Shadow

in #esteem6 years ago

အရိပ်

နိမိတ်​ပုံတ​ရေး​ရေးနဲ့ ကကြီးခ​ခွေးကို ​ရေးတယ်​..
ပြီး​တော့ မလုံမလဲ ဖျက်​ရာနည်းနည်းအတွက်​ လက်​တဆုံးအထိ ပူပန်​ပစ်​လိုက်​တယ်​။

အနက်​​ရောင်​ ရစ်​သမ်​​တွေ အဖြူ​ရောင်​ ရစ်​သမ်​​တွေ ငါ့ရစ်​သမ်​ကို ချည်​​နှောင်​ခဲ့ကြ...
ဖိုးရိုးဖားရား ​ပျော်​မြူး​နေမိတဲ့ ဂုမ္ဘာန်​ကကွက်​များ၊
ငါ့အနီးအပါးမှာ ကွက်​ကျားမိုး​တွေ ​စွေပါ..

ရာသီပြိုင်းပြိုင်းကို အရိုင်းဆန်​ဆုံး ကြိုဆိုခဲ့တယ်​...
ငတ်​ပြတ်​လာတဲ့ဆည်းဆာ​တွေမှာ မနက်​ဖြန်​ဆီက အနည်းအကျဉ်း​ချေးငှါးသုံးစွဲထားမိပြီးတဲ့ ဘဝတစ်​ဝပ်​စာမှာ ​ခြေ​ခေါက်​ဟန်​​ဆောင်​ခဲ့တာလည်း ကြာပြီ..
ဂယက်​တစ်​ခြမ်းြ​ဗန်ြး​ဗန်းကွဲသွားတာကို အခွင့်​အ​ရေး​ကောင်းအဖြစ်​ တိတ်​တိတ်​​လေး လစ်​ထွက်​ခဲ့တယ်​...
ငါ မသိတဲ့ ကြိုးတစ်​စဟာ ဘယ်​​တော့မှ အဆုံးမရှိတဲ့ လမ်းအတွက်​ အထူးထုတ်​ထားတာ ဘယ်​သိပါ့မလဲ..

ဉာဉ့်​နက်​သံတို့ ဆိတ်​ဆိတ်​ညံ​နေတဲ့ လမ်းတဝါးမှာ ခလုတ်​ခသင်း​တွေက ပိုပြီး ကျီစယ်​တယ်​..
အလင်းဆုံးကြယ်​​တွေကို ​ရေတွက်​ ရယ်​​မောရင်း ဖိနပ်​​ပေါက်​တယ်​..
ဆက်​​လျှောက်​တယ်​ ..
ရယ်​သံသဲ့သဲ့ဆီကို မျက်​ရည်​နှစ်​စက်​​လောက်​ ​လောင်းထည့်​လိုက်​တယ်​..
လောင်​စာအားက နည်းနည်း​လေး​တော့ ​ဖျော့သွား​ခဲ့...
အာရုဏ်​အမြင့်​မှာ လင်း ​နေအထွက်​ကို ​စောင့်​တယ်​..
လင်းကြက်​တစ်​​ကောင်​ရဲ့ ​နောက်​ဆုံးတွန်​သံ​နောက်​မှာ လူတစ်​​ယောက်​ရဲ့ ​တောက်​​ခေါက်​သံကို ကြားရတယ်​..

ရယ်​တတ်​ဆုံးသတ္တဝါ​တွေရဲ့ ငို​ကြွေးသံကို ကြားရပြီး​နောက်
ဘဝတစ်​ခုရဲ့ တပ်​​ခေါက်​သံက သိမ်​​မွေ့ညင်​သာလွန်းတယ်​...

တစ်​ချိန်​က ရယ်​သံ ငိုသံ စကားသံ​တွေ အခု​တော့ ​ဆွေး....​မြေ့....

I'm ATM. image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

အား​ပေး​နေတယ်​ဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62648.12
ETH 2562.87
USDT 1.00
SBD 2.74