မိုင်နာဟီးရိုး

in #busy6 years ago (edited)

@bobokyaw.jpg

စီအိုစီထဲမှာတော့ အကြိုက်ဆုံး ဟီးရိုးက မိုင်နာဆိုတဲ့ အကောင်ဖြစ်ပါတယ် သူက အတော်လေးကို
အသုံးဝင်ပါတယ် ဝေါတွေကို ကျော်ဖြတ်စရာမလိုတဲ့အတွက် သူ့ကို အလွန်သဘောကျမိပါတယ်
မြေအောက်ကနေ သွားတဲ့အတွက် ဝေါဘယ်လောက်တောင့်တောင့် သူ့ကိုသုံးရင် ကြောက်စရာမလို
တော့ပါဘူး အခက်အခဲတစ်စုံတစ်ရာမရှိနိုင်တော့ပါဘူး။ ကလန်ကစားသူတွေကတော့ သူ့ကို မြေတူးကောင်
လို့ အလွယ်တကူခေါ်ကြပါတယ် မြေကြီးအောက်ကနေ လှိုင်တူးပြီး ရန်သူ့ စခန်းကို ၀င်ရောက်တဲ့ အကောင်
ဖြစ်ပါတယ် သူ့ရဲ့ ဒမ်းမေ့ကတော့ နည်းနည်း အားပျော့ပါတယ် အခြား ဟီးရိုးတွေထက်စာရင်တော့သူက
အားနည်းပါတယ်

သူက အားနည်းသော ဒမ်းမေ့နည်းသော ဟီးရိုးဖြစ်ပေမယ့် သူ့ကို လေဘယ် ငါးလောက်ထိ တင်ပြီး သုံးမယ်
ဆိုရင်တော့ အားကိုးလို့ရပါတယ်။ သူတို့က အကောင်ရေနည်းရင်သာ သိပ်မစွမ်းပေမယ့် အကောင်အရေ
အတွက်များများ သုံးပြီး ရန်သူ့စခန်းကို စေလွှတ်ခဲ့မယ်ဆိုရင် ခဏလေးအတွင်းမှာဘဲ ရန်သူ့စခန်း အလယ်
ဗဟိုမှာရှိနေတဲ့ တောင်းဟောဆီကို တန်းတန်းမက်မက်ရောက်လို့သွားပါတော့တယ်
သူတို့က အားနည်းသူတွေဆိုပေမယ့် အကောင်အရေအတွက်ကို များများသုံးပေးမယ် နောက်ကနေ
အ၀ါရောင် ဆေးပုလင်းလိုက်ပြီး ဖျန်းပေးမယ်ဆိုရင်တော့ အင်အားကောင်းပါတယ်ဆိုတဲ့ ရန်သူ့စခန်းဟာ
ခဏလေးအတွင်းမှာဘဲ စီစီညက်ကြေလို့သွားရပါတော့တယ်
သူတို့ရဲ့ ရွှေရောင်ဂေါ်ပြားတွေရဲ့ ရိုက်ချက်ဟာ အလွန်ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်
တယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်

သူတို့အကြောက်ဆုံးအရာတစ်ခုရှိပါတယ် အဲ့ဒါကတော့ ရန်သူ့ ကလန်အိမ်ထဲက ထွက်လာမယ့် ကင်းစောင့်ပါဘဲ။ သူတို့က ဂရောင်းဟီးရိုးဖြစ်တဲ့အတွက် အဲယားလိုင်း ကင်းစောင့်ထည့်ထားတဲ့ ကလန်
အိမ်ကိုတော့ သတိထားရပါတယ် အဲယားလိုင်း ကင်းစောင့်ထွက်လာရင်တော့ ဘယ်လိုမှ နိုင်ဖို့မလွယ်
တော့ပါဘူး။ ကလန်အစောင့်ကို ကြိုတင်ထုတ်ပြီး သက်ပေးမှ စိတ်ချရပါတယ် ကလန်အစောင့်မသက်ဘဲ
လွှတ်မိရင်တော့ စတားတစ်လုံး ရဖို့တောင် မလွယ်တော့ပါဘူး

ကလန်အစောင့်မရှိတဲ့ ရန်သူ့စခန်းကို ၀င်တိုက်မယ်ဆိုရင်တော့ မိုင်နာတွေဟာ အခြားဟီးရိုးတွေထက်
လွယ်ကူသက်သာ စိတ်ချစွာ အသုံးပြုလို့ကောင်းမွန်တဲ့ ဟီးရိုးဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်
အခုဆိုရင် မိုင်နာ လေဘယ်က အဆင့်ခြောက်ကိုတောင် ရောက်နေပါပြီ တောင်းဟောဆယ့်နှစ်နဲ့အတူ
ပါလာတဲ့ အပ်ဒိတ်ဖြစ်ပါတယ် တောင်းဟောဆယ့်နှစ် တင်ပြီးမှသာ မိုင်နာကို လေဘယ် ခြောက် အပ်ဒိတ်
တင်လို့ရပါတယ် ကျွန်တော်ကတော့ မိုင်နာ ခရေဇီဖြစ်တဲ့အတွက် တောင်းဟော ဆယ့်တစ်ကို မက် မဖြစ်
သေးပေမယ့် တောင်းဟောဆယ့်နှစ်ကို မဖြစ်မနေတင်လိုက်ရပါတယ် အဓိက ကတော့ မိုင်နာမီးတောက်လေး လိုချင်လို့ပါဘဲ

အခုဆိုရင် မိုင်နာ မီးတောက်လေးနဲ့ တိုက်တန်လိဒ်ကို လွယ်ကူသက်သာစွာနဲ့ ရောက်လာခဲ့ပြီဖြစ်ပါတယ်
တိုက်တန်မှာလည်း မိုင်နာမီးတောက်လေး အစွမ်းကြောင့် အလီဇာရှာရတာ အရမ်းကို လွယ်ကူနေပါတယ်
ဟိုတုန်းကဆိုရင် လဘလွန်းလေးအားကိုးနဲ့ ချန်ပီယံမှာ ယက်ကန်ယက်ကန်ဖြစ်နေခဲ့တာပါ တိုက်တန်ကို
သွားချင်ပေမယ့် မသွားနိုင်ခဲ့ပါဘူး ဖလား သုံးထောင့်ငါးရာလောက်မှာ တင်းခံနေခဲ့တာပါ
အခုတော့ တိုက်တန်ကို ရောက်နေခဲ့တာ မိုင်နာမီးတောက် ကျေးဇူးလေးတွေပေါ့ နောက်ထပ်လည်း သိပ်မကြာခင် လီဂန်းကို တက်ဖို့အခြေအနေကောင်းပါတယ် အခုတက်လည်း ရနိုင်ပေမယ့် ကိုယ့်ရဲ့ တောင်းဟောက ဝေါတွေနဲ့ မလိုက်ဖက်စွာ မမျှမတဖြစ်နေခဲ့တဲ့ ဘေ့စ်လေးကို အရင်ဆုံး တောင့်တင်းအောင် လုပ်နေရပါသေးတယ် ဘေ့စ်က အတော်လေးကို ၀ိစ်နေလို့ လီဂန်းကို မတက်ရဲသေးပါဘူး ။ တက်လို့လည်း ဘယ်လိုမှကို အဆင်မပြေပါဘူး ကိုယ်က ဖလားလေး အလုံးသုံးဆယ်လောက် ရှာထားလိုက် ဆရာကြီးတွေက ဖလား လေးဆယ်လောက် လာသမသွားလိုက်နဲ့
အီလည်နေအောင်ကို ခံရပါတယ်
သိပ်မကြာခင် လီဂန်းကိုး ရောက်အောင်သွားမယ်လို့တော့ စိတ်ကူးထားပါတယ်
မိုင်နာမီးတောက်လေးကတော့ ကျွန်တော်အကြိုက်ဆုံးပါဗျာ။
Author : @bobokyaw

Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

ဟား bro စစ်ရေးအမြင်ကျယ်တယ် သမ္မတ နေရာဝင်ပြိုင်လို့ရပြီဗျ ကျနော် မဲထည့်ပါမယ် 💉 💉 😀

မလုပ်ပါနဲ့ဗျာ သူ့ဟာနဲ့သူတောင် တိုင်ပတ်နေတာ
ကိုယ့်ဟာနဲ့ ကိုယ်လည်း လက်မလည်ပါဘူးဗျာ
စတီးမစ်က အရမ်းလက်ဝင်တယ်ဗျ
အချိန်တွေ စားတယ်

Thanks you bro.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62978.31
ETH 2546.24
USDT 1.00
SBD 2.76