ဘ၀ရဲ့အားအင်များ

in #busy8 years ago

@bobokyaw.jpg

ဒီနေ့တော့ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်နှင့် အမှတ်မထင်ဆုံဖြစ်ကြလေသည်။ သူကလည်း သူ့
အလုပ်နဲ့သူ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ကိုယ်စီ လောဘကိုယ်စီ တို့နှင့် ဖြစ်လေသော
ကြောင့် မတွေ့မဆုံဖြစ်ကြသည်မှာ အတော်ကိုကြာသွားခဲ့ပြီဖြစ်သည်။ ဟိုယခင်က တစ်ပါတ် သုံးခါလောက်
တွေ့ဖြစ် ဆုံဖြစ်ကြသည်။ စကားတွေ ပြောဖြစ်ကြသည်။ စိတ်ဝင်စားရာ ၀ါသနာတူများဖြစ်သည့်အတွက်
တစ်ခုခု လုပ်မည်ဆိုလျှင် နှစ်ခါ ညာညှိစရာမလို ကိုယ့်သဘောသည် သူ့သဘောဖြစ်လို့ သူ့အဆိုသည်လည်း
ကိုယ့်အကြိုက်ဖြစ်ခဲ့ကြလေသည်။ ဒီလိုနဲ့ ရေကြည်ရာ မြတ်နုရာ စီးပွားသာရာ ကိုယ်အားသန်ရာ ရွှေ့ပြောင်း
လုပ်ကိုင်ကြရင်း ကွဲကွာသွားသည်မှာ ကြာခဲ့လေပြီ ။ အလုပ်လည်းမတူတော့သလို ဘ၀လမ်းကြောင်းတွေ
သည်လည်း ပြောင်းလဲ ကုန်ပြီဖြစ်လေသည်။
ယခုတော့ မထင်မှတ်ဘဲ မီးပွိုင့်မှာ မီးနီစောင့်ရင်း ဘေးချင်းယှဉ်ကာ ရပ်မိကြလေသည် တိုက်ဆိုင်မှုကလည်း
တစ်ခါတစ်ရံ အံဝင်ဂွင်ကျ နိုင်ပါလေသည်။ ဒီလိုနဲ့ အနီးဆုံး လဖက်ရည်ဆိုင်သို့ ၀င်ရောက်ကာ ရှေ့ဟောင်း
နှောင်းဖြစ်များ ပြောကြ မာကြောင်းသာကြောင်းများ မေးကြ ဟိုယခင်ကအကြောင်းများ ပြန်လည် ပြောကြရင်း စကားများ ကောင်းလို့နေခဲ့သည်။ ထမင်းစားချိန်လွန်လာသော်လည်း တစ်ယောက်နဲ့ တစ်
ယောက် မတွေ့ဖြစ်တာ ကြာပြီမို့ ပြောစရာ စကားများက မကုန်နိုင်ခဲ့။ အပြင်မှာလည်း မိုးက သဲသဲမဲမဲ
ရွာချလို့နေသည်။ သို့ဖြစ်လေသောကြောင့် လဖက်ရည်သောက်ရင်း ထိုဆိုင်မှာပင် အဆင်ပြေရာ စားသောက်ဖွယ်များ မှာစားရင်း နေ့လည်စာအား အတူစားသုံးဖြစ်ကြပြန်လေသည်။
သူ့အလုပ်အကြောင်းများ မေးမြန်းစုံစမ်းပြီး လိုအပ်သည်များ အကြံဥာဏ်ပေးရင်း ကိုယ့်အလုပ်အကြောင်း
စီးပွားရေးအလားအလာများ တိုင်ပင်မိကြပြန်လေသည်။
ဒီလိုနှင့် ဖေ့ဘုတ်သတင်းများ ဘက် ရောက်ကြပြန်သည်။ ယိုးဒယားက ကလေးများအကြောင်း ဝေဖန်လေ
ကန်ကြသေးသည်။ သူ့အမြင် ကိုယ့််အမြင် ဖလှယ်ကြပြန်သည်။ လက်သီးပြင်းသည့် ကိုအောင်လ အကြောင်း ရောက်ကြပြန်သည်။ ထိုမှ တစ်ဆင့် ငြိမ်းချမ်းရေးစကားဝိုင်းများ အကြောင်း ဆက်ကြပြန်သည်။ နောက်ဆုံးတော့ စတီးမစ်အကြောင်း အမြည်းလေးပေးရင်း သူ့အားပြောပြမိသည်။
အပြင်မှာ မိုးများလည်း တိတ်လေပြီ အလွမ်းသယ်နေတာတွေကို ကိုယ်ရှိန်သပ်ပြီး ထိုနေရာမှ နှစ်ယောက်
သားလမ်းခွဲကြလေသည်။ သူလည်းသူ့ အလုပ်ရှိရာ အရှေ့အရပ်ဆီသို့ထွက်သွားလေသည်။ ကိုယ်လည်း
ိကိုယ့်အလုပ်ရှိရာ အနောက်အရပ်ဆီသို့ ဦးတည်ရလေသည်။ နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ခြင်းသည် ဘယ်အချိန် ဖြစ်လေမည်ကိုတော့ သေချာတိပ မသိနိုင်ပါ။သို့သော် ပြန်လည်ဆုံတွေ့
နိုင်ရန်တော့ ဆုတောင်းပါသည်။ ချစ်သော မိတ်ဆွေများနဲ့ အတူနေရခြင်း အတူရှိရခြင်း အတူဆုံတွေ့ရခြင်း အတူအလုပ်လုပ်ရခြင်း အရေးအကြောင်း ကြီးငယ်များကို ရင်ဖွင့်တိုင်ပင်ရခြင်းတို့သည် ဘ၀အတွက် လိုအပ်သော အားအင်များဖြစ်ပါလေသည်။
@bobokyaw

Sort:  

အရေးအသားတွေက အတော်ပြေပြစ်ပြီး ဖတ်လို့ကောင်းလာတယ်သားရေ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ

This post received upvote from @tipU :) | Voting service | For investors.

Thanks you tipu

မိတ်ဆွေသစ်ကိုရလာပြန်တော့လည်းဝမ်းသာပီတီဖြစ်ရသလို
ကွဲကွာနေသောမိတ်ဆွေဟောင်နဲ့မထင်မှတ်ပဲပြန်ဆုံရပြန်တော့လည်းအံသြပြီးအားရကျေနပ်ရတယ်လေ
စကားလက်ဆုံပြောလိုက်ရတာဟာ နှစ်ဦးလုံးအတွက် ပီတိနှလုံးရွှင်ပြုံးကြမိမှာပေါ့

အေး အဲ့ဒီလိုပါဘဲကွာ
မိတ်ဆွေဆိုတာက ဝေးသွားတဲ့အခါ တန်ဖိုးပိုသိရတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 60080.08
ETH 1572.99
USDT 1.00
SBD 0.42