြစ်သူက အမေ့အနား ရှိနေတယ်။ အမကြီးရဲ့အောက် မောင်ဖြစ်သူက မြို့ပေါ်မှာ အထက်တန်း ကျောင်းသားတစ်ယောက်အဖြစ် အဆောင်နေတယ်။
အဖေဖြစ်သူက ရုံးဝန်ထမ်းတစ်ယောက်မို့ မိုးကောင်းကို ရုံးတက်ရတယ်။
အိမ်မှာတော့ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် အငယ်ဆုံး မိန်းကလေးတစ်ယောက်နဲ့ ခွေးတစ်ကောင်ကျန်ခဲ့တယ်..။ ဒီလိုခေတ်ကာလထဲ ဒီမိန်းကလေးရဲ့လုံခြုံမှုဟာ အနီးအနားက ဆွေမျိုးသားချင်းတွေကို မှီခိုနေရတယ်။
ကလေးမလေးက အငယ်ဆုံးသမီး ၊ သူ့ဘာသာ ထမင်းဟင်း ချက်မစားတတ်ဘူး။ အလုပ်သွားရက်တွေ ရုံးတက်ရက်တွေနဲ့ မိုးချုပ်သွားတတ်တဲ့ ဖခင်ကိုမျှော်နေရတဲ့ညနေဆို ကျမတိအိမ်မှာ လာအိပ်ဖို့ သွားခေါ်လာရတယ်။
သူ့အိမ်နဲ့သူ စာကျက်ရင်း ည ရှစ်နာရီလောက်အထိ သူ့ကို စောင့်ပေးရတယ်။တစ်ခါတလေ အဖေ ဖြစ်သူ ပြန်ရောက်လာပေမယ့် တစ်ခါတလေတော့ ပြန်မရောက်ဖြစ်ဘူး။ မိုးကောင်းနဲ့ ရွာကို လူးလာခေါက်ပြန် သွားနေရတဲ့ လူက အဆောင်က သားဆီကိုလည်း သွားရတယ်...။ ဆေးရုံက မယားဆီလည်း သွားရတယ်။ အိမ်က သမီးကိုလည်း လုံးလုံးလျားလျား စိတ်မချရပြန်ဘူး..။
အချို့ရက်တွေမှာ ကလေးမဟာ နံနက်စာ မစားပဲ ကျောင်းသွားခဲ့တဲ့ရက်တွေရှိတယ်။ အိမ်မှာလာစားဖို့ ခေါ်ပေမယ့် သူက အမြဲတစေတော့ လာမစားဘူး။သူ့အဖေဟာ အချို့ညတွေမှာ သမီးဖြစ်သူကို ကျွန်မတို့နဲ့ အိပ်စေပြီး ရွာက ပြည်သူ့စစ်တွေနဲ့အတူ ကင်းစောင့်သွားရသေးတယ်။
မီးဖိုခွင့်မရတဲ့ ဆောင်းတွင်းအေးအေးကြီးမှာ မြေကြီးတွေနဲ့ ဆောက်ထားတဲ့ ကင်းတဲထဲ ညလုံးပေါက် ထိုင်နေခဲ့ကြရတဲ့ မငြိမ်းချမ်းတဲ့ နယ်မြေထဲ အဲ့ဒီအချိန်တုန်းက သေနတ်သံတွေဟာ အခုထိ နားထဲ စွဲနေမိတုန်း...
သေနတ်သံ ဆက်တိုက်ကြားလာရတာနဲ့ စုရပ်အဖြစ်ထားတဲ့ ဘုန်းကြီးကျောင်းကို အမြန်ဆုံးပြေးဖို့ ညနေတွေတိုင်းမှာ မိသားစုတိုင်းက ကိုယ်စီကိုယ်ငှ မှာကြားနေကရတဲ့ ညနေတွေပေါ့..။
I'm ATM.
Msu 021.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks
အော် ဆောင်းတွင်းတောင် ရောက်လာတော့မယ်
Posted using Partiko Android
အော် ဆောင်းတွင်းတောင် ရောက်လာတော့မယ်
Posted using Partiko Android
Nice post
Posted using Partiko Android
ဒီလိုစာ မျိုးတွေ ဖတ်ရရင် ဟို လူတွေကို သတ်ချင်တယ်။
Posted using Partiko Android
မြင်ယောင်မိ ခံစားမိ ကိုယ်ချင်းစာမိ။
nice post