ကျွန်မ၏အမှား

အမှားနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူး။လူတိုင်းလည်းမှားဖူးပါတယ်။တစ်ချို့တွေကလည်း မှားနေကြတုန်းပါပဲ။တစ်ချို့ကတော့ မှားဖို့ပြင်နေတုန်းပါပဲ။

ကျွန်မကလည်း မှားနေဆဲလူတစ်ယောက်ပါပဲ။ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းက ပြောဖူးတယ်။"သူကအမှားတစ်ခုကို တစ်ခါပဲမကျူးလွန်ဘူး။နှစ်ကြိမ် သုံးကြိမ်လောက်ကျူးလွန်တယ် ။ဒါမှ အမှားကိုမှတ်မိအောင်"တဲ့။

ကျွန်မကတော့ အမှားကိုထပ်ခါထပ်ခါကျူးလွန်နေပေမယ့် ကိုယ်တိုင်မှားမှန်းမသိတော့ ပြုလုပ်ခဲ့မိတဲ့ အမှားတွေကိုလည်း မမှတ်မိနိုင်ပါဘူး။နောက်တစ်ကြိမ်ကျူးလွန်မိပြီးမှ ငါဒါမျိုး လုပ်ဖူးသလိုပဲဆိုပြီး သတိရတတ်ပါတယ်။
ဒါပေမယ့်လည်း ပြင်ဆင်ဖို့မသိခဲ့ပါဘူး။ဘာလို့ဆိုမှားတယ်လို့မှ မခံယူခဲ့မိတာလေ။

ကျွန်မလုပ်ခဲ့တာတွေ အထူးသဖြင့် မှားခဲ့မိတဲ့အမှားတွေထဲမှာတော့ အခုချိန်ပြင်ဆင်နေတာကတော့ "နားလည်မှုပေးခြင်း"ပါ။
ဟုတ်ပါတယ်။ကျွန်မလူတိုင်းကို လွယ်လွယ်နားလည်မှုပေးခဲ့ပါတယ်။ကျွန်မအပေါ် အမှားလုပ်မိသူတိုင်းကို လွယ်လွယ်နားလည်မှုပေးခဲ့ပါတယ်။ဒါပေမယ့် အခုလိုနားလည်မှုပေးတာက ကျွန်မရင့်ကျက်နေသူတစ်ယောက် ဖြစ်နေလို့ မဟုတ်ပါဘူး။စာအုပ်တွေဖတ်ပြီး ကိုယ့်ကိုယ်ကို စိတ်သဘောထားကြီးသလို ဟန်ဆောင်ပြီးလူတိုင်းကို နားလည်ပါတယ် နားလည်ပါတယ်ဆိုပြီး အတင်းခေါင်းငြိမ့်ခဲ့ပါတယ်။

ကျွန်မဘယ်လောက်ထိ နားလည်မှုတွေကို ဖောဖောသီသီပေးခဲ့သလိုဆိုရင် ဥပမာ ကျွန်မသူငယ်ချင်းတစ်ယောက်နဲ့ အပြင်သွားတယ်ပေါ့နော်။ကိစ္စပြီးလို့ ကျွန်မကအိမ်အမြန်ပြန်ချင်ပေမယ့် သူငယ်ချင်းကshopping centreတစ်ခုမှာ လိုလိုမယ်မယ်ဝယ်စရာ မရှိဘဲလျှောက်ပတ်နေတာမျိုးပေါ့။အဲ့အချိန်မှာလျှောက်ပတ်နေတဲ့ ကျွန်မသူငယ်ချင်းက အားနာလိုက်တာဟယ် ငါလိုချင်တဲ့ ပစ္စည်းလေးမတွေ့လို့ဆိုပြီး ပြန်ပြောတဲ့အခါမျိုးမှာ ကျွန်မကကိုယ်အဆင်မပြေတာကို မပြောဘဲပါးစပ်နားရွက်ချိတ်အောင် ရီပြပြီး ငါနားလည်ပါတယ်ဆိုပြီး အတင်းနားလည်ပေးမိတာမျိုးပေါ့။

အခုလိုဖြစ်ရပ်မျိုးမှာ နားလည်မှုကမပေးလည်းရပါတယ်။ဒါပေမယ့်ကျွန်မက အတင်းကိုရင့်ကျက်ချင်ယောင်ဆောင်ပြီး နားလည်ပေးနေတော့တာပါပဲ။ကျွန်မအလားတူဖြစ်ရပ်မျိုး ၁၀ခုမက များပြားစွာဖြစ်ဖူးပါတယ်။ဒါပေမယ့် ကျွန်မမှားနေမှန်းမသိခဲ့ပါဘူး။အခုတော့ ကျွန်မမထင်မှတ်ဘဲ သိရှိခဲ့ရတယ်။အဲ့ဒါကတော့ ကျွန်မကသူများကိုနားလည်မှု အတင်းပေးပြီး ကိုယ့်ကိုယ်ကိုနားမလည်နိုင်မှုပါပဲ။ကျွန်မအခုချိန် ကျွန်မကိုယ်ကို နားမလည်ခဲ့ပါဘူး။သူများတွေအပေါ် အာရုံစိုက်လွန်းတဲ့ကျွန်မဟာ အခုဆိုရင် ဘာလိုချင်ဘာဖြစ်ချင်မှန်းမသိအောင်ကို ကိုယ့်ကိုယ်ကိုနားမလည်တော့ပါဘူး။

တစ်ခါတရံဆိုရင် ကျွန်မစိတ်တွေကိုတောင် နားမလည်နိုင်တဲ့အထိ ကျွန်မဖြစ်ခဲ့ပါတယ်။ကျွန်မဟာပျောက်ဆုံးနေတဲ့သူ တစ်ယောက်လို့ကိုယ့်ကိုယ်ကိုခံစားမိလာပါတယ်။ကျွန်မအကြောက်ဆုံးက ကျွန်မကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်တော့မှာပါ။ကျွန်မအမှားကို ကျွန်မသိလာပါပြီ။ဒါကြောင့် အခုချိန်ကစပြီး ကျွန်မနဲ့ကျွန်မ အချင်းချင်းနားလည်မှုယူနိုင်အောင် ကြိုးစားနေပါပြီ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50