လမ်းရက်​သူ

in #esteem6 years ago

*** လမ်း ရက်​သူ ***

သခင်​​တွေကို မြတ်​နိုးဖို့ ကိုယ့်​ကိုယ့်​ကိုယ်​​တောင်​ မကြီးစိုးခဲ့တဲ့ တိုင်းပြည်​မှာ ကျွန်​မ​နေတယ်​.

အရိပ်​​တွေ​အောက်​မှာ ရွက်​​ကြွေ​ကောက်​ရင်း တိမ်​တိုက်​စီးရတဲ့ ဝတ္ထုရှည်​​တွေကို ​ရေးဖို့ ပါရမီရင့်​သူ​တွေနဲ့ ခွက်​ချင်းတိုက်​ပြီး အမူးဆိုက်​ပစ်​လိုက်​အုံးမယ်​..

ဒိုင်​ယာရီမွမွ​တွေ ခပ်​သိမ်းဖို့ လက်​တော်​​တွေနဲ့ ဖျက်​ဆီးရတဲ့ စာ​တွေကို ​ခြေရာချင်းထပ်​​အောင်​ ရှာ​ဖွေ ​ကောက်​ယူခဲ့တယ်​..

ဘယ်​ပုံတူနဲ့မှ မတူတဲ့ စုတ်​ချက်​​တွေမှာ ​သွေးနီ​ရောင်​ မပါပဲ အ​တော်​ကို ကျိန်​စာဆန်​တယ်​...

လမ်းမ​တွေကို ခူးဆွတ်​ဖို့ ဆွတ်​ဆွတ်​ဖြူ ကိုယ်​ကျင့်​တရားကို ဖင်​လှန်​​ခေါင်းလှန်​ကြည့်​ပြီး ​ခေါင်းခါ​နေမိတဲ့ အငတ်​​ဘေးဆိုက်​​နေတဲ့ ပညာရှိရဲ့ အတ္တ​တွေကို တ​လေးတစား ဟားတိုက်​ပစ်​ချင်​တာပါပဲ...

ခြ​င်္သေ့ကိုစီး ဆင်​​ပြောင်​​တွေ ထည်​လဲစီးခဲ့ကြတဲ့ လက်​​တော်​​တွေက ယိုစီးကျ​နေကြတဲ့ အပြုံး​တွေမှာ ကျွန်​မက ယဇ်​...
ဒါ​ပေမယ့်​ နှလုံးသား​အေးချင်​တဲ့ လူပျက်​​ကောင်​​လေး​ တစ်​​ယောက်​ ဖြစ်​တယ်​...

ဆောင်းရာသီကိုချစ်​တယ်​..
နှင်းပွင့်​​လေး​တွေကိုလည်း ချစ်​တယ်​..
ဒါ​ပေမယ့်​ ​ဆောင်းဒဏ်​သင့်​​နေတဲ့ နှလုံးသား​တွေကို​တော့ မချစ်​ဘူးကွယ်​...

ရက်​ ရှစ်​​ထောင်​​ကျော်​ အစာသွပ်​ထားတဲ့ ​ဆောင်း​တွေ ​နွေ​တွေကို မိုး​ရေစွတ်​ပြီး လတ်​ဆတ်​​စေခဲ့တယ်​..
မကြာခဏ ​နစ်​နစ်​ကျသွားတဲ့ ​သောက​ဘေးက လွှဲလို့​လေ...

ညံ့​နေဆဲ နက္ခတ်​မှာ ပုံဆက်​တမ်းကစားပြီး ​ရေအိုးထဲက ​ရေ​တွေကိုသာ ထွက်​ဖို့ ကြိုးစားတတ်​သူတစ်​​ယောက်​ရဲ့ က​ပြောင်းကပြန်​လုပ်​ဇာတ်​​တွေဟာ အခုထိ တိမ်​ရုပ်​တု​တွေအတွက်​ကိုသာ ကြိုးကြိုးစားစား လမ်းသလား​နေမိဆဲ...

I'm ATM.
Msu 021IMG_20181106_171310.jpg

Sort:  

Congratulations @ayethatmon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 2000 upvotes. Your next target is to reach 3000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62685.52
ETH 2436.42
USDT 1.00
SBD 2.51