အရှေ့သို့ ခြေတစ်လှမ်း

in #community6 years ago

https://steemit.com/myanmar/@c-cubed/the-authors-showcase-of-c-squared-myanmar-language-showcase-march-16-2019

ကျွန်တော်တို့ အဖွဲ့အနေနဲ့ အရှေ့သို ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့ပါပြီ။ ဘယ်လိုမျိုးလှမ်းနိုင်ခဲ့တာလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေများ ရရှိမှာလဲ။

ပထမဆုံး ပြောချင်တာက အပေါ်မှာ ပေးထားတဲ့လင့်ခ်ကိုသွားပြီး အပ်ဗုတ်ပေးကြဖို့ပါ။ ဒါကတော့ ကျွန်တော်တို့အဖွဲ့က တင်လိုက်တဲ့ ပိုစ့်ဖြစ်ပါတယ်။ ကျွန်တော်ရယ်၊ @aggamun, @nayhlaingsoe နဲ့ @lwanwai တို့ဖြစ်ပါတယ်။ အဲဒီက ရတဲ့ ဝင်ငွေအကုန်လုံးက ကျွန်တော်တို့ဆီကို ပေးမှာ ဖြစ်ပါတယ်။ ရလာတဲ့ Steem တွေကို စာရေးတဲ့သူတွေနဲ့ ရွေးချယ်ပေးသူတွေ ကြားထဲမှာ ခွဲဝေပေးမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီပိုစ့်ကနေ 6 Steem ရခဲ့မယ်ဆိုရင် @aggamun, @nayhlaingsoe နဲ့ @lwanwai တို့က 3 Steem စီ ရမှာ ဖြစ်ပြီး၊ @minsoenaing, @asterkame နဲ့ @izzycare တို့က 1 Steem စီရမှာ ဖြစ်ပါတယ်။

အနည်းဆုံး တစ်ယောက်ကို 1 Steem စီပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ မိမိတို့ရဲ့ ကြိုးစားမှုတွေကို မလျှော့ကြဖို့လိုပါတယ်။ ကိုယ်တစ်ကယ်ကောင်းအောင်ရေးထားတယ်ဆိုရင် ရလဒ်တစ်ခုကတော့ ရလာမှာပါ။ လောလောဆယ်မှာတော့ game နဲ့ပတ်သက်ပြီး ရေးထားတာကို မပေးပါဘူး။ အခြား အကြောင်းအရာတွေကိုပဲ ပေးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ guest curator အဖြစ် ဆောင်ရွက်ချင်တဲ့သူတွေလဲ ဆောင်ရွက်လို့ရပါတယ်။ မိမိကြိုက်တဲ့ပိုစ့်ကို ကျွန်တော့်ပိုစ့်မှာ ကွန့်မန့်လာပြီးပေးထားပါ။ အဲဒီပိုစ့်အရွေးခံရရင် ရွေးပေးတဲ့သူရော၊ စာရေးတဲ့သူရော 1 Steem စီရမှာဖြစ်ပါတယ်။ ရွေးပေးတဲ့သူရဲ့ ပိုစ့်တွေကိုတော့ ရွေးချယ်လို့မရပါဘူး။ လူတစ်ယောက်ထဲကို နှစ်မျိုးလုံးမပေးချင်လို့ ဖြစ်ပါတယ်။ ကိုယ်စာရေးဖို့ အချိန်မရှိပေမဲ့ စာဖတ်ဖို့ အဆင်ပြေတယ်ဆိုရင်လဲ ပိုက်ဆံ ရစေချင်တဲ့သဘောပါ။


Image Source

Steem ကတော့ ပိုစ့်သက်တမ်းကုန်သွားတဲ့အချိန်မှာမှ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် Logo တစ်ခု လုပ်ဖို့လိုနေပါသေးတယ်။ ပုံကတော့ အပေါ်မှာ ပြထားတဲ့ပုံဖြစ်ပါတယ်။ Free ဆိုရင်တော့ ပိုသဘောကျပါတယ်။ ဒါမှမဟုတ်ရင်လဲ ဘယ်လောက်ပေးရမယ်ဆိုတာ မန့်မှာ ရေးခဲ့ပေးပါ။ ဒါမှမဟုတ် facebook ကနေ ပြောလဲရပါတယ်။ ကော်ဖီခွက်နေရာမှာ တစ်ခုခုအစားထိုးပေးပါ။ Steem ပုံလေးတော့ပါဖို့လိုတာပေါ့။အောက်က အရောင်ကိုလဲ ဝါ၊စိမ်း၊နီပြောင်းပေးပါ။ စာနေရာမှာတော့ Myanmar လို့ပဲ ရိုက်ပေးပါ။

ဆုကြေးတွေ အများကြီးပေးမယ့်အစား ဆုကြေးနည်းနည်းနဲ့ ရေရှည်ပေးနိုင်မယ့် နည်းလမ်းမျိုးကပဲ ပိုကောင်းမယ်လို့ထင်မိပါတယ်။ ဒါမှလဲ စာတွေပိုရေးဖြစ်လာမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Steemit မှာ အခုအချိန်ထိ စာရေးနေကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။



Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=69
Sort:  

ဟုပ်​ကဲ့အခုလိုတဖက်​တလမ်းကလူသစ်​​တွေကိုကူညီ​ထောက်​ပံ​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ ကူညီ​ပေးတာ​တော့သိတယ်​ ဒါ​ပေမဲ့​ရွေးချယ်​တဲ့ပိုစ်​ကိုဘယ်​လိုစည်းကမ်းဘယ်​လိုသတ်​မတ်​ချက်​​က​လေး​တွေထား​ပေးတယ်​ဆိုတာ တဖန်​ပြန်​ပြီး​ကြေညာ​ပေးသင်​ပါတယ်​ခင်​ဗျာ လူအများ​နောက်​လူ​တွေသိတ်​မသိကြလို့ပါ

Posted using Partiko Android

https://steemit.com/steemmonsters/@nayhlaingsoe/for-myanmar-peoples-guides

ဒီပိုစ့်မှာ ဖတ်ကြည့်ပေးပါဘရို။ ကျွန်တော်ထပ်ဖြည့်စွက်ချင်တာကတော့ သင့်တော်တဲ့ပုံလေးတွေ ထည့်ပေးပါ။ စာတွေချည့်ပဲ ရေးထားရင် ဘရို့ရဲ့ပိုစ့်ကို ရွေးချယ်တဲ့သူတွေ မျက်စိကျဖို့မလွယ်ပါဘူး။ ပြီးတော့ အဲဒီပုံက အင်တာနက်က ယူထားတာဆိုရင် မူရင်းပုံကို ပြန်ညွှန်ပေးဖို့လိုပါတယ်။ နောက်တစ်ခုရှိသေးတာက Cheetah, steemcleaners တို့ကနေ comment လာပေးတာတို့ downvote လုပ်တာတို့ ခံနေရတဲ့ အကောင့်တွေကိုတော့ ရွေးချယ်လို့မရပါဘူး။ အဲဒါတွေကို အရင်ဆုံးဖြေရှင်းပေးဖို့လိုပါတယ်။

စိတ်ကူးလေးတွေ ကောင်းချက် အဖွဲ့သားတွေ
ကျေးဇူးပါ

Good way,Right action

Posted using Partiko Android

ဂိမ်းနဲ့ ပတ်သက်ပြီးရေးတဲ့ပိုစ့်တွေ ဖြစ်မယ်ဆိုရင်တော့ အရမ်းကောင်းဖို့လိုပါတယ်။

Hello @mmunited

You requested your Magic Dice details.

You were referred to Magic Dice by None and have 4 referrals.
You are currently delegating 0 Steem Power.

You have placed 20 bets with a 65.0% win rate.

You have wagered 4.000000 STEEM and 0.000000 SBD.
You have won 5.988000 STEEM and 0.000000 SBD.
Your profit is 1.988000 STEEM and 0.000000 SBD.

You received 0.724914 STEEM and 0.000000 SBD in referral bonuses.
You received 0.013189 STEEM and 0.000000 SBD in dividends.

You have acquired 525.196250 Magic Tokens.
Your spent per 1M Magic Tokens: -3,785.252000 STEEM and 0.000000 SBD.

တစ်​ကယ်​​ကောင်းတဲ့ အစီအစဉ်​​လေးပါဗျာ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83