တုပ်ကွေး (@aggamun)
ခုတစ်လော ရာသီ တုပ်ကွေးတွေ အဖြစ်များနေ ကြပါတယ်။ အထူးသဖြင့် ကလေး တွေလို့ ဆိုနိုင်ပေမယ့် ခုလို ဖောက်ပြန်လာတဲ့ ရာသီဥတု အနေအထားမှာ လူကြီးတွေ လည်း စိတ်ချ ထားလို့ မရပါဘူး။ ကျန်းမာရေး အထိအခိုက် မရှိအောင် သတိထား စောင့်ရှောက် ပေးဖို့ လိုအပ်ပါတယ်။
အိမ်မှာ တော့ အငယ်ဆုံး နှစ်ကောင် စ ဖြစ်နေပါပြီ။ ဒေါင်းဒေါင်း ပြေး ဆော့ ကစားတတ်တဲ့ ကောင်တွေ မို့ မကစား ဖြစ်တော့ ရင် အိမ်က ငြိမ်သက်နေတော့ သိသာ လှပါတယ်။ အဲဒီလို ကစား တော့ အခုလို အချိန်မှာ ဖျားပေမယ့် ခဏ ပါပဲ။ ဆေးခန်းပြ ဂြိုဟ်တု ထည့် ကုသ ပေးလိုက်တာ အခုဆို အရင်လို ပြန်လည် သောင်းကျန်းဖို့ တာဆူ နေပါပြီ။
ဒါပေမယ့် ရာသီ တုပ်ကွေးက သိတဲ့ အတိုင်း အိမ်ရှိ လူကုန် ကူးစက်ပြီးမှ ပျောက်ကင်း တတ်တာ မလားဗျာ။ ဒါကြောင့် ဖြစ်ော့မယ် လူကြီး နှစ်ယောက်ကို အသာ စောင့်ကြည့်ရင်း တခြားသူ များလည်း ကြိုတင် ဆေးသောက်ထားကြ ဖို့ သတိပေး ထားရပါပြီ။ ကိုယ်ကိုယ်တိုင်လည်း ကာကွယ်မှု အနေနဲ့ ဆေး သောက် နေရပါပြီ။
မိတ်ဆွေ တို့ရော ကျန်းမာ ကြရဲ့လားဗျ။ ဝါ ဝင်ပြီ ဆိုတော့ မိုးက ပါလာပြီ မဟုတ်လား။ ကိုက်တတ် ခဲတတ် သူများ အတွက် ဒုက္ခ ရောက်ကြရတဲ့ အခါပဲလေ။ အဲဒီ အတွက် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ထားကြပြီလား လို့ သတင်းမေးရင်း ကျန်းမာ ကြပါစေလို့ ဆုတောင်း ပေးပါတယ် ဗျ။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
တုတ်ရင်ကွေးရော
Posted using Partiko Android
ဟုတ် 😊
Posted using Partiko Android
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!