✒✒✏✏📑📑

in #esteem8 years ago

ပထဝီ နိုင်ငံရေးအရေးပါမှု့ နဲ့
ကမ္ဘာ့ စစ်ရေး စီးပွားရေး
အရှေ့အနောက်အားပြိုင်မှု့ အချို့ ကို
ပြောမယ်ဆိုရင်
အဓိက ထားပြောရရင်
ဆက်စပ်နေတဲ့
မြန်မာ့အရေးလည်းထည့်ပြောရမယ်

အာရှမှာ မြန်မာပြည်ဟာ
ပထဝီနိုင်ငံရေးအရ Key player ဖြစ်နေတဲ့ အနေအထားမှာ ဘယ်လိုပွဲမျိုးကို ကစားမှာလဲ အရှုံခံကစားမှာလား သရေကစားမှာလား
Win & Win ဘယ်သူမှမရှုံးတဲ့
နှစ်ဦးနှစ်ဖက်လုံး အနိုင်ရနိုင်တဲ့နည်းနဲ့
နိုင်ငံရေး စစ်ရေး စီးပွားရေးကို ကစားမှာလား

ဘယ်လိုလဲ လူမျိုးရေး ဘာသာရေးနဲ့ ပါတီနိုင်ငံရေးကိုအတတ်နိုင်ဆုံး
ဘက်လိုက်မှု့ နည်းနည်းနဲ့ ပြောမယ်
ပုဂ္ဂိုလ်ရေး ပါတီရေးကို အတတ်နိုင်ဆုံး ရှောင်ပြောချင်တယ် သွေးမကွဲချင်လို့………
နိုင်ငံနဲ့လူမျိုး တိုင်းရင်းသား ( ၁၃၅ ) မျိုးအကျိုးအတွက်ဖြစ်လို့
ပုဂ္ဂိုလ်ရေး ပါတီရေး ကို
သာအထူးပြု တတ်တဲ့
သွေးကွဲမှု့တွေ မဖြစ်စေချင်ဘူး

လက်ရှိအခြေအနေမှာ
US( အမေရိကန် ) နဲ့ NK ( မြောက်ကိုရီးယား )
အတော်လေးတင်းမာနေတော့
အဖက်ဖက်က ပတ်သက်ရာ
ပက်သက်ကြောင်းတွေလဲ ပြင်ဆင်မှု့တွေလုပ်ဆောင်နေရတယ် အခုမှလုပ်တာမဟုတ်ပါဘူး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပါပြီ…………

အခုအခြေအနေမှာတော့
US က အာရှကိုကျူးကျော်ရန်စ
လာတယ်လို့ဘဲမြင်တယ် အနောက်ကနေအရှေ့အထိ စစ်လက်နက်ပစ္စည်းနဲ့အတူ
ရောက်လာတယ်ဆိုထဲက ကျူးကျော်ရန်စတာဘဲ
မရိုးသားတာတော့ အမှန်ဘဲ

1988 ခုနှစ်မှာ US က အာရှကို ကျူးကျော်ဖို့ကြိုးစားဖူးတယ်
ပစ်မှတ်နိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်တယ် ။
၎င်းအချိန်က ဘာလို့လုပ်မသွားခဲ့ရလဲဆိုရင်
လုပ်မရသေးလို့ ခါးပြတ်သွားလို့ လို့ပြောရမယ်

ကို့အထင်တော့ အီရတ်မှာ
ဆာဒမ်းဟူစိန် လက်ချက်ကြောင့် စစ်လမ်းကြောင်းခါးပြတ်သွားခဲ့ရလို့ဘဲ
နောက်တမျိုးက အိမ်နီးချင်းအာရှတိုက်သား
အချို့က US မြန်မာနိုင်ငံကိုဝင်လာမှာ လက်မခံလို့ဘဲ …………

ဘာ့ကြောင့် US က အာရှကို
အတင်းရောဇွတ်ကော ဝင်ချင်နေတာလဲ
ဆိုရင် တရုတ် ရုရှ အိန္ဒိယ စတဲ့ စစ်ရေး
စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဆက်လက် အင်အားးတောင့်တင်းကြီးမားလာမှာ မလိုလားလို့ဘဲ

ဂျပန်ကိုရော ထည့်မစဉ်းစားဘူးလာဆိုရင်စဉ်းစားတာပေါ့ ပထမတစ်ချက်က ဒုတိယကမ္ဘာစစ်ရဲ့စာချုပ်အရ ဂျပန်ဟာအသက်ရှိနေတဲ့
မြေ မြှုမ်မိုင်းတခုလို ဖြစ်နေတယ် ။
အချိန်မရွေး ပေါက်ကွဲနိုင်ဆဲပဲ ။
ဒုတိယအချက်က ဂျပန်ဟာ
လက်ရှိအချိန်အထိ US နဲ့
စစ်ရေး စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု့ကြောင့်
သတိကြီးကြီးထားရမယ်
(မှတ်ချက်။ ။ဧရာဝတီမြစ်ဆုံ
စီမံကိန်းကို ဂျပန်ဝင်လာနိုင်တယ် )

US က အရှေ့အလယ်ပိုင်းမှာလည်း
စစ်မီးမွှေးထားတယ်
အီရတ်ကိုလည်းတိုက်တယ် အာဖဂန်ကိုလည်းတိုက်တယ်ဆိုထဲက
အရှေ့အလယ်ပိုင်းနဲ့
အာရှ စစ်လမ်းကြောင်းကို စ ဖွင့်လာခဲ့တာဘဲ သူ့ရဲ့ဦးတည်ရာက အာရှကိုပဲ
အကယ်၍မြန်မာနိုင်ငံဟာ ဒီမို ကရေစီနိုင်ငံ
မဟုတ်ဘဲ အခြားစနစ်နဲ့သာဆိုလျှင်
ဒီအချိန် US ရဲ့ ရန်လို ရန်စ ပြီး
စစ်ပြင်ခံထားရတာ မြန်မာနိုင်ငံဘဲဖြစ်ရမယ်………
{ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး
နေသည့်အတွက် စစ်ရေနဲ့ဖိအား
ပေးလို့မရရင် အခြားနည်းနဲ့ဖိအား
ပေနေဦးမှာပဲ ။ အမေရိကန်ရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာပြည်မြေပေါ်မှာ စစ်စခန်းချ၍ မြန်မာ အစိုးရအဖွဲ့အပေါ် သြဇာသက်ရောက်ရေး အတွက်ပဲဖြစ်တယ် ။ မြန်မာ့မြေပေါ်မှတဆင့် တရုတ် အိန္ဒိယ နဲ့ ရုရှားကို အနီးကပ် ဖိအားပေးရန် ရည်ရွယ်ထားတယ် ။ }

ဒါကိုကြိုမြင်ထားတဲ့
မြန်မာ့ တပ်မတော်အကြီးအကဲ
အဘကြီးတွေက တိုင်းပြည်နဲ့
ပြည်သူလူထု မနစ်နာရအောင်
ကြိုတင် အကွပ်ချ စီမံခဲ့တာဘဲ ကြီးကြီးကျယ်ကျယ်ပြောရရင်
နှလုံးရည်တိုက်ပွဲအတွက်
မဟာဗျူဟာ ချမှတ် လုပ်ဆောင်ခဲ့တာဘဲ………………

ဒီနေရာမှာ ငှက်ကလေးတွေသိထားဖို့က
နင်တို့မေမေ အရမ်းတော်လို့ တတ်လို့ အကွပ်ကလေးတွေ လှလို့ ဒီမိုကရေစီ နိုင်ငံဖြစ်လာတယ်ထင်ပြီး
သိပ်ဘဝင်မြင့်မနေနဲ့ ……………
ငါတို့ထောင်ကျခံ ပြီး
( ထောင်ထဲမှာ ဒေါ်လာကိုဇိမ်နဲ့စားပြီး အိပ်လိုက်စားလိုက် )
တိုက်ပွဲဝင်ခဲ့တာမို့
ဒီမိုကရေစီ ရတယ်ထင်မနေနဲ့ ……………

မပြောဘူးလို့နေတာ နင်တို့နိုဗယ်ကြီးဟာ
စာဖက်နေတဲ့ သူကြီးဘရွှေရေးခဲ့တဲ့
ဇာတ်ညွှန်းထဲက ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့နယ်ရုပ်ကလေး
( ပွန်း )အဆင့်ထက်
မပိုဘူး ဆိုတာမှတ်ထား

ခုချိန်ထိ ကိုယ့်ကို (ပွန်း)အဆင်သာသာ အကိုင်ခံ ကစားခံနေရတာလောက်မှ မသိတဲ့ အကွပ်ရွှေ့လို့ရွှေ့နေမှန်းတောင်မသိတဲ့
မကြုံဘူးပေါင် ဂုဏ်ထူးဆောင်ကြီး…………
ဆိုတာလောက်ထက်မပိုသေးဘူး………

မြန်မာပြည်ကို ဒီမိုနာမည်တပ်ပေးပြီး
နိုဗယ်မေမေ ကြီးကို နေရာပေး
အုပ်ချုပ်ခိုင်းလိုက်တော့ US ကြီးလည်း
မဖြစ်မနေ စစ်ရေးလက်ရှောင်သွားရတယ် ………

2008 စာအုပ်စိမ်းကြောင့်
မြန်မာပြည်ကိုလည်း စစ်စခန်း ချခွင့်မရ
တရုတ်နဲ့ အိန္ဒိယကိုလည်းဆောင့်ကြည့်
ဖိအားမပေးနိုင် နဲ့ ဖြစ်ကရော ……………

ဒီကြားထဲ မြန်မာ့မျိုးချစ်တစ်စုဟာ
တရုတ် ရုရှား အိန္ဒိယ မြောက်ကိုရီးယား
အစရှိတဲ့ နိုင်ငံတွေနဲ့
စစ်ရေး နိုင်ငံရေး သံတမန် ဆက်ဆံရေး အားကောင်းခဲ့တော့ US ရဲ့
သွေးခွဲသပ်လျှို လွှတ်ထားတဲ့
နိုဗယ်မေမေကြီး လုပ်ကွပ်ပျောက်သွားတာပေါ့……………

တရုတ် ရုရှ နဲ့ အခြားနိုင်ငံအချို့က
မွေးထားတဲ့ မြောက်ကိုရီးယား(NK )ကို ဝင်ချင်တာတဲ့ ( ရယ်ရတယ်… ဟာသပဲ )
ပထဝီနိုင်ငံရေးအရ အတော်အရေးပါတဲ့ မြန်မာပြည်လိုနေရာကို US က စစ်ရေးအရအသုံးချမရသ၍တော့ မြောက်ကိုရီးယားကို ဝင်ရနိုင်မဲ့ လမ်းမမြင်ဘူး…………

ယိုးဒယား ရှိနေတာဘဲ မြန်မာက အရေးကြီးလိုသေးလို့လားလို့ ပြောစရာရှိလာတယ် ယိုးဒယားက
စစ်မှာ` ဇ ´မရှိဘူး…………
အာရှလမ်းမကြီးမှာ မြန်မာက မိန်းလမ်းမနှစ်ခုရဲ့ ဒေါင့် ကွက်ပဲ ။ ယိုးဒယားက တစ်ကွက်ငုတ် နေရာမှာပဲရှိတယ် ။

နောက်တစ်မျိုးက တနင်္သာရီတိုင်း
ထာဝယ်ရေနက်ဆိပ်ကမ်းကို
လေ့လာကြည့်ရင် ယိုးဒယားက လိုင်စင်ပွဲစားအဆင်ပဲ ရှိတယ် ။
ဂျပန်နဲ့ ပူးပေါင်းပြီး မြန်မာရေ့ပိုင်နက် ပင်လယ်ပြင်ထွက်ပေါက်ကို ပိတ်ဆို့ အသုံးချဖို့ရာမှာ ဘယ်လောက်
အရေးပါလဲဆိုတာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်
ယိုးဒယားက ပထဝီနိုင်ငံရေးမှာ အိမ်ဖြည့်သာသာဘဲရှိတာ
မြေပုံကြည့်တာနဲ့ သဘောပေါက်နိုင်ပါတယ် ……………

မလေးရှား နဲ့ ယိုးဒယား မှာ
မွတ်စလင်တွေ အခြေပြုနိုင်အောင်
ပံ့ပိုးပေးထားတာ နေရာ ချထားတာကြည့်ရင်
အာရှကို ဒုတိယ စစ်သွေးကြွ တွေ အခြေချခိုင်းထားတာတွေ့ရမယ် ။

ကမ္ဘာမှာ ပထမတန်းစား
စစ်သွေးကြွလူမျိုးက US
( အမေရိကန် ) ပဲ ……………
US က အရှေ့အလယ်ပိုင်းစစ်သွေးကြွတွေကို ဘာသာရေးမှိုင်းတိုက်ပြီး စစ်နယ်ရုပ်အဖြစ် အသုံးချလာတာ တွေ့ရမယ်……………

ဘင်္ဂလားဒေ့ရှ်ဟာ ပထဝီနိုင်ငံရေးအရ
အရေးမပါပေမဲ့ US ရဲ့ အာရှစစ်စဉ်ရေးမှာ စစ်သားစုဆောင်းရေးအတွက် လိုအပ်တယ် ။
မြန်မာ တရုတ်နဲ့ အိန္ဒိယကို စစ်ရေးဖိအားပေးရန် ဘင်္ဂလားဒေရှ်ကို အမေရိကန်က စစ်ပေါ်တာအဖြစ်လောက်သာ အသုံးချနေတာဖြစ်တယ် ။
မလေးရှားကို စစ်ပေါ်တာအဆင့်လောက်အသုံးချပြီး ဂျပန်တောင်ကိုရီးယားတို့နဲ့ ပူးပေါင်း၍ ရုရှား မြောက်ကိုရီးယားကို စစ်ရေးဖိအားပေးဖို့ရည်ရွယ်ထားတယ် ။
၎င်း အခင်းအကျင်းမှာ အရာရာဟာ အချိန်မရွေး ပြောင်းလဲလာနိုင်ပါတယ် ။
( US စစ်နိုင်ရမယ်လို့မပြောဘူးနော်)

US က NK ကို စစ်ကြေငြာရင်လည်း
သီတင်းကျွတ်မှာ ဗျောက်မဖောက်ရ
အမိန့် ကြေငြာသလိုပါဘဲ…………ဟာ့ဟာ့

။ ။ ။ ။ ။

1990 ရွေးကေါက်ပွဲမှာအနိုင်ရပြီး
အစိုးရမဖွဲ့နိုင်ခြင်း အာဏာ
လက်ခံရယူနိုင်မှု့ မရှိခြင်းနဲ့
2015 မှာ အစိုးရဖွဲ့ပြီး
အာဏာလက်ခံရယူခြင်းမှာ
အခြေခံအားဖြင့် ကွာခြားမှု့ နှစ်ခု ရှိတယ်

နံပါတ်တစ်
1990 ဟာပညာတတ် မျိုးချစ် လက်ရုံးရည် နှလုံးရည်ပြည်မှီသူအချို့ လွှတ်တော်
ကိုယ်စားလှယ် အမတ်ဖြစ်နေပေမဲ့
လက်ရှိ နိုဗယ်မေမေ က ၎င်း အချိန်မှာ ငမျောက်ငခြောက်ဖြစ်နေခြင်း
အစိုးရဖွဲ့မယ်ဆိုရင်လဲ
စိုးမိုးခြယ်လှယ်နိုင်လောက်တဲ့
ဘွဲ့ထူး ဂုဏ်ထူး နဲ့ သြဇာတိတ္ကမ မရှိခြင်း
၎င်းထက် အရည်အသွေး သာသူများ
အနိုင်ရအဖွဲ့ထဲမှာ သက်ရှိထင်ရှား ရှိနေခြင်း အစိုးရဖွဲ့ဖြစ်လျှင်လဲ အဖွဲ့ထဲမှာ
အာဏာခွဲဝေမှု့မှ ပြသနာဖြစ်လာနိုင်ခြင်း စတဲ့ အချက်တွေရှိနေတယ် …………

နံပါတ်နှစ်

လက်ရှိလွှတ်တော်ကိုယ်စားလှယ်
အရည်အသွေးသည်
1990 လွှတ်တော်ကိုယ်စားလှယ်
အရည်အသွေး ထက် များစွာ ကွာဟနေခြင်း အဓိကနားလည်လွယ်အောင်ပြောရရင်
ပညာနည်း မျိုးချစ်စိတ်နည်း အရည်အသွေး နိမ့်ကျသူမှသာလျှင် စေလိုရာစေ ခိုင်းလိုရာခိုင်းနိုင်မည်မဟုတ်ပါလား

အနောက်တခါးကို
လွယ်လွယ်ဖွင့်နိုင်မည်မဟုတ်လား
သူခိုးကို ဓါးရိုးကမ်းနိုင်မည် မဟုတ်ပါလား…
2008 စာအုပ်စိမ်းကြီးကို ဘုမသိ ဘမသိ ပြင်မယ်ပြင်မယ် လုပ်မှာမဟုတ်လား …………

US ရဲ့ အစေခံ နိုဗယ်အုပ်စုဟာ ပြည်တွင်းသွေးခွဲမှု့တွေလုပ်မယ်
တပ်မတော်ကို အာဏာ မသိမ်း
သိမ်းအောင်အမျိုးမျိုး ရန်စမယ် ။
အာဏာသိမ်းခဲ့ရင် အာဏာသိမ်းစစ်အစိုးရပါလို့လက်ညှိုးထိုးပြီး
US ကို ပြည်တွင်းဆွဲသွင်းလာမယ်
ဆိုတာ နိုဗယ်ကြီးရဲ့ ကလိမ်ကကျစ် အကွပ်တွေပါ……………

ကိုယ်တွေ အမြင်မှာ
2008 စာအုပ်စိမ်းကြီးက ပြင်တော့ ပြင်ရမယ်
ဒါပေသိ အစောတလျှင် ပြင်ဖို့ ထိတော့ မလိုသေးဘူး…………

လက်ရှိအချိန်မှာ 2008 စာအုပ်စိမ်းကြီးကိုပြင်ချင်တာကလဲ
US ကိုပြည်တွင်းခေါ်သွင်းရေး
အတွက်သာဖြစ်နိုင်ပါတယ် ။

နိုဗယ်ကြီးနဲ့ အပေါင်းအပါ အချို့ကို
ဘကြီးရွှေနဲ့ လူတစုက အာရှယဉ်ကျေးမှု့နဲ့ နိုင်ငံရေးသိပ္ပံကို ဆယ်စုနှစ်နဲ့ချီပြီး
သင်ပေးခဲ့ပါသေးတယ် …………
အတ္တဖုံးလွှမ်းပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာသဒ္ဒါခေါင်းပါးခဲ့ရင်တော့ သူ့သမိုင်းဆိုးသူရေးပေါ့……………………

မြန်မာ့တပ်မတော်ရဲ့ အချို့
တစိတ်တဒေသကို ကုန်းတွင်းပိုင်း စစ်ဆင်ရေးတွေ နဲ့ တိုင်းရင်းသား ညီအကိုမောင်နှမခြင်းရန်တိုက်ပေးပြီ
အလုပ်ရှုတ်စေတာ အနောက်တခါးမှာ
တဖက် လူမျိုးခြားနဲ့
လှည့်ပတ်ရန်တိုက်ပေးတာဟာ ………
US မြန်မာပြည်ဝင်လာလျှင် လမ်းကြောင်းရှင်းပေးထားသလို
လုပ်နေတာပါ ……

နိုဗယ်ကြီးက အနိမ့်ဆုံးအဆင့်အနေနဲ့တော့ အနောက်တခါးမှာ US ဝင်လာနိုင်အောင် အစွမ်းကုန်ကြိုးစားနေတယ် လို့ပဲမြင်တယ် ။

လက်ရှိအခြေအနေမှာ US ရဲ့
အသုံးချဖို့ သပ်လျှိုထားတဲ့
နယ်ရုပ်ဖြစ်တဲ့နိုဗယ်ကြီးကို
မြန်မာ့တပ်မတော်ဘတ်က
နှလုံးရည်တိုက်ပွဲမှာ
နယ်ရုပ်အဖြစ် ပြန်ကိုင်ပြီး
ကစားပြလိုက်နိုင်တာဟာ
ကမ္ဘာမှာ မြန်မာလူမျိုးတွေ
မခေဘူး မညံ့ဘူးဆိုတာ
ပြလိုက်ခြင်ဖြစ်ပါတယ် ။

ရန်သူအင်အားမည်မျှပင်သာလွန်နေပါစေ ရန်သူ၏စစ်လက်နက် ပစ္စည် စစ်ရည်စစ်သွေး မည်မျှပင်သာလွန်နေပါစေ ထိုအချက်ကိုမိမိ အင်အားအဖြစ် ပြောင်းနိုင်ပါက အနိုင်မဟုတ်လျှင်သော်မှမရှုံးနိမ့်နိုင်ပါ ……………

စစ်တို့မည်သည်
စစ်လက်နက်ပစ္စည်းကောင်းမွန်
သာလွန်ခြင်းသည် အဓိကမဟုတ်
အရေအတွက် သာလွန်သောရန်သူ အား အရည်အချင်းပြည့်စုံသော
နှလုံးရည် ပြည့်စုံခြင်း စည်းလုံးညီညွတ်ခြင်း ဖြင့်သာ ခုခံရာ၏ အနိုင်ယူရာ၏ ……………

         ကိုယ့်​အရမ်း​ပျော်​တဲ့အချိန်​​ပြောလို့ရတဲ့စကား​ပြောပုံစံ​လေးများ

1.I'm on top of the world.
2.I'm on cloud nine.
3.I'm over the moon.
4.I'm in seventh heaven.
5.I'm thrilled to bits.
6.It's really made my day.
Eg-It's great to hear from you.It's really made my day.
image

@alay1

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by alay1 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 61758.62
ETH 1632.18
USDT 1.00
SBD 0.40