ကြိုတင် ပြင်ဆင်ခြင်း

in #busy6 years ago

planning-620299_960_720.jpg

မိတ်ဆွေတစ်ယောက်ရဲ့ စေ့စပ်သေချာမှုကို အလွန်သဘောကျခဲ့မိတယ် သူက ခရီးတစ်ခုသွားတော့မယ်
ဆိုရင် မသွားခင် တစ်ပါတ်လောက်ကတည်းက ကြိုတင်ပြီး အစီအစဉ် ဆွဲတော့တယ်
ကလေးတစ်ယောက်လိုဘဲ စာရွက် လွတ်တရွက်နဲ့ လိုအပ်တာတွေ တန်းစီပြီးချရေးတယ်
အဲ့ဒီစာရွက်ခေါက်လေးကို သွားလေရာယူသွားတက်တယ် စကားပြောကြုံတာဘဲဖြစ်ဖြစ်
တကူးတကဘဲဖြစ်ဖြစ် မိတ်ဆွေအချို့နဲ့ သတင်းမေးစကားဆိုရင်း သတင်းအချက်အလက် နဲ့ လိုအပ်တာ
တွေကို အဲ့ဒိစာရွက်ထဲမှာ ချက်ချင်း ကောက်မှတ်တော့တာဘဲ
လမ်းခရီး အခြေအနေ ခရီးမိုင် ဘယ်နေရာမှာခရီးတစ်ထောက်နားသလဲ ကောင်းမွန်တဲ့ စားသောက်ဆိုင်
ဘယ်ကနေဘယ်နေရာမှာ လူပြတ်သလဲ လူနေအိမ်ခြေ ဘယ်အထိရှိသလဲ ဆီဆိုင်က ဘယ်နေရာတွေ
ရှိသလဲ အရေးပေါ် ၀ပ်ရှော့ဆိုင်တို့ ကားတာယာဆိုင်တို့ အဲ့သလိုတွေကအစ အတိအကျ စာရင်းကောက် ယူတက်တယ် ဒါတင်လားဆို မဟုတ်သေးဘူး လမ်းခရီးမှာလိုအပ်မယ့် အသုံးအဆောင်တွေ တကိုယ်ရည်
အသုံးအဆောင်တွေကအစ တစ်ခုမှမလစ်ဟင်းစေရဘူး သူက အဲ့သလို စေ့စပ်သေချာတဲ့သူ
သူ့လုပ်ကိုင်ဆောင်ရွက်ပုံကြည့်ပြီး အတော်လေးကို သဘောကျဖူးတယ်

change-948024_960_720.jpg

ကိုယ်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ခြင်းကို သိပ်အလေးမထားမိတက်ခဲ့ပါဘူး
ဖြစ်သလို ကြုံသလိုနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေအတိုင်း အလိုက်သင့်အလျှားသင့် အဆင်ပြေအောင်
ပြောင်းလဲ လုပ်ဆောင်နေထိုင်လိုက်တာပါဘဲ
ဒါကြောင့်လည်း အခက်အခဲနဲ့ အဆင်မပြေမှုတွေတော့ ရံဖန်ရံခါ တွေ့ရကြုံရတက်ပါလေတယ်
သူ့လို စေ့စပ်သေချာအောင် လုပ်ကြည့်ဦးမယ် ဆိုတဲ့ စိတ်ကူးတော့ ရှိဖူးတယ်
ဒါပေမယ့် တကယ်တမ်း အဲ့သလို အနုစိတ် ဂရုတစိုက် လုပ်ဆောင်ရတာ တင်ကြိုလုပ်ရတာတွေ
တကယ် အာရုံမပါတာတော့ အသေအချာပါဘဲ ဘယ်လိုမှ အဲ့ဒီလိုအကျင် မွေးမြူလို့မရဘူး
ကိုယ်နဲ့က အဲ့ဒိ စတိုင် အံမ၀င်ဘူးဘဲ ဆိုရမယ် ကိုယ်မလုပ်နိုင်တာ ဖြစ်ပါလိမ့်မယ်
အခု အဲ့ဒီသဘောလေးကို ပြန်သုံးသပ်ရမယ် အခြေအနေ အကြောင်းက ဖန်လာခဲ့ပြန်ပြီလေ
ဘယ်အကြောင်းရှိရမည်နည်း ဟောာဒီ စတီးမစ်ကြီးပေါ့ မကြာခင် ရာသီဥတု အပြောင်းအလဲနဲ့ ကြုံ
ကြဆုံကြရတော့မယ်မဟုတ်လား အကောင်းဆုံး အကောင်းစား အဆင်ပြေဆုံးတွေကိုဘဲ တင်ကြိုမျှော်လင့် စိတ်ကူးတွေယဉ်နေတာတော့ အချိန်တိုင်းပါဘဲ စတီးမစ်စလုပ်ကတည်းက အဲ့ဒီ
အိပ်မက် အမြဲရှိတယ် ဒီအိပ်မက်ကြောင့်ဘဲ အခုလို နှစ်ရှည်လများ မနားမနေ အားသွန်ခွန်စိုက်
လုပ်ဆောင်နေနိုင်တာပေါ့
christmas-2411764_960_720.jpg

ဒါပေမယ့်....... တစ်ခုလောက် ဖြတ်တွေးကြည့်တာပေါ့ မျှော်လင့်ထားသလို အစီစဉ်တကျ ဖြစ်လာခဲ့ရင်
ပျော်ကြရမယ်လေ ဟုတ်ပါတယ် တကယ်ပျော်ကြရမယ်။
အဲ့ဒါနဲ့ ပြောင်းပြန် အဆင်မပြေခြင်း အံမ၀င်ခြင်း ချိန်သားမကိုက်ခြင်း ရတာမလို လိုတာမရ အဲ့သလို
အခြေအနေနဲ့ ကြုံလာခဲ့ရင်ကော........... ဘာလုပ်ကြမလဲ ဘယ်လိုလုပ်မလဲ ဘယ်လိုဖြတ်ကျော်မလဲ
ဒါကိုတင်ကြိုတွေးရမယ် ထင်တယ်
ကြိုတွေးပြီး ကြိုပြင်ဆင်မထားတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ စိတ်မှာ ထင်နေပြန်တယ်
မထင်မှတ်တာတွေ ဖြစ်လာနိုင်တယ်လို့ တွေးနေမိတယ်
ကောင်းတာကော ဆိုးတာကောပေါ့ ဆိုးတယ်ဆိုတာကလည်း ကိုယ်နဲ့ အံကိုက်မဖြစ်တာ ဒိသဘောပေါ့
အဲ့ဒီလို အခြေအနေတွေ တွေးမိသလောက်ပေါ့ ဒီအတွက် ဘာတွေ ကြိုလုပ်လို့ရနိုင်မလဲ
လက်၇ှိမှာတော့ အဓိက ကျန်းမာရေးပေါ့ နောက်တစ်ချက်က အချိန် နောက်ဆုံးတစ်ချက်က အကျင့်
အကျင့်ဆိုတာမှာ ကောင်းတာကော ဆိုးတာကော ဒီနှစ်ခုလုံးပေါ့ ကိုယ့်စံသက်မှတ်ချက်နဲ့ ကိုယ်ပေါ့
ကောင်းတာကိုကောင်းမှန်းသိလို့ လက်ခံကျင့်သုံးနေသလိုဘဲ မကောင်းတာကို မကောင်းမှန်း အကျိုး
မရှိမှန်း သိလည်း လက်ခံကျင့်သုံးနေတက်တယ်မဟုတ်လား အဲ့သလို အခြေအနေလေးတွေ
ပြန်ပြီး ထိန်းညှိနိုင်အောင် အခုကတည်းက စတင်ပြင်ဆင်နေမိတယ်

direction-255294_960_720.jpg

ညနက်အထိနေပြီး မနက်မထတော့တာမျိုး နောက်တစ်ခု ဂိမ်းကစားနေတာမျိုး ဒိနေ့ပြီးပြတ်ရမယ့်အလုပ်ကို စိတ်အလိုလိုက်ပြီး နောက်ရက်ရွေ့လိုက်တာမျိုး မူလယုံကြည်ချက်ကိုစွန့်
လွှတ်ပြီး အများကြိုက် အများသဘောအတိုင်းလုပ်ဆောင်မိတာမျိုး အဲ့ဒါတွေအခုကတည်း တင်ကြို
ပြင်ဆင်နေမိတယ် ကျန်းမာရေးကောင်းမယ် အဓိကကျတာကို အဓိကကျအောင် လုပ်မယ် အပိုအလုပ်
တွေမလုပ်တော့ဘူး အတိအကျနဲ့အကျိုးများနိုင်သမျှများအောင် လုပ်မယ်
စိတ်ထဲမယ်တော့ အဲ့သလိုကြုံဝါးနေမိတာဘဲ တကယ်တမ်းလက်တွေ့တော့ ဖြစ်အောင် လုပ်ဖို့
အားထည့်ရဦးမယ် ဒီတစ်ခါလှိုင်းအရိုက်မှာ အရွေ့တစ်ခုကို မဖန်တီးနိုင်ရင် နောက်တစ်ကြိမ်အပြောင်းအလဲကို မမျှော်ပါနဲ့တော့ အပြောင်းအလဲနောက်မှာ လိုက်ပါပြောင်းလဲ
ဖို့လိုမယ်ထင်တယ် သူကပြောင်းလဲပေးမှာမဟုတ်ဘူး ကိုယ်ကပြောင်းလဲရမှာ
Photo Credit : Original source
Author : @bobokyaw
@bobokyaw.jpg

Sort:  

ပလန်တွေ ပလင်တွေ လုပ်မနေနိုင်ပါဘူး ကြုံသလိုကျသလို လုပ်မယ်

ကြိုက်သလိုသာလုပ်ပါတော့ဗျာ ခုမှတော့ထူးတော့ပါဘူးကွာ

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of posts published
You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Resteem and Resteemed added

Support SteemitBoard's project! Vote for its witness and get one more award!

Thanks you steemitboaard

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64294.06
ETH 3427.66
USDT 1.00
SBD 2.59