စံမြန်းရာနန်းတော်

in #busy6 years ago

IMG_20180508_001115.png

စူတန် ဘုရင်ကြီး ဘိုခီးယားဟာ ဆိုရင် သူနေထိုင် စံမြန်ုးရာ နန်းတော်ကြီးကို သဘာဝမြင်ကွင်းတွေနဲ့ ရှု
ခင်းသာယာသော နေရာလေးမှာ တည်ဆောက်ထားတာဖြစ်ပါတယ် အဲ့ဒီနေရာကတော့ အကျယ်
အ၀န်းအားဖြင့် ဧက သုံးရာကျော်ရှိသော မြေကွက်ဖြစ်ပါတယ် အဆောက်အဦးအ ကျယ်အ၀န်းကတော့
ဧက ငါးဆယ်ကျော်ခန့် ကျယ်ဝန်းသောနေရာကို အပြည့်ယူကာ ခန်းနားကြီးကျယ်စွာ တည်ဆောက်
ထားခြင်းဖြစ်ပါတယ် သူဟာ အလွန်ချမ်းသာသူဖြစ်တဲ့ အားလျှော်စွာဘဲ သူနေထိုင်စံမြန်းရာ နန်း
တော် ခေါင်မိုးတွေကို ရွှေအတိပြီးတဲ့ ရွှေပြားတွေနဲ့ မိုးထားစေပါတယ် အဲ့ဒီရွှေတွေဟာဆိုရင်
ရွှေရည်စိမ်ထားခြင်းမဟုတ်သလို ရွှေရောင်ထွက်နေခြင်းသက်သက်မဟုတ်ပါဘူး တစ်ဆယ့်ခြောက်ပဲ
ရည်ပြည့်မှီသော ရွှေသားစစ်စစ်များနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် အဲ့ဒိေ၇ွှပြားအမိုးတွေနဲ့ သူနေထိုင်ရာ
နန်းတော်ကို အုပ်မိုးလို့ထားတာဖြစ်ပါတယ်
အဲ့ဒီ ရွှေပြားတွေရဲ့ တန်ဖိုးဟာဆိုရင် အဲ့ဒီတုန်းက ငွေကြေး တန်ဖိုးနဲ့တွက်၇င်ကိုဘဲ ဒေါ်လာသန်းငါးရာ
ကျော် ကုန်ကျတယ်လို့ ဆိုပါတယ် အဲ့ဒီနန်းတော်ကြီးဟာ အလွန်ခန်းနားကြီးကျယ်လှပါတယ်
ဒီနန်းတော်ကြီး တည်ဆောက်တာကလည်း သုံးနှစ်တိတိကြာမြင့်ခဲ့ပါတယ် နန်းတော်တစ်ခုလုံးကို သူ့စိတ်တိုင်းကျ ဖြစ်အောင် တည်ဆောက်ထားပါတယ် အားလုံးအသုံးပြုသော ပစ်စည်းတွေဟာ
ဆိုရင် ပထမတန်းစား အကောင်းစားတွေသာဖြစ်ပါတယ် အဲ့ဒီလို အကောင်းမွန်ဆုံးတွေကိုဘဲ သူက
အသုံးပြုစေတယ်လို့ ဆိုပါတယ်
အဲ့ဒီ ဘုရင်ကြီးရဲ့ ချမ်းသာ ကြွယ်ဝမှုဟာဆိုရင် အလွန်အမင်းကို ကြီးကျယ်လွန်းလှပါတယ်
သူ့ရဲ့ နေထိုင်ရာ နန်းတော်ထဲမှာဘဲ အလွန်သာယာလှပသော ရေကန်ကြီးကိုလည်း ဖန်တီးထားပါတယ်
ကဘာ့အကောင်းဆုံးလို့ ဆိုနိုင်လောက်သော စံချိန်မှီဂေါက်ကွင်းကြီးလည်း ပါဝင်တယ်လို့ဆိုပါတယ်
သူ့ရဲ့ မြင်းတွေကိုလည်း အဆင့်အတန်းမှီမှီ ထားတယ်လို့ဆိုပါတယ် သူ့မြင်းတွေထားရာနေရာတွင်
လေအေးပေးစက်များကိုပင် တပ်ဆင်ထားစေပါတယ် သူ့မြင်းတောင် အတော်အဆင့်မြင့်မြင့်နေရ
ပါတယ်။ အဆင့်မြင့်မြင့်ထားပါတယ် ဒီမြင်းတွေကို ဒီလောက် တယုတယ ဘာလို့မွေးထားတာလဲ
ဆိုရင်တော့ သူဟာ ပိုလို အားကစားနည်းကို အလွန်နှစ်သက်သူဖြစ်လို့ပါဘဲ
ဒီကစားနည်းကို သူနှစ်သက်ရခြင်းက အကြောင်းအရင်းရျိပါတယ် ဗြိတိန် အိမ်ရှေ့မင်းသားချော
ချားလ်စ်ကို အားကျသောကြောင့် သူလုပ်သလို လိုက်လုပ်ခြင်းဖြစ်ပါတယ် လူတွေရဲ့သဘောက ဒီ
လိုပါဘဲ ဂုဏ်တုဂုဏ်ပြိုင်ခြင်းကို ယဉ်ကျေးစွာ ဖော်ပြတဲ့အခါ အားကျတယ်လို့ သုံးနှုန်းတက်ကြပါတယ် ထိုအားကျစိတ် ကြောင့်ဘဲ ကဘာ့အရည်အသွေးမှီ မြင်းတွေကို
အာဂျင်တီးနားနိုင်ငံကနေ မှာယူခဲ့တာ မြင်းအကောင်ရေ သုံးရာကျော်ပါတယ် မြင်းတစ်ကောင်ရဲ့
တန်ဖိုးဟာ ဆိုရင် အဲ့ဒီတုန်းက ငွေကြေးနဲ့တင်ဘဲ စတာလင်ပေါင် သုံးထောင်ကျော်တယ်လို့ဆိုပါတယ် ငွေတွေကို ဒီလိုမှမသုံးရင်လဲ သူ့အတွက် သုံးစရာ နေရာရှိတော့
မယ်မထင်ပါဘူး။ ကားဆိုရင်လည်း ကောင်းပေ့ဆိုတဲ့ ကား သာမာန် ချမ်းသာသူတောင် မ၀ယ်နိုင်တဲ့
ကားကို အစီးရေ ရာချီဝယ်တဲ့သူပါ။ လူတွေက အလွန်ချမ်းသာလာတဲ့အခါ စိတ်ရူးပေါက်သလို
စိတ်ထဲရှိသလို လုပ်ချင်တာ လုပ်လာတက်ကြတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။
သူအမြဲစီးသော ကားကိုလည်း ရွှေချထားသေးပြန်ပါတယ်
ဒီနေ့တော့ ဒီနား ခဏရပ်ထားပါရစေဦး နောက်ရက်မှ ဆက်ပါ့မယ်
Author : @bobokyaw

Sort:  

လူတွေက အလွန်ချမ်းသာလာတဲ့အခါ စိတ်ရူးပေါက်သလို
စိတ်ထဲရှိသလို လုပ်ချင်တာ လုပ်လာတက်ကြတယ်

really i believe you

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 8000 as payout for your posts. Your next target is to reach a total payout of 9000

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The Meet the Steemians Contest is over - Results are coming soon ...

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 56989.27
ETH 2425.90
USDT 1.00
SBD 2.39