Apple

in #esteem6 years ago

တရုတ် နည်းပညာ Company ကြီး Huawei နဲ့ ပူးပေါင်းပြီး ဖုန်းမိတ်ဆက်ခဲ့တဲ့ Apple Company

အမှာစာ။ ။ အဆုံးထိ ဖတ်ရှု့ပေးပါရန်။

Apple Company ကို iPhone တွေနဲ့ပတ်သက်ပြီး လူတိုင်းနီးပါး သိရှိကြမှာပါ။ Steve Jobs ရှိခဲ့စဉ်အချိန်တုန်းက Apple ဟာ နည်းပညာနယ်ပယ်မှာ သူမတူတဲ့ ဆန်းသစ်မှု့တွေနဲ့အတူ Touchscreen ဖုန်းခေတ်ကိုလည်း စတင်ခဲ့တဲ့သူဆိုရင်လည်း မမှားပါဘူး။ အဆိုပါအချိန်တုန်းက Apple Company ဟာ Mobile Phone ဈေးကွက်ထဲ သူ့ထက်အောင်မြင်နေတဲ့ Nokia, Samsung စတဲ့ Company တွေကို နောက်ကောက်ကျစေခဲ့ပြီး Security ပိုင်း လုံခြုံစိတ်ချရတဲ့ iOS ကြောင့် လူတိုင်းလိုလို အသုံးပြုချင်တဲ့ အမှတ်တံဆိပ်အဖြစ် အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် Apple ကို မွေးဖွားခဲ့သူနဲ့ အံ့မခန်းဆန်းသစ်နိုင်သူကြီး Steve Jobs အလွန် 2011 နှောင်းပိုင်းမှာတော့ Apple Company ဟာ တီထွင်ဆန်းသစ်နိုင်မှု့အပိုင်းမှာ အားနည်းလာခဲ့ပြီး တရုတ် Smartphones တွေရဲ့ ဈေးကွက်လွှမ်းမိုးမှု့အောက်ကို ရောက်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေကနေ လွတ်မြောက်ဖို့နဲ့ Apple မှာ Steve Jobs မရှိပေမယ့် ဆန်းသစ်နိုင်ပါသေးတယ် ဆိုတာကို ပြသနိုင်ဖို့ ပတ်ပတ်လည်နီးပါး ဘောင်ပျောက် Design နဲ့ iPhone X ကို September 2017 မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ Apple ရဲ့ iPhone X Design ကို တရုတ် နည်းပညာ Company တွေက အချိန်တိုတို အတွင်းမှာ ဆင်တူ လိုက်လံ ထုတ်လုပ်နိုင်ခဲ့တဲ့အပြင် ဈေးနှုန်းအရ iPhone X ရဲ့ ထက်ဝက်ဈေးနဲ့ပါ ရောင်းချပြခဲ့ပါတယ်။ ဒါကြောင့် Apple ရဲ့ Board အဖွဲ့ဝင်များက အစည်းအဝေးပြုလုပ်ခဲ့ပြီး Apple Company ရေရှည် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဆုံးဖြတ်ချက်တစ်ခုကို March လအစမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Apple ကို Huawei နဲ့ ပူးပေါင်းပြီး Huaple (ဟွာပယ်) အမည်နဲ့ ဆက်လက်ထုတ်လုပ်ဖို့ပါ။

Apple က Huawei နဲ့ ပူးပေါင်းခဲ့ပြီး တလ မပြည့်တပြည့် April 1 ရက်နေ့ (ဒီနေ့) မှာ Huapel Smartphone အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Smartphone ကတော့ i Huapel P20 ပါ။ အဆိုပါ Smartphone ဟာ ပြီးခဲ့တဲ့ March 27 တုန်းက မိတ်ဆက်ခဲ့တဲ့ Huawei P20 pro နဲ့ ဆင်တူဖြစ်ပြီး ထူးခြားသွားတာကတော့ i Huapel P20 ရဲ့ Operation System ဟာ Apple ရဲ့ iPhone တွေမှာတောင် မရရှိသေးတဲ့ iOS 12 နဲ့ Run ထားတာပါ။ i Huapel P20 ရဲ့ Design ကတော့ iPhone X အတိုင်းဖြစ်ပြီး P20 pro လို နောက်ကျောဘက်မှာ Camera 3 လုံးနဲ့ပါ။

Huawei ကတော့ သူတို့ရဲ့ Product ကို iOS နဲ့ တမူထူးခြားစွာ ထုတ်လုပ်ရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး လက်ရှိ နောက်ဆုံးထွက် Android ဖုန်းတွေထက် 5 ဆ မက သွက်လက်မြန်ဆန်ကာ Security ပိုင်းမှာ ပိုကောင်းမယ်လို့ ဆိုပါတယ်။ Apple ကတော့ ဥရောပအထိ ထိုးဖောက်လာတဲ့ Huawei နဲ့ ခုလို ပူးပေါင်းထုတ်လုပ်ရတဲ့အတွက် အရင်ကထက် ရောင်းချနိုင်မှု့ပမာဏ ပိုမိုရရှိလာနိုင်မယ်လို့ ဆိုထားပါတယ်။

ကဲ ... သိရသလောက် i Huapel P20 ရဲ့ အချက်အလတ်လေးတွေကို ကြည့်ရအောင်။

Display - 6.1 Inches
Ratio - 18.7 : 9
Type - AMOLED
Capacitive Touchscreen
Resolution - 1080 x 2244 Pixels
Chipset - Apple A12 Bionic
CPU - Hexa-core 2.39 GHz
(2x Monsoon + 4x Mistral)
GPU - Mali-G75 MP20
RAM - 6/ 8 GB
Internal Memory - 128/ 256/ 512 GB
Rear Camera - Triple Camera
40 Megapixels (f/1.8, 1/1.7", OIS)
+ 20 Megapixels (f/1.6)
+ 8 Megapixels (f/2.4)
Front Camera - 24 Megapixels (f/2.0)
USB - 3.0, Proprietary Reversible
Connector
Sensor - Face ID, Fingerprint,
Accelerometer, Gyro,
Proximity, Compass,
Barometer
Battery - Non-Removable
Li-Po 4000 mAh

အဆိုပါ i Huapel P20 ဖုန်းကို

  • Twilight
  • Black
  • Midnight Blue
  • Pink Gold ဆိုပြီး အရောင် 4 မျိုး ရရှိနိုင်ပါတယ်။

ခုလိုအဆုံးထိ ဖတ်ရှု့ပေးလို့ ကျေးဇူးပါ။ image

Sort:  

Send 0.010 SBD for resteem. 0.001 SBD for an additional upvotes. Leave a URL in the memo.

Congratulations @aungkhantko! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations @aungkhantko! You received a personal award!

Happy Steem Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Downvote challenge - Add up to 3 funny badges to your board
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59203.63
ETH 2522.75
USDT 1.00
SBD 2.51