Tomorrow

in #community5 years ago

မနက်ဖြန်မှာ ပိုကောင်းလာမယ်လို့ ယုံကြည်ခဲ့ရင်......

ဘဝတစ်ခုကို တည်ဆောက်တဲ့နေရာမှာ မနက်ဖြန်များစွာနဲ့ တည်ဆောက်ခဲ့ကြပါတယ်။ မနက်ဖြန်တွေမှာ ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုထဲနဲ့ပါ။ မနက်ဖြန်တွေဟာ သူ့အတွက် အဓိပ္ပာယ်မရှိတော့ဘူးလို့ ယုံကြည်တဲ့ သူတွေကတော့ ဘဝကို စောစောစီးစီး အရှုံးပေးသွားတတ်ကြပါတယ်။


Image Source

အခိျု့အရာတွေက လူအခိျု့က တွန်းအားဖြစ်စေပါတယ်။ ဥပမာ မင်းကတော် ဝတ္ထုထဲမှာ ဆိုရင် ငါ့သမီးရဲ့ ဇာတာက မင်းကတော်ဖြစ်မယ့်ဇာတာဆိုပြီး သမီးကို အကြော်ရောင်းပြီးတော့ ကျောင်းထားပေးခဲ့တယ်။ သမီး ဖြစ်သူက နောက်ပိုင်းမှာ ကျေးဇူးကန်းခဲ့တာကတော့ သူ့ကံပေါ့လေ။ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဘဝကို ရှေ့ဆက်ဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်။


Image Source

လူတွေက နောက်တစ်နေ့မနက်မှာ အိပ်ရာကထဖို့ alarm ပေးထားတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ နောက်နေ့အထိအသက်ရှင်ပါ့မလားဆိုတာ မသေချာပါဘူး။ လူတွေက အသက်အာမခံထားလေ့မရှိပါဘူး။ (မြန်မာနိုင်ငံကလူတွေ) ဒါပေမဲ့ သူတို့အသက်တွေ မသေဖို့ အာမခံချက်မရှိပါဘူး။ အခုဆို သတင်းတွေကြားနေရတယ်။ မကြာခဏသေနေကြတယ်။ မနက်ဖြန် အထိ အသက်ရှိနေပါ့မလားဆိုတာ မသေချာပေမဲ့ လူတွေရဲ့ စိတ်ထဲမှာတော့ မနက်ဖြန်မှာ ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

ကျွန်တော့်အနေနဲ့ မနက်ဖြန်မှာ ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်တဲ့ အရာတွေထဲမှာ Steemit လဲပါပါတယ်။ နောက်ပြီးတော့ ချက်ချင်မဟုတ်ပေမဲ့ မြန်မာနိုင်ငံကြီး ကမ္ဘာပေါ်မှာ တင့်တင့်တယ်တယ်နဲ့ လူလိုသူလို နေနိုင်မယ့် အချိန်ကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုလောလောဆယ်မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာပေါ့။ သူခိုးတွေ မရှိတော့တဲ့ အချိန်…..

စာဖတ်သူ မိတ်ဆွေရဲ့ မနက်ဖြန်ကရော ဘယ်လိုများလဲ။ ဘာတွေ ပိုကောင်းလာဖို့ ယုံကြည်ပါသလဲ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=87
Sort:  

မနက်​ဖြန်​ဆို တာ ကိုယ့်​အတွက်​​မျှော်​လင့်​ချက်​​တွေ အ​ရောင်​​တောက်​တဲ့ ​နေ့​တွေ ☺

Posted using Partiko Android

မျှော်လင့်ချက် နဲ့ပဲ အသက်ရှင်နေရတာပါ။

Posted using Partiko Android

Live with hope.

အလုပ်သဘော အရ comment လာပေးတာပါ ဘဒို။ comment လေး အဆင်ပြေတယ်မလား။

Congratulation ! @nayhlaingsoe have featured @mmunited 's awesome post in my bounty post . If you interest in, you can visit me.

ဂုဏ်ယူပါတယ် ခင်ဗျ။ @mmunited ၏ ထူးခြား ပြောင်မြောက်သော ဒီပိုစ့်ကို @nayhlaingsoe မှ ကျွန်တော့ ပိုစ့် အောက်တွင် လာရောက် ညွှန်းဆို ပေးသွားပါသည်။ စိတ်ဝင်စားရင် ကျွန်တော့ ပိုစ့်ကို လာလည်ဖို့ ဖိတ်ခေါ်ပါသည်။

My bounty post link : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-16-aggamun

အင်းပြေပါတယ် ဘရို

thx u !

Posted using Partiko Android

Tomorrow လည်း စားမှာ ဘဲ

Tomorrow is also a good day to eat.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Wow...such a lovely shot.

Thanks for stopping by.

Coin Marketplace

STEEM 0.21
TRX 0.12
JST 0.028
BTC 66369.39
ETH 3585.92
USDT 1.00
SBD 2.59