တက်မှာလားကျမှာလား

in #busy8 years ago

ဈေးကတော့ တက်သည့်ဘက်ကနေကျသည့်ဘက်သို့သွားနေပြီ ဖြစ်ပါသည်။
ဟိုနေ့ကတော့ အတက်လေးပြနေသေးသည် အရောင်ပြတာလား ဘာလားတော့ မည်သူမျှ မပြောနိုင်ပါဘူး
အခြေအနေကတော့ တက်တော့မယ့် အလားအလာဖြစ်လေသည်။ အခုလို ဈေးလေးတက်သည်ဆိုတော့ အားလုံးကို
မေ့ထားပြီး ပျော်ပါသည်။ ဘာတွေကို မေ့သနည်း။ သေချာပြန်တွေးကြည့်တော့ ဈေးကျလို့ စိတ်ညစ်ရတဲ့နေ့ ရက်တွေကို
အမြန်မေ့လိုက်ပါတော့သည်။ စာမပေးချင်ဘဲ လေနေသော စိတ်အတွေးများ နဲ့ ငူငိုင်နေတဲ့ နေ့ရက် တစ်ချို့ကို မေ့လိုက်ပါ
သည်။ စတင်းဈေးကျလို့ စတင်းအရများပါသော်လည်း ဘုတ်ပေးသည့်အခါ ဘုတ်က တန်ဖိုးများစွာမထွက်သည့် နေ့ရက်
တွေကိုေ မ့လိုက်ပါသည်။ ကြိတ်မှိတ်ပြီး မေ့လိုက်ရခြင်းတော့ မဟုတ်ပါဘူး အလိုလိုကို မေ့ပစ်လိုက်တော့တာပါဘဲ
မမေ့လို့လည်း မရဘူးလေ စိတ်ပိန်စရာကောင်းသော နေ့ရက်တွေက တာရှည်လွန်းခဲ့သည် မဟုတ်ပါလော။

စတီးမစ်ကြီးက တကယ်ကို မျက်လှည့်ဆန်လွန်းပါလေသည်။ အလှည့်အပြောင်းတွေ များစွာနဲ့ဖြစ်လေသည်။ ကြိုတင်တွက်
ဆထားလို့ မရသည့် အနေအထားများစွာရှိသည်။ မထင်မှတ်သော အနေအထားမှ အဆင်ပြေချင်လည်း ထလို့ ပြေတက်သည်
စပေါ့လေးများ ရနေလို့ ၀မ်းသာနေလို့ မဖြစ်သေး မကြာခင် အပြောင်းအလဲက ရောက်လာတက်သည်။ ကျန်တာ မကြည့်ပါ
လေနှင့်ဦး ဘုတ်နေသော ဘုတ်တွေကိုဘဲကြည့် ဘုတ်တုန်းတော့ ဟုတ်သလိုလိုနဲ့ နောက်ရက်လည်းကူးရော အခြေအနေက
တစ်မျိုးတစ်မည် ဖြစ်လို့နေတက်ပြန်လေသည်။ အဲ့သည်လို အခြေအနေတွေများစွာ ရှိလို့နေသည်။ ဒီလို အလှည့် အပြောင်းတွေ
နဲ့ ပြည့်နှက်နေသော စတီးမစ်လမ်းထက်တွင် လှမ်းလျှောက်ရသည်မှာ ရင်ခုန်ဖွယ်တော့ ကောင်းပါလေသည်။

အလှည့်အပြောင်းတွေအောက်မှာ ထင်မှတ်မထားသော စတင်းဈေး အလှည့်အပြောင်းကိုတော့ မျှော်တလင့်လင့်နှင့် စောင့်
မျှော်နေပါသည်။ ထူးဆန်းမှင်သက်ဖွယ် ကောင်းသော ပြကွက်များနဲ့ စတင်းဈေး မျက်လှည့် ပွဲကို ကြည့်ချင်ကြုံချင်လှပြီဖြစ်ပါလေ
သည်။ ဘ၀တွေ လှပသွားဖို့အတွက် မျှော်လင့်ပါသည်။ သွားရမည့် လမ်းကြောင်းများ ဖြောင့်ဖြူးဖို့အတွက် မျှော်လင့်ပါသည်။
ပန်းပေါင်းစုံနဲ့ ဝေဆာပွင့်ဖူးနေမည့် မွှေးကြူနေမည့် စတီးမစ် ပန်းပင်လယ်ပြင်ကြီးကို မျှော်လင့်ပါသည်။ တကယ်လို့ လှပစွာ
ဖူးပွင့်ကြတော့မည်ဆိုလျှင်လည်း စတီးမစ်ပန်းပယ်လယ်ပြင်ထက် စံမှီသော ပန်းတစ်ပွင့်တော့ ဖြစ်ပါရစေလို့ ရင်မှာ သိုဝှက်
ဆုတောင်းမိပါသည်။ အရာအားလုံးသည် မျှော်လင့်ချက်အားလုံးသည် စတင်းဈေးပေါ်တွင် တည်မှီလို့နေလေသည်။
ဘ၀များစွာ လှပဖို့အတွက် တစ်ကြိမ်တော့ အခွင့်ပေးလှည့်ပါဟု တောင်းဆိုမိပါသည်။

အပြောလွယ် အလုပ်ခက်သော သည်စတီးမစ်ရေယဉ်ကြောဝယ် စုန်တစ်ခါ ဆန်တစ်လှည့် တက်တစ်ခါ ကျတစ်လှည့်ဖြင့်
အခက်အခဲအတားအဆီး လှိုင်းကြမ်းတွေကို အံတုဖြတ်ကျော်ရင်း ဆက်လို့ လျှောက်လှမ်းနေရပါဦးမည်။ မျှော်လင့်ခြင်းကို
အရင်းတည်ပြီး စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်းလာသည့် ဒီလမ်းတစ်လျှောက်တွင် စတီးမစ်ရဲ့
လျှို့ဝှက်ချက်တစ်ခုကိုတော့ ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုအရာသည်ကာ စုဆောင်းခြင်းသိုမှီးခြင်းဖြစ်လေသည်။
များမကြာမှီအချိန်တစ်ခုတွင် ထိုလျှို့ဝှက်ချက်တို့သည် ထင်ထင်ရှားရှား မြင်တွေ့ရတော့မည်ဖြစ်သည်။
@bobokyaw

Sort:  

This post received upvote from @tipU :) | Voting service | For investors.

Thanks you tipu

ဈေးကိုတက်လည်းတက်စေချင်ပါပြီးဗျာ
အကျဘက်ကိုဦးတည်နေတာ နှစ်လလောက်ရှိနေပြီလေ
ဈေးသာတက်ရင်အဆင်ပြေပြီပေါ့ဗျာ

အဆင်ပြေရမယ်လေ အနစ်နာခံထားကြတာဘဲ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64404.10
ETH 1675.44
USDT 1.00
SBD 0.42