Tesla

in #car8 years ago

လျှပ်စစ်ကားတွေထုတ်လုပ်တ့ဲ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တ့ဲ Tesla ရဲ့ကား တချို့ကို မြန်မာနိုင်ငံကို စတင် တင်သွင်းတော့မယ်လို့ သိရပါတယ်။ ဟုတ်ပါတယ်။ Tesla ရဲ့ အဆင့်မြင့်ကားတစ်မျိုးဖြစ်တ့ဲ Tesla Model S တွေကို အမေရိကန်ကနေ မြန်မာနိုင်ငံကို မှာယူတင်သွင်းလို့ရမှာဖြစ်ပါတယ်။ ဒီကားကို ဘာလို့အဆင့်မြင့်ကားလို့ ပြောနိုင်ရတာလဲ ? ဒီမေးခွန်းအတွက် အဖြေရှိပါတယ်။IMG_20180624_055903.jpg

Tesla Model S ဟာ လျှပ်စစ်ကားဖြစ်တာနဲ့အညီ ဆီလုံးဝထည့်စရာမလိုပါဘူး။ Engine လည်းမပါသလို Gear Box လည်းမရှိတ့ဲ ပျက်စရာသိပ်မရှိပါဘူး။ ကားရဲ့ပုံစံကို အကြမ်းဖျင်းပြောရရင် ကားဟာ ဘီးဝင်ရိုးပေါ်မှာ Electronic Dynamo Motor ကို တိုက်ရိုက် တပ်ဆင်ထားတာပါ။ Gear ထိုးစရာမလိုပဲ Accelerator နင်းသလောက် Power ကိုထုတ်သုံးပါတယ်။ Gear လိုမျိုး အတံတစ်ချောင်းကို စတီယာရင် နောက်မှာတပ်ဆင်ထားပြီး Drive, Natural, Reverse နဲ့ Parking Mode တွေပြောင်းဖို့ သုံးရမှာပါ။ ဆီမသန့်တာတွေ၊ Air Filter ပျက်တာတွေကြောင့် Car Power ကျတာမျိုးတွေ ရှိမှာမဟုတ်တော့ပဲ ဆီ Filter တွေ၊ Spark Plugs တွေလည်း လဲစရာလိုမှာ မဟုတ်တော့ပါဘူး။ Brake ကလည်း Dynamo Motor ကို ပြောင်းပြန်လည်တ့ဲ စနစ်ကိုသုံးထားတ့ဲအတွက် Brake Pad လည်းသိပ်မစားတော့ပါဘူး။ ပျက်စရာဆိုလို့ Battery နဲ့ အတွင်းက Electronic Parts တွေလောက်ပဲရှိမှာပါ။ Battery ပျက်ဖို့ကလည်း နှစ် ၂၀ လောက်ကြာဦးမှာပါ။ ပျက်လည်း အမေရိကန်ကို လှမ်းမှာပြီးပြင်လို့ရပါတယ်။ ပြင်တာက သိပ်အချိန်မယူပေမယ့် မှာတ့ဲအချိန်မှာတော့ နည်းနည်းကြန့်ကြာတာမျိုး ရှိနိုင်ပါတယ်။
IMG_20180624_055913.jpg
Speed တင်တာကလည်း 0 Miles ကနေ 60 Miles အထိကို 2.5s ပဲကြာပါတယ်။ ဒါဟာတချို့ Super Car တွေထက်တောင် သာတ့ဲနှုန်းပါ။ Battery အားအပြည့်သွင်းပြီးရင် 315 Miles လောက် မောင်းလို့ရတယ်ဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်။ 1.5 Hp လောက်နဲ့ အားသွင်းရင်တောင် တစ်ညကို မိုင် ၆၀ စာလောက်အားဝင်တယ်လို့ဆိုပါတယ်။ မီတာခနဲ့တွက်မယ်ဆိုရင် တစ်လလုံးမှ ၃၀၀၀၀ ကျပ် ကနေ ၄၀၀၀၀ကျပ် လောက်ပဲကျသင့်တော့မှာ ဖြစ်ပါတယ်။ တခြား Super Car တွေရဲ့ တစ်လစာ ဆီဖိုးနဲ့ယှဉ်ကြည့်ရင် တော်တော်လေးသက်သာတ့ဲ အနေအထားမှာရှိပါတယ်။ ဒီကားရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ သိန်း ၁၃၀၀ နဲ့ ၁၄၀၀ ကြားလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
source$%

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 62042.63
ETH 1628.63
USDT 1.00
SBD 0.41