မည်သူမဆို ကစားလို့ အဆင်ပြေစေပါတယ်

in #busy6 years ago

Screenshot_2018-11-15-18-59-53.png

ဒီနေ့အတွက်တော့ Steemmonsters game အကြောင်းလေး ရေးပါဦးမယ်
ဟိုတစ်နေ့က ဂိမ်းဆော့ရတာ ဘယ်လိုမှ အဆင်မပြေဖြစ်ခဲ့ပါတယ် တစ်နေကုန်ဆော့ကစားမှ
ဆယ်ပွဲလောက် အနိုင်ရဖို့ မလွယ်ခဲ့ပါဘူး တစ်ရက်ခွဲလောက်ဆော့ခဲ့ရပါတယ် ဆာဗာကြောင်နေတာ
လို့တော့ သိရတယ် ကျွန်တော်ထင်ပါတယ် ဒီကောင်တွေ ဂိမ်းက အားနဲ့ ၀န် မမျှဖြစ်နေပြီလို့
အခုက ဒီဂိမ်းကို ကစားတဲ့သူအလွန်များလာပါတယ် များရမယ်လေ အကျိုးအမြတ်ရှိတဲ့ အခြေအနေ
ဆိုတော့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ လူတွေ တဖြည်းဖြည်း ခြေဦးလှည့်လာရပြီပေါ့
စကစားတုန်းကဆို မြန်မာ ကစားသူနဲ့များ တွေ့ချင်စမ်းပါဘိလို့တောင့်တဖူးတယ် သုံးရက်လောက်ဆော့တာ တစ်နေကုန် နေ့တိုင်းဆော့တာ တစ်ရက်တစ်ရက်ကို ပွဲရေ ရာချီပြီးဆော့
တာတောင် တစ်ယောက်မှမတွေ့ပါဘူး ဘယ်တွေ့လိမ့်မည်နည်း အဲ့တုန်းက မြန်မာကစားသူက ငါးယောက်တောင် မပြည့်ဘူးကိုး

Screenshot_2018-11-15-18-59-05.png

အခုတော့ မြန်မာကစားသူတွေလည်း တဖြည်းဖြည်းများလာပြီ ကစားနေရင်းနဲ့ မြန်မာနာမည်နဲ့
တွေ့ဆုံရတာ တိုက်ရတာတွေ ကြုံလာရပြီလေ မြန်မာအချင်းချင်း တကယ်ကတော့ သူစိမ်းတွေမဟုတ် သော စတီးမစ်အသုံးပြုသူ မခင်မင်ပေမယ့် မျက်စိမစိမ်း အမြင်မစိမ်းနဲ့ သူတွေနဲ့
တွေ့ရကြုံရပါတယ်။ အဲ့သလို ကြုံတဲ့အခါ ကိုယ်တွေးမိတာက ကိုယ့်ရဲ့ ကစားဖက်ကို အရှုံးပေးလိုက်ချင်တာပေါ့ သူ့ကို အနိုင်ပေးလိုက်ချင်တာ အဲ့သလို ဖြစ်မိတယ် ခက်သည်က ဒီဂိမ်းမှာ
အဲ့သလို အိုဗာစတော့ ခလုတ်မပါဘူးဗျာ ကိုယ်တွဲစပ်လာတဲ့ ဟီး၇ိုးအတွဲအတိုင်း သူသာရင်သူနိုင်ပြီး
ကိုယ်သာရင် ကိုယ်က နိုင်ပါတယ်။ ကိုယ်နိုင်တဲ့အခါတော့ တစ်ဖက် ကစားသူကို အားနာမိတယ်ဗျာ
မတက်နိုင်ဘူးလေနော် ကိုယ်လည်း ဘာမှ လုပ်ပေးလို့မရ လျှော့ပေးလို့မရ။ အများအားဖြင့်တော့
ကိုယ့်ကို တွယ်သွားတာကများပါတယ်လေ။
ဘာဖြစ်ဖြစ်ပါ ဒိဂိမ်းလေးက ကစားရတာ ပျော်စရာကောင်းလို့နေပါတယ်
အချို့ မကစားသေးသူ ကစားမယ်လို့ အားခဲထားသူများကိုလည်း ကစားကြပါလို့ တိုက်တွန်းလိုပါတယ် ဒေါ်လာတစ်ဆယ်ပေးရတယ် ဆိုတာနဲ့ တန်အောင် ကောင်းမွန်ပါတယ်လို့
ပြောချင်ပါတယ်။ ဒီဂိမ်းလေးကနေ အကျိုးအမြတ် ညီညွတ်မှု ပျော်ရွှင်မှု စသဖြင့် တစ်စုံတစ်ရာ ရနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လည်းရလို့နေပါတယ်။

Screenshot_2018-11-13-18-20-43.png

အမွန်းတင်ပြောရရင်တော့ ကုန်နိုင်ဖွယ် မရှိပါဘူး တော်တော်လေးကို ကစားလို့ အဆင်ပြေတယ်
ဒီဂိမ်းက အရွယ်သုံးပါးလုံးကို ဦးတည်ထားတာပါ ဆိုလိုချင်တာက ဒီဂိမ်းကို လူကြီး လူငယ် လူလတ်
စတီးမစ်အသုံးပြုသူ မည်သူမဆို ကစားလို့ အဆင်ပြေစေပါတယ် ခက်ခဲ နက်နဲတာတွေ သိပ်မရှိပါဘူး စတီးမစ်မှာ စာတစ်ပုဒ်ဖတ်ရတာလောက် မခက်ပါဘူး
ဆော့ကစားဖူးတဲ့ ဂိမ်းတွေထဲမှာတော့ ဒီဂိမ်းက အကောင်းဆုံးဘဲလို့ လက်ခံမိပါတယ်
လက်တို့ ခြေတို့ ပြောရရင်တော့ သိပ်နောက်မကျခင် ၀င်ကစားထားလိုက်ပါ။ ပျော်ရပါစေ့မည်။
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

I like the way you talk about this

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 25000 upvotes. Your next target is to reach 30000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

The Meet the Steemians Contest is over - Results are coming soon ...

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56890.04
ETH 2356.22
USDT 1.00
SBD 2.39