Book reading

in #esteem6 years ago

မိတ်ဆွေကောင်းဆိုတာ
စာအုပ်ကောင်းကို လက်ဆောင်ပေးတတ်ကြတယ် ။
.
.
မူရင်း creditပါ..။

စာအုပ်​တစ်​အုပ်​က ဘဝတစ်​ခု​တော့ မဟုတ်​ဘူး​ပေါ့။ဒါ​ပေမယ့်​ ဘဝကို အုပ်​စီးတဲ့ စိတ်​​တွေအတွက်​​တော့ အာဟာရအ​ပေးနိုင်​ဆုံးဖြစ်​သလို အ​သေ အသတ်​နိုင်​ဆုံး လက်​နက်​လည်း ဖြစ်​တယ်​။

စာ​ရေးဆရာတစ်​​ယောက်​က ​ခေတ်​တစ်​ခုကို ပိုင်​စိုးနိုင်​ရင်​ စာ​အုပ်​​ကောင်းတစ်​အုပ်​က​တော့ ​ခေတ်​အဆက်​ဆက်​နဲ့ စိတ်​များစွာကို ပိုင်​စိုးနိုင်​စွမ်းရှိပါတယ်​..။

လူအလှပြင်​ဖို့ မှန်​ကြည့်​ပါ။စိတ်​အလှပြင်​ဖို့ စာဖတ်​ပါတဲ့..။

ကိုယ်​ဖတ်​သင့်​တဲ့စာ​ပေကို ​ရွေးချယ်​နိုင်​စွမ်းရှိခြင်းကလည်း ​ကောင်းမွန်​တဲ့ အ​သိဉာဏ်​တစ်​ခုပါပဲ။အချိန်​ကုန်​ မျက်​စိ​ညောင်းသွားတာက လွှဲလို့ စာဖတ်​သူအတွက်​ ဘာဆိုဘာမှ မကျန်​လိုက်​တဲ့ စာအုပ်​မျိုး​တွေကို ဖတ်​​နေမယ့်​အစား ကိုယ့်​အတွက်​ ဖတ်​ရကျိုးနပ်​တယ်​လို့ ယူဆရတဲ့ စာအုပ်​​တွေကို ဖတ်​ရတာက ပို​ကောင်းတယ်​ မဟုတ်​လား..။

ကိုယ်​အတွက်​ ရွေးချယ်​ရခက်​​နေတတ်​တဲ့ စာ​ပေ​လောကထဲက စာအုပ်​များစွာထဲမှာ ဖတ်​သင့်​တဲ့ စာအုပ်​​လေး​တွေကို လမ်းညွှန်​တတ်​တဲ့ ဖတ်​​ကောင်းတဲ့ ဖတ်​သင့်​တဲ့ စာအုပ်​​ကောင်း​တွေကို လက်​​ဆောင်​​ပေးတတ်​တဲ့ မိတ်​​ဆွေ​တွေက ကိုယ့်​အတွက်​ စာအုပ်​ရှာချိန်​​တွေကို ​လျော့ချ​ပေးတတ်​သူ​တွေဖြစ်​လို့ အ​တော်​ပဲ ​ကျေးဇူးတင်​စရာ​ကောင်းသူ​တွေပါ။

စာအုပ်​​ကောင်းက မိတ်​​ဆွေ​ကောင်းနဲ့ တူတယ်​ဆိုရင်​ စာအုပ်​​ကောင်းကိုမှ ကိုယ်​ဖတ်​ဖြစ်​ဖို့ လက်​​ဆောင်​​ပေးတတ်​သူ​တွေကလည်း မိတ်​​ဆွေ​ကောင်း​တွေထဲက မိတ်​​ဆွေ​ကောင်း​တွေပါပဲ....။

I'm ATM.
Msu 021.
Photo crd.https://pixabay.com image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သင့်​ခ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63651.41
ETH 2679.55
USDT 1.00
SBD 2.80