ဆို့နင့်

in #esteem6 years ago

*** ဆို့နင့်​ ***


ရက်​စက်​သူတို့ ရဲ့ 
ဓား​သွေးပွဲကိုတစ်​ချက်​​လေးပဲ 
ချောင်းကြည့်​လိုက်​မိတယ်​....

ကျွန်​မရဲ့ ​သွေးပျက်​ကမ္ဘာ 
တစ်​ခြမ်းစာ​လောက်​က
တဝုန်းဝုန်း​ပြိုကျ
အိမ်​မက်​​တွေ ဖွာလန်​ကြဲခဲ့ရတယ်​...

နှလုံးသားကိုသွန်​ချ 
ကောင်းနိုးရာရာ
စကားလုံး​တွေကို 
လိုက်​လံ​ကောက်​​မိ​တော့လည်း 
အတိုအစ​တွေသာ ရခဲ့....

လက်​တွင်းမှာ ဆုပ်​မိတိုင်း စူးရှကုန်​တယ်​..
ဘယ်​ဟာကမှ တစ်​ခုမပြည့်​ဘူး..
ကျွန်​မ ...ဘယ်​လို စတင်​တပ်​ဆင်​ရမလဲ??

ကျွန်​မ .... 
ဟိုး.....အ​ဝေးကြီးအထိ​ ​ပြေးပြီး 
နောက်​ပြန်​လှန့်​ကြည့်​လိုက်​မိတယ်​..... 
ဖုန်းဆိုး​ကန္တာရ​တွေက​နေ​တောင်​ လွန်​​မြောက်​....
ကျွန်​မ ခံစားချက်​​တွေဆီက 
လွတ်​​မြောက်​ပြီလို့....
ကြွေး​ကြော်​လိုက်​ဖို့ အရှိုက်​..

နှလုံးခုန်​သံကို ကြားလိုက်​ရတယ်​...
အဲ့ဒီ နှလုံးသားစက်​ကွင်းရဲ့ဝန်းကျင်​မှာ
ဓား လှံ ​လေး မြှား​ ​တွေနဲ့
ဟာသ​လေးက တစ်​ခွက်​....

ကျွန်​မ.....

##I'm ATM. ![image](https://img.esteem.ws/dh60lo7rl3.jpg)
Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66976.31
ETH 3509.07
USDT 1.00
SBD 2.70