THE AUTHORS SHOWCASE OF C-SQUARED (Myanmar Language Showcase May 14th, 2019)
မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ @c-squared နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့ @c-squared က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လက်ရွေးစင် စာမူများ
Author: @ansoe
ခွဲခြားသိခြင်း
ဒီပိုစ့်မှာကတော့ စာရေးသူဟာ ခေတ် လူငယ်များ အပေါ် အားမလို အားမရ ဖြစ်နေတဲ့ အချက်များကို အကျိုးသင့် အကြောင်းသင့် ထောက်ပြ ဝေဖန် ထားပါတယ်။ လူငယ်တွေ အနေနဲ့ ခေတ်ရေစီးကြောင်းမှာ လိုက်ပါစီးမျော ရင်း ရည်ရွယ်ပန်းတိုင်တွေ ပျက်စီး ဆုံးရှုံးမှု မဖြစ်အောင် ဘယ်လို ထိန်းသိမ်း ရမယ် ဆိုတဲ့ အချက်ကို အဓိက ထား ဆွေးနွေး ဖော်ပြထားပါတယ်။ အဲဒါကတော့ အဓိကနဲ့ သာမညကို မရောထွေးစေဘဲ ရှင်းရှင်း လင်းလင်း သိမြင် ဆောင်ရွက် တတ်ဖို့ပါပဲ။
အဓိက နဲ့ သာမည ဆိုတာက နေရာတိုင်းမှာ ရှိပါတယ်။ အဓိကကို ဦးစားပေးရမှာဖြစ်သလို သာမညကိုတော့ ပစ်သင့်ပစ် ဖယ်သင့်ဖယ်ထားရမှာပဲဖြစ်ပါတယ်။ အဓိက နဲ့ သာမညကို ကွဲပြားအောင် ကြည့်ရှုနိုင်သူတွေဟာ အောင်မြင်ကြတယ်လို့ ထင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့အသက်မွေးကြောင်းလုပ်ငန်း ဟာအဓိကကျပြီးတော့ ကျန်တဲ့ အပျင်းပြေလုပ်တဲ့အလုပ်၊ ၀ါသနာပါတဲ့ အလုပ် စတဲ့အရာကတော့ သာမညတွေသာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်က ဆေးကုတာ မကျွမ်းကျင်တဲ့အပြင် ဆေးကို အတုလား အစစ်လားတောင်မခွဲခြားနိုင်ခဲ့ရင်၊ အင်ဂျင်နီယာဆိုသူက အဆောက်အအုံတစ်ခုအတွက် ကုန်ကျစရိတ်ကို မတွက်ချက်တတ်ခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အဓိကကို ပစ်ပယ်ထားခြင်းပဲဖြစ်တယ်လို့ထင်ပါတယ်။
Author: @ayethatmon
Book review
ဒါကတော့ စာအုပ် အညွှန်း သက်သက်ပါ။ အာဗင်းရဲ့ ဘဝရမ္မက် ကို ဘာသာပြန်ထားတဲ့ မောင်ထွန်းသူရဲ့ ရမ္မက်မီး ဝတ္ထုကို စာညွှန်း ရေးသားထားတာ ဖြစ်ပါတယ်။ ပင်ကိုယ် စာရေးကောင်းတဲ့ ကဗျာဆရာမလေး ပီပီ စကားလုံး အားကောင်းကောင်းနဲ့ ညွှန်းဆိုထားတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူမ စိတ်ထဲ ခံစားရသမျှ ပုံဖော် ရေးသား ချက်တွေက ပီပီပြင်ပြင် ရှိပါတယ်။ စာ အညွှန်းနဲ့တင် သူမ ဘယ်သူဆိုတာ သိနိုင်ပါတယ်။
ဘဝတစ်ခုက ဝတ္ထုတစ်ပုဒ်လို ခင်းကျင်းပြသဖို့ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။
ဒါပေမယ့် ဗင်းဆင့်ဗင်ဂိုးဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ဘဝ သူ့အယူအဆ သူ့ခံယူချက်တွေနဲ့ သူလုပ်ချင်ရာတွေကို လုပ်ပြီး လောကကြီးထဲ သူ့ကိုယ်သူ စိုက်ပျိုးပစ်ခဲ့တယ်သူပါ။
သူ့ရဲ့အသက်ရှင်သန်မှု ၃၇ နှစ်ဆိုတဲ့ အချိန်ကာလအတောအတွင်းမှာ ပန်းချီကားပေါင်း မြောက်များစွာနဲ့ သီးပွင့် စေခဲ့သူပါ။
သူ့ပန်းချီကားတွေက သူကိုယ်တိုင်မစားသုံးခဲ့တဲ့ သစ်ပင်ကြီးလိုမျိုး ထာဝရ သီးပွင့်နေစေမယ့် ပန်းချီကားများစွာကို ချန်ထားရစ်ခဲ့သူပါ...။
သူက ပန်းချီကားတွေဆွဲဖို့ထက် အရောင်တွေထဲမှာ ထာဝရရှင်သန်နေမယ့် ပုံရိပ်တွေကို ဖမ်းဆုပ်ထည့်ထားတတ်သူ တစ်ဦးပါ။
Author: @suhlaing
ဘဝရဲ့ အနှစ်သာရ
လူတိုင်းဟာ ဘဝ ကံ မကောင်း တတ်ကြပါဘူး။ အနည်းငယ်သာ ကံကောင်းပြီး ပြည့်ပြည့် စုံစုံ နဲ့ ဘဝကို ဖြတ်သန်း နိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြတ်သန်း နိုင်လည်းပဲ ဘဝ ဟာ ပျော်ရွှင် ကျေနပ်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မမယ်။ တကယ်တော့ ဘဝကို အဓိပ္ပာယ် ရှိရှိ အနှစ်သာရ ရှိရှိ ဖြတ်သန်းနိုင်မှသာ ပျော်ရွှင် ကျေနပ်မှုကို ခံစားရနိုင်မှာပါ။ ဒီအကြောင်းကို စာရေးသူက အဖွဲ့ အနွဲ့တွေ သုံးမနေတော့ဘဲ အရှိကို အရှိအတိုင်း ဖော်ပြပေးထားပါတယ်။ လွတ်လပ်စွာ စိတ်ကူး ခံစား ကြည့်နိုင်ပါတယ်။
အဘိုးသည် ဈေးမှ ပြန်လာပြီး ဟင်းချက်စရာများကို အဘွားထံပေးအပ်ကာ လယ်တောထဲသို့ တစ်ဖန်ပြန်၍ ဆင်းလေသည်။ အဘိုးသည် စပါးတစ်ဧကခန့်ကိုလည်း စိုက်ပျိုးထားလေသည်။ ထို့အပြင် ရာသီအလိုက်သီးနှံများကိုလည်း စိုက်ပျိုးထားသည်။ ခရမ်းသီး ဗူးသီး ပဲသီး ငရုတ်သီး ကြက်ဟင်းခါးသီး ဖရုံသီး သခွါးသီးများသည် စားမနိုင်သည့်အပြင် ခူးယူရောင်းချခြင်းဖြင့် နေ့စဉ် ဈေးဖိုးရလေသည်။ အဘွားသည် ချက်ပြုတ်ပြီးသည်နှင့် အဘိုးကို လိုက်လံခေါ်ဆောင်ပြီး အတူတစ်ကွ နေ့လယ်စာ စားကျလေသည်။ ထို့နောက် ခေတ္တအနားယူ မှေးစက်ကျပြီး ညနေချိန်တွင် အဘိုးသည် စိုက်ခင်းတွင်း ဆောင်ရွက်စရာ ရှိသည်ကို ဆောင်ရွက်ပြီး အဘွားသည်လည်း ညနေစာအတွက် ပြင်ဆင်ချက်ပြုတ်လေသည်။ ညနေဆည်းဆာ ချိန်လေးသည်ကား အဘိုးနှင့်အဘွားအတွက် စိတ်အပန်းပြေစေလေသည်။ စမ်းချောင်းလေးတွင် စိမ့်စမ်းရေကြည်လေးကို အတူတူချိုးကျရင်း တစ်နေ့တာအတွက် အပန်းဖြေကျလေသည်။ ညစာကို အတူတူလက်ဆုံစားသောက်ပြီးနောက် စမ်းချောင်း၏ ဂီတသံစဉ်နှင့် လရောင်၏ အေးမြမှုတို့ ပေါင်းစပ်ကာ အိပ်စက်ခြင်းသို့ ရောက်ကျလေသတည်း။
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင် @c-squared ကို witness အနေနဲ့ vote ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလင့်ခ်ကိုနှိပ်ပြီး vote ပေးလို့ရပါတယ်။
ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။
All rewards from this post will directly go to C2 Myanmar Curation team.
This post was shared in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here