ငါ၏လိုအင်စိတ်က

in #busy6 years ago (edited)

IMG_20180525_005652.jpg
ငါဟာ မဆုံးနိုင်သော ဒီခရီးလမ်းကို မျှော်လင့်ချက်ကြီးစွာနဲ့ လောဘကို ရှေ့တန်းတင်ပြီး တစ်နေ့တစ်လှမ်း မှန်မှန်လှမ်းလျှောက်လာခဲ့ပါတယ်။
သို့ပေမယ့်လည်း ဒီခရီးလမ်းဟာ ရေရာပါသော်လည်း သေချာစိတ်ချနိုင်သော ထိုတနေ့ကို မျှော်လင့်ချက်တွေထားရှိရင်း မဝံ့မရဲနဲ့ စမ်းတဝါးဝါး ဆက်လျှောက်လို့နေပါတယ်။
ရူးသွပ်ခြင်းဆိုတာကလည်း လုပ်ကြည့်လို့ စွဲလမ်းသွားမှ ဖြစ်ပေါ်တက်သော်လည်း မပျက်မကွပ် အဆက်မဖြတ် နေ့စဉ် ကြိုးစားလုပ်ဆောင်နေမှ မျှော်ရည်မှန်းထားသမျှတွေဟာ အကောင်အထည်ပေါ်လာတက်သည့်သဘောရှိလေတော့ စာရေးပို့စ်တင်ရုံမှတပါး အခြားမရှိနိုင်ပါဘူးလေ။
တရစ်ပြီးတရစ် ချည်နှောင်တက်သော ရစ်လုံးကြီးတစ်ခုလို တစ်ရက်ပြီးတစ်ရက်ဆိုသည်ထက် အချိန်တိုင်းမှာ စတီးမစ်ရဲ့ရစ်နှောင်ခြင်းက ပိုပြီးတိုးလို့လာပါတော့တယ်။
ဘာကြောင့်လည်းလို့ ကိုယ့်ကိုကိုယ် မေးခွန်းတွေအမျိုးမျိုးထုတ်ပြီး တွေးယူကြည့်မိလိုက်တော့ အဖြေကတစ်ခုထဲထွက်လာတယ်လေ လောဘရမက်စိတ်အတိုင်း စတင်းတွေ များစွာပိုင်ဆိုင်မှုရှိချင်တဲ့ လောဘဆန္ဒတစ်ခုကြောင့်ဟု ကိုယ့်ကိုကိုယ် အရိုးသားဆုံး ဝင်ခံမိလိုက်ပါတယ်။
ငါ့ရဲ့လောဘစိတ်တွေကိုလည်း စတီးမစ် စတင်းဈေးကွက်က တက်လိုက်ကျလိုက် ထောင်တက်သွားလိုက် ဇောက်ထိုးကျဆင်းသွားလိုက်နဲ့ ငါ့ရဲ့လောဘ ငါ့ရဲ့ဝီရိယ ငါ့ရဲ့ကြိုးစားအားထုတ်ခြင်းနဲ့ ငါ့ရဲ့စိတ်ဓါတ်တွေကို နည်းလမ်းပေါင်းများစွာနဲ့ အကြောင်းပြချက်အမျိုးမျိုးထုတ်ကာ စမ်းသတ်လို့နေတာကို ရွှေရောင်ခင်းထားတဲ့လမ်းမကြီးမှာ နေ့စဉ်လျှောက်လှမ်းမိနေတော့ အကြည့်နဲ့သတိတွေကို ကပ်ထားနေလေတော့ သိရှိနေမိတာပေါ့။
ဘာမှမသိချင်ပါဘူး ဘာမှနားမလည်ချင်ပါဘူး ဘာမှမကြားချင်ပါဘူး ဘာမှ ဘာမှ ဘာမှ လိုအင်စိတ်က တစ်ခုထဲပါပဲ စတင်းတွေများစွာ ပိုင်ဆိုင်မည့် တစ်နေ့ကိုပါပဲလို့ စိတ်ထဲပေါ်ရာ ရေးချလိုက်ပါတယ် စတီးမစ်ကြီးရေ။
@thura

Sort:  

ကိုသူရ တစ်ယောက်ထဲ ဟုတ်ပေါင်း
ကျုပ်တို့လည်း စတီးလ်တွေအမျာကြီးပိုင်ချင်ပ

ကျွန်နော်ကပိုလိမ့်မယ်ထင်ပါ့ကိုကြီးထွေရေ
လောဘစိတ် အသောမသတ်နိုင်ဘူးလေဗျာ

Loading...

This post has received a 2.50 % upvote from @drotto thanks to: @thura.

You got a 19.42% upvote from @cabbage-dealer courtesy of @thura!
Delegate today and earn a 100% share of daily rewards!

This post has received a 11.11 % upvote from @kath1 thanks to: @thura.
We would like continue serving you, as a matter of fact we are in lack of SP.
Consider delegating to earn 100% Payout! passive income 20SP,50SP,100SP,200SP.

You got a 33.33% upvote from @voteme courtesy of @thura! For next round, send minimum 0.01 SBD to bid for upvote.

Do you know, you can also earn daily passive income simply by delegating your Steem Power to voteme by clicking following links: 10SP, 25SP, 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63326.84
ETH 2648.69
USDT 1.00
SBD 2.82