အိမ်​မက်​အပဲ့အရွဲ့များ

in #esteem6 years ago

စကားလုံးများ၏ အ​လေ့ကျ​ကောင်းကင်​တွင်​ အသက်​ရှူရင်း မွှန်းကျပ်​ချင်​လာမိသည်​။

အလင်းမစို့မပို့ဖြင့်​ပင်​ အသက်​ရှူဝ​နေရ​သော ​တောင်​ပံခတ်​သံတို့ အရိုးတံကျဲကျဲဖြင့်​ ရဲရင့်​​နေရသည်​မှာလည်း ကြာပြီ။

ခွေယိုင်​လဲကျလုလု ​မြေထုကြီး၏ ကြီးစိုးရာတွင်​ ​ခြေရာအတပ်​မှာခဲ့​သော လမ်းများလည်း ခရီးပိုပြီး ရှည်​လှပြီထင်​သည်​..။

ကျွန်​မအား ပြန်​လည်​ မြှုပ်​နှံကြသည့်​ နံနက်​ခင်းများအား မုန်းသင့်​လျက်​ ချစ်​သည်​။သို့​သော်​ ကြင်​နာမြတ်​နိုးမှု ကင်းလျက်​။

ပိန်းပိတ်​ များ​မြောင်​ စိတ်​ကူးတို့ အတိမ်​အဖျင်း ညှာတံကင်းခဲ့ရသည်​မှာလည်း များလှပြီ။အပြစ်​မတင်​အပ်​​သော ​​လေညှာရင့်​သန်​ ပုံရိပ်​ဟန်​​ကြောင့်​ဟု ​ဖြေသာရင်းသာ..မျက်​ရည်​စက်​လက်​ ကျချင်​သည်​.။

အဆိုးဆုံးဟူ​သော ဖြစ်​တည်​မှုများနှင့်​သာ ကိုယ့်​သံသရာကို ချိန်​ထိုး တန်​ခိုးနည်းနည်း ထွားချင်​သည်​။မေးခွန်းရုပ်ကြွင်း အ​ဖြေသက်​ရှိ ကြမ္မာညှိသည့်​ ကြိုးမှာ ​စောင်းခတ်​ရုံသာ....။
မောင်​ပုံနှင့်​ စကား​ပြောရင်း တ​သော​သော​တောင်​ရယ်​မိ​သေးရဲ့....။

ခြေရာတပ်​​ခေါက်​ ​တောင်​ပံတို့​အောက်​တွင်​ အမြင့်​​ကြောက်​​ရောဂါသည်​၏ ဆင်​​ခြေဆင်​လက်​တို့ ပလူပျံလျက်​​တွေက ဟိတ်​နဲ့ ဟန်​နဲ့.. ။

I'm ATM.
Msu 021
image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63597.74
ETH 2476.06
USDT 1.00
SBD 2.53