Mining Cryptocurrency

in #busy6 years ago

online အချိန်ပိုင်းအလုပ်တစ်ခုဖြစ်တဲ့ PTC (Paid to click) ဆ်ုတဲ့ ကြော်ငြာ Ads တွေ click ပြီးငွေရှာတဲ့ လုပ်ငန်းတစ်ခုနဲ့ စမိတ်ဆက်ပေးပါ့မယ်။

အပိုင်း (၁) မှာကျနော်ပြောသလိုပဲ အွန်လိုင်းကနေ ကြော်ငြာတွေကြည့်ရုံနဲ့ ငွေရတယ်ဆိုတာ ဟိုးယခင်တည်းကပါ။ ရတဲ့ငွေကို ထုတ်နည်းမသိလို့ ကျနော်တို့ လုပ်ခွင့်မရခဲ့တာပါ။

အခုတော့ BTC, Perfect Money (PM) တွေ ကိုဒီမှာ ပြန်ရောင်းလို့ရလို့ အဆင်ပြေလာတာပါ။

OK ပထမအနေနဲ့ Online ကနေကြော်ငြာကြည့်ပြီးငွေရှာမယ်ဆိုရင် BTC wallet Or PM Account လိုပါတယ်။ ပြီးရင် အဲဒီ Website မှာ register လုပ် ကြော်ငြာကြည့်ပြီး ငွေထုတ်ရုံပါပဲ။

ကိုယ်လုပ်မယ့် ကြော်ငြာ website က အမှန်တကယ် ပိုက်ဆံပေးမပေးဆိုတာကို ဘယ်လို သိအောင်လုပ်ရမလဲဆိုတည အပိုင်း (၂) မှာတင်ထားပါတယ်။

ကြော်ငြာ webတစ်ခုအလုပ်လုပ်ပုံကို အရင်ရှင်းပါမယ်။ Company တစ်ခုကပစ္စည်းကြော်ငြာချင်တဲ့အခါ ကြည်ငြာWeb တွေနဲ့ စာချုပ်ချုပ်ပြီး တင်ပါတယ်။ ကြော်ငြာ တစ်ခုခန့်မှန်း ကြာချိန် 30 sec ခန့်ရှိပါတယ်။ပြီးအောင်ကြည့်ပေးရပါတယ်။ ပြီး မှပိုက်ဆံရတာပါ။ ကြော်ငြာတစ်ခုကို အများဆုံး 0.001$ ပေးပါတယ်(အောက်ကပုံတွေကြည့်ပါ)ရလာတဲ့ပိုက်ဆံတွေ သတ်မှတ်ပမာဏပြည့်လာတဲ့အါ ကိုယ့် wallet ထဲ ထုတ်လို့ရပါတယ်။

ကျွန်တော်တို့ကြုံရတဲ့ ပြသနာကဘာလဲဆိုတော့ ရတဲ့ ပိုက်ဆံနဲ့ ကုန်တဲ့ ဖုန်းဘေလ် မကာမိတာရယ်။

အဲဒီပြသနာကိုကျော်လွှားဖို့ PTC (Paid to click) ဆိုတဲ့ brooker (ပွဲစား) web တွေပေါ်လာပါတယ်။ အဲဒီအခါ ကျနော်တို့က ကြော်ငြာတွေအဆုံးထိမကြည့်ရတော့ပဲ သတ်မှတ်ပမာဏပြည့်အောင် Click ပေးဖို့ပဲလိုတာပါ။ အခုကျနော်လုပ်နေတဲ့ PTC ဆိုရင် တစ်ရက် click 2000 clickပေးရပါတယ်။

Click 2000 ပြည့်ဖို့ Auto clicker software သုံးရင် ကြာချိန် တစ်နာရီခွဲလောက်နဲ့ ဖုန်းဘေလ် 200Mb လောက်ပဲကုန်ပါတယ်။ ပြန်ရတာက 10$ ပါ။ကျနော်တို့ကိုယ်စား Brooker က ကြော်ငြာကြည့်တာနဲ့ web popularity မြင့်အောင်လုပ်ပေးပါတယ်။ တစ်ခုရှိလာတာက အဲဒီအတွက် brooker ကို service fees သဘောမျိုးပြန်ပေးရတာပါပဲ။
Service fees က 6$ ကျော်ပါတယ်။ ဆိုတော့ကာ ကျနော်အတွက် တစ်ရင် 4$ ကျန်ပါသေးတယ်။

ဒါက PTC site တွေရဲ့သဘောတရားပါပဲ။ အဆင်ပြေကြပါစေ။
သိလိုသည်များမေးနိုင်ပါတယ်။ မမေးခင် အပိုင်း ၁ ၂ ၃ အကုန်ဖတ်စေချင်ပါတယ်။ အောက်မှာ linkပါ။အဆင်ပြေကြပါစေ။ PTC site တွေကို Google ကနေ Paid to click sites ဆိုပြီးရှာလို့ရပါတယ်ဗျ။

အပိုင်း (၁)
https://m.facebook.com/groups/190894131256277?view=permalink&id=578944015784618

အပိုင်း (2)
https://m.facebook.com/groups/190894131256277?view=permalink&id=579038952441791

အပိုင်း (၃)
https://m.facebook.com/groups/190894131256277?view=permalink&id=579268949085458
ငွေကြေးဆိုတာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို မြှုပ်နှံထားတဲ့အရာပါ။ ရွှေ ဆိုတဲ့ သတ္တု လိုမျိုးပါပဲ။ သူတို့ရဲ့ တန်ဖိုးဟာ သူတို့ရဲ့ရှားပါးမှုနဲ့ လိုချင်စဖွယ် ဖြစ်မှု ပေါင်းစပ်ပြီး ထားတာ ပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာ ရွှေပမာဏ ဘယ်လောက် များများ တူးဖော် နိုင်ခဲ့ကြပါပြီလဲ။ စာရင်း အရတော့ မက်ထရစ်တန်ချိန် ၁၇၁,၃၀ဝ ခန့် ရှိပြီလို့ ဆိုပါတယ်။ အလျား၊ အနံ၊ အမြင့် ၆၈ ပေ လောက်ရှိတဲ့ ရွှေကုဗတုံးကြီး တစ်ခုစာ လောက်ကို ရှိနေပါပြီ။ လက်ရှိ ပေါက်ဈေးနဲ့ တွက်ကြည့်မယ် ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၈.၂ ထရီလီယံ တန်ဖိုးရှိတဲ့ ကုဗတုံးကြီး တစ်တုံးပေါ့။ Larry Page ရဲ့ ချမ်းသာကြွယ်ဝမှု၊ ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိတဲ့ Bitcoin ပမာဏ တို့ရဲ့ အဆနှစ်ရာလောက် တန်ဖိုးရှိပါတယ်။ ဒါတွေဟာ လက်ရှိ ပြင်ပ ကမ္ဘာမှာ လည်ပတ် နေတဲ့ငွေတွေ၊ ရွှေတွေနဲ့ အခုနောက်ဆုံးပေါ် Cryptocurrencies တို့ရဲ့ နှိုင်းယှဉ်မှုတွေ ဖြစ်ပါတယ်။ အခုဆိုရင် Bitcoin စတင် တည်ထောင်ရာမှာ ပါဝင် ပတ်သက် ခဲ့ဖူးသူ Charlie Shrem ဟာ ထောင် ဒဏ်ကျခံပြီးနောက် ထောင်ကနေ လွတ်မြောက် လာခဲ့ပါပြီ။ စိတ်သစ်၊ လူသစ်၊ အလုပ်အသစ်တွေ နဲ့ပေါ့။

Charles ‘Charlie’ Shrem IV ဟာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ မွေးဖွားခဲ့ သူ ဖြစ်ပြီး အမေရိကန် စွန့်ဦးစီးပွားရေး သမားတစ်ဦးပါ။ Bitcoin လိုမျိုး Cryptocurrencies တွေကို ထောက်ခံအားပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ယနေ့ခေတ်မှာ ပျောက် ကွယ်သွားပြီဖြစ်တဲ့ BitInstant ကုမ္ပဏီကို ပူးတွဲ တည်ထောင် သူဖြစ်ခဲ့ပြီး BitInstant ဟာ Bitcoin တည်ထောင်ရာမှာ အရေးပါတဲ့ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဒီဇင် ဘာလမှာတော့ Charlie Shrem ဟာ တရားမဝင် ငွေကြေး လွှဲပြောင်းမှုပုဒ်မနဲ့ ထောင်ချ ခံခဲ့ရပါတယ်။ တရားမဝင် ငွေကြေးလွှဲပြောင်းမှု ဆိုတာထက် Silk Road လို့ခေါ်ဆိုကြတဲ့ အွန်လိုင်း မှောင်ခိုဈေးကွက် အတွင်း ဥပဒေနဲ့ မလွတ်ကင်းတဲ့မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ငွေကြေး အနုတ်အသွင်း အတွင်း ပါဝင်ပတ်သက်ခဲ့လို့ဆိုရင် ပိုမှန်ပါလိမ့် မယ်။ ထောင်ကနေ လွတ်မြောက် လာလာချင်းပဲ Bitcoin အမှတ်တံဆိပ် ပါတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး လက်ထဲမှာ Absinthe ဖန်ခွက်ကိုင် ထားကာ Charlie Shrem ပြောလိုက်တဲ့ စကားက Cryptocurrencies ဈေး ကွက်ကို လှုပ်ခတ်စေခဲ့ပါတယ်။ သူပြောတာက "ကျုပ် စကားလုံး တွေဟာ ရွှေဖြစ်ပါတယ်" ဆိုတာပါပဲ။
image
လက်ရှိအချိန်မှာ တန်ဖိုးကြီးတဲ့ ကမ်းခြေမှာ အဖိုးတန် အဝတ်အစားဝတ်၊ ဈေးကြီးတဲ့ ယမကာကို ဇိမ်ခံသောက်နေသူ တစ်ဦးဟာ သူ့ရဲ့ကျဆုံးမှု မတိုင်ခင်က Bitcoin မှာ သန်း ကြွယ်သူဌေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၂၇ နှစ် ရှိနေပြီဖြစ်တဲ့ Charlie Shrem ဟာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ထပ်မံသက်သေ ပြနိုင်ဖို့ စိတ်ကူးနေ ပုံပါပဲ။ ထောင်ကနေ လွတ်ပြီး ဆယ်လ အကြာမှာပဲ Charlie Shrem တစ်ယောက် အလုပ် အသစ်ရရှိခဲ့ပြီး မကြာမီ အချိန်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည် တွေကို မြင်တွေ့ကြရ ပါတော့ မယ်။ ဥပမာ အနေနဲ့ Cryptocurrency ဈေးကွက်ကို ထရီလီယံ ပမာဏရှိတဲ့ ဈေးကွက် တစ်ခု ဖြစ်အောင် တည်ဆောက်ပြနိုင်မလား ဆိုတဲ့အရာမျိုးတွေပေါ့။

တကယ်တမ်းလည်း Charlie Shrem ရှိနေချိန် တုန်းက ဒစ်ဂျစ်တယ် ငွေ ကြေး အမျိုးအစား တွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ကြီးထွား ရှင်သန် ခဲ့ပါတယ်။ အခုဆိုရင် Bitcoin နဲ့ သူ့အပေါင်း အဖော် တွေရဲ့ တန်ဖိုး ပမာဏဟာ အမေရိကန် ဒေါ်လာ ၁၀၇ ဘီလီယံ လောက် အထိကို ဖြစ်နေခဲ့ ပါပြီ။ ပြောရမယ်ဆိုရင် နှစ်တစ်နှစ် အတွင်း တန်ဖိုးပမာဏ ခြောက်ဆ အထိ တက်လာတဲ့ သဘောပါပဲ။ ဒါဟာ ကမ္ဘာ့ငွေကြေး စနစ်တစ်ခုလုံးရဲ့ ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲခြင်း ဖြစ်ရုံမျှမက သမိုင်းဝင် အစိတ် အပိုင်းတစ်ခု ပြောင်းလဲခြင်းရဲ့ အစလို့လည်း ဆိုလို့ ရပါတယ်။ ဒီနေ့ဒီအချိန် မှာတော့ အမေရိကန် ဒေါ်လာ ၆.၆ ဘီလီယံပမာဏ ရှိတဲ့ ဒစ်ဂျစ်တယ် တိုကင် တွေဟာ နေ့စဉ် အရောင်းအဝယ် ဖြစ်နေပြီး တကယ့် ငွေကြေး ဈေး ကစားသူ အကြီးစားများ ဖြစ်ကြတဲ့ Goldman Sachs ၊ Visa ၊ Capital One? Nasdaq နဲ့ New York Stock Exchange တို့ကပါ ဖြစ်ပေါ်လာ တဲ့ နည်းပညာ ငွေကြေး ဈေးကွက်အတွင်း ပါဝင်ကပြလာခဲ့ကြရပါပြီ။ ၂၀၁၁ ခုနှစ် Charlie Shrem တစ်ယောက် BitInstant ကို စတင် တည်ထောင် ခဲ့စဉ် ကတော့ ကုမ္ပဏီဟာ အစောဆုံး ဒစ်ဂျစ်တယ် ငွေကြေး ကုမ္ပဏီတွေ ထဲက တစ်ခုပေါ့။ သူ့ရဲ့ ဒစ်ဂျစ်တယ် တိုကင် တွေကို ဒေါ်လာအဖြစ် ပြောင်းလဲရာမှာလည်း နည်းပါးတဲ့ ပမာဏ တစ်ခုသာ ရှိခဲ့တာပါ။ ၂၀၁၃ ခုနှစ် မှာတော့ Bitcoin ရဲ့ ငွေလွှဲမှုပမာဏ သုံးပုံတစ်ပုံကို BitInstant ကနေ့ တစ်ဆင့် လွှဲပြောင်းခဲ့ရ ပါတော့ တယ်။ Charlie Shrem ရဲ့အပြောအရ "တကယ်လို့ လူ ဆယ် ယောက်ကိုစကား ပြောကြည့်မယ် ဆိုပါစို့။ အဲဒီဆယ်ယောက်ထဲက ခုနစ်ယောက် ဟာ Bitcoin ကို BitInstant ကနေ ဝယ်ခဲ့သူတွေချည်းပါပဲ" လို့ အတိတ်က အောင်မြင်မှု အနည်းငယ်ကို ညွှန်းဆိုခဲ့ပါတယ်။

မှန်မှန်ကန်ကန် သုံးသပ်ရမယ် ဆိုရင်လည်း Charlie Shrem ဆိုတာ အရောင်း မြှင့် တင် သူတွေကို မြှင့်တင်ပေးနိုင်တဲ့ မွေးရာပါ ပါရမီရှင်လို့ ပြောလို့ရပါတယ်။ Cryptocurrency ခေတ်ဦးမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဒစ်ဂျစ်တယ် ငွေကြေးနယ်ပယ် မှာတော့ တကယ့်ကို ဆရာ တစ်ဆူ ဖြစ်ခဲ့သလို ယနေ့တိုင်လည်း ဖြစ်နေဆဲလို့ ယုံကြည်ရသူပါ။ ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ The Rise and Rise of Bitcoin မှာလည်း ထည့်သွင်း ရိုက်ကူး ရသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဘာတွေ ဘယ်လိုပဲ ပြောပြော Charlie Shrem ဟာ Bitcoin ရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတစ်ရပ် ဖြစ်နေတာကတော့ အသေအချာပါပဲ။ တကယ်လို့သာ မြေ အောက် ဈေးကွက်အတွင်းက မူးယစ်ဆေးဝါး ဝယ်ယူမှု ဇာတ်လမ်းမှာသာ ပါဝင်ပတ် သက်ခဲ့ခြင်း မရှိရင် Bitcoin နဲ့ Charlie Shrem တို့ရဲ့ အနေအထားက ယနေ့ အနေ အထားနဲ့ အများကြီး ပိုမိုကြီးထွားနိုင်ဖွယ် ရှိနေပါသေးတယ်လို့ ဒစ်ဂျစ်တယ် ငွေကြေးလေ့လာ သုံးသပ်သူတွေက ဆိုကြပါ တယ်။

အခုဆိုရင် Charlie Shrem တစ်ယောက် ထောင်ကနေ လွတ်မြောက်နေပြီ ဖြစ်သလို ကမ္ဘာကြီးကလည်း တော်တော်လေးကို ပြောင်းလဲသွားခဲ့ပါပြီ။ ဒစ်ဂျစ်တယ် ငွေကြေးဈေး ကွက် စတင်စဉ်က Bitcoin ဟာ တစ်ခုတည်းသော Cryptocurrency ဖြစ်ခဲ့ပေမဲ့ အခု တော့ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဦးဆောင်နေရာမှာ တော့ တည်ရှိနေပါသေးတယ်။ တစ်စ ထက်တစ်စ ပိုပိုကြီး ထွားခိုင်မာ လာနေတဲ့ Bitcoin ကို မွေးရာပါ အရောင်းမြှင့်တင်ရေး မြှင့် တင်ပေးနိုင်သူ Charlie Shrem တစ်ယောက် ဘာတွေများ ထပ်မံထောက်ပံ့ပေး နိုင်မလဲ ဆိုတာ ကလည်း ဒစ်ဂျစ်တယ် ငွေကြေး လောကမှာတော့ စိတ်ဝင်စားစရာ အနာဂတ် တစ်ခု ဖြစ်နေ တော့တာပါပဲ။ Bitcoin ကို အမည်ဝှက်နဲ့ တီထွင်ခဲ့သူ Satoshi Nakamoto က သူရဲ့ တီထွင်မှုကို ဘယ်သူ့ကိုမှ ပိုင်ဆိုင်ခွင့် မပေးထားဘဲ လူတိုင်း ပါဝင်လိုပါက ပါဝင်ခွင့် ရအောင် ဒီဇိုင်းပြုလုပ် တည်ဆောက် ခဲ့တာပါ။ ဗဟိုချုပ်ကိုင်မှု မရှိဘဲ နေရာဒေသတိုင်းကို ဖြန့်ကြက်ထားတဲ့ စနစ်တစ်ခုလို့လည်းပြော လို့ရပါတယ်။ Bitcoin ကို စတင် အသုံးပြု ဖို့ အတွက် Bitcoin Wallet App တစ်ခု၊ Bitcoin အကောင့်တစ်ခု လိုအပ်မှာဖြစ်သလို စတင် အသုံးပြု လိုတဲ့ ငွေကြေးကိုလည်း အပြင်ပိုက်ဆံနဲ့ ပေါက်ဈေးအတိုင်း ဝယ်ယူ ရမှာဖြစ်ပါ တယ်။ တကယ်လို့ ငွေလွှဲမယ် ဆိုရင်တော့ ငွေလက်ခံမယ့်သူရဲ့ Bitcoin လိပ်စာကို လွှဲ ပို့လိုတဲ့ ငွေပမာဏ သတ်မှတ်ပြီး Wallet ကနေ တစ်ဆင့် လွှဲပို့ရမှာပါ။ လက်ခံသူကို Wallet က ထုတ်ပေးထားတဲ့ ကိုယ့်ရဲ့ လိပ်စာကိုလည်း ပို့ထားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အကောင့် လိပ်စာဟာ Cryptography နည်းပညာနဲ့ ပြုလုပ်ထားပြီး ကိန်းဂဏန်း တွေနဲ့ စာလုံးတွေ ရောစပ်ထားတဲ့ ဖော်ထုတ်ဖို့ရာ မဖြစ်နိုင်တဲ့ စာကြောင်းတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် ငွေလွှဲပို့မှုတွေ ပြုလုပ် ထားတဲ့ မှတ်တမ်းတွေကိုတော့ Blockchian လို့ခေါ်တဲ့ လယ်ဂျာနဲ့ သိမ်းဆည်းထားမှာဖြစ်ပါတယ်။ လွှဲပို့သူ ကိုယ်တိုင်ကလည်း အဆိုပါလယ်ဂျာ ကော်ပီကို သိမ်းဆည်း ထားနိုင်ပါတယ်။ လယ်ဂျာထဲ ရောက်ရှိသွားပြီဖြစ်တဲ့ ငွေလွှဲမှတ် တမ်းတွေကိုတော့ ဘယ်သူမှပြင်ဆင်လို့ မရတော့ပါဘူး။ ပြောရမယ်ဆိုရင် Satoshi Nakamoto ကိုယ်တိုင်တောင် ပြင်ဆင်ခွင့် မရနိုင်တော့ဘူးလို့ ဆိုပါတယ်။ Bitcoin အသုံး ပြုသူ တစ်ဦးဟာ သူ့မှာ Bitcoin ဘယ်လောက် ပိုင်ဆိုင်ထားလဲဆိုတာကို သိမ်းမှတ် ထား ခြင်းမရှိတဲ့ အတွက် အလွယ်တကူတော့ ပြန်လည် စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ တကယ် လို့ သိရှိလိုရင်တော့ ငွေလွှဲမှတ်တမ်းတွေကို ပြန်လည်ဖွင့်ရှာပြီး တွက်ချက် ရယူမှာပဲဖြစ် ပါတယ်။ Bitcoin ငွေလွှဲမှုမှတ်တမ်းအားလုံး ပါဝင်တဲ့အမြဲတမ်း ပြောင်းလဲနေတဲ့ လယ်ဂျာ ကော်ပီ၊ Blockchain ကတော့ Bitcoin Software အသုံးပြုသူတိုင်းရဲ့ဖုန်းတွေ၊ ကွန်ပျူတာ တွေမှာ သိမ်းဆည်းထား မှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီလယ်ဂျာဟာ အားလုံးအတွက် ဖွင့်လှစ်ပေးထားတဲ့လမ်း ကြောင်းတစ်ခုပဲဖြစ် ပါတယ်။ Bitcoin အသုံးပြုသူအားလုံး အတွက် တူညီတဲ့ အခွင့်အရေးကို ညီတူမျှတူ ရရှိစေနိုင်တဲ့ လမ်းကြောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Blockchain နည်းပညာရဲ့ အနှစ်သာရကိုက ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ခြင်းပါ။ ဘယ်လို ဗဟို ချုပ်ကိုင်မှု အဖွဲ့ အစည်းအစိုးရ တစ်ရပ်ကိုမှ လိုအပ်မှာ မဟုတ်ပါဘူး။ ဘယ်လိုကုမ္ပဏီ၊ အစိုးရ၊ ဘဏ် အစရှိသဖြင့်ပေါ့။ အားလုံးရဲ့ အလယ်မှာ ရပ်တည်နေပြီး အားလုံးကို အခွင့် အရေး ညီမျှစွာပေးထားတဲ့ ငွေကြေးအမျိုးအစား တစ်ခုလို့ဆိုနိုင်ပါ တယ်။ Fortune မဂ္ဂဇင်း ဆောင်းပါးရှင် Lucinda Shen ရဲ့အဆိုအရ လွန်ခဲ့တဲ့ နှစ်တုန်းကဆိုရင် Bitcoin တစ်ပြား ရဲ့ တန်ဖိုးက ဆင့်တစ်ဆင့်ရဲ့ လေးပုံတစ်ပုံပဲ ရှိ ခဲ့တာဖြစ်ပါတယ်။ ယခုအချိန် မှာတော့ Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂,၂၀ဝ ရဲ့အထက်ကို ရောက်ရှိ လို့နေခဲ့ ပါပြီ။ လွန်ခဲ့တဲ့ နှစ်တုန်းကနဲ့စာရင် အဆပေါင်း ၈၇၉,၉၉၉ အထိကြီးထွားလာတဲ့ Bitcoin ပါလို့သာဆိုပါရစေ။ တကယ်လို့ရင်းနှီမြှုပ်နှံသူတစ်ဦးဟာ အဲဒီအချိန်က ငါးဒေါ်လာလောက် အသုံးပြုပြီး Bitcoin တွေ ဝယ်ယူထားပါက ယနေ့အချိန်ဆိုရင် အမေရိကန် ဒေါ်လာ ၄.၄ သန်းချမ်းသာသူ တစ်ဦးဖြစ်နေပါပြီ လို့လည်း ဆိုလို့ရပါတယ်။ Bitcoin နဲ့ တခြားဒစ်ဂျစ် တယ် ငွေ ကြေးတွေကို ဥရောပ၊ အမေရိကန်နိုင်ငံနဲ့ အာရှမှာဆိုရင် ဂျပန်လိုနိုင်ငံမှာ ပါ တရားဝင် အသုံးပြုလို့ရပြီ ဖြစ်တဲ့အတွက် တန်ဖိုးက တရိပ်ရိပ် တက်လာတယ်လို့ဆိုရင် အစိတ်အပိုင်းတစ်ခုအနေနဲ့တော့မှန်ကန် တဲ့အမှန်တရား တစ်ခုပါ။ ဒါဆိုရင် Bitcoin ကို အသုံးပြုပြီး ငွေလွှဲပြောင်းမှု ပထမဆုံး ပြုလုပ်ခဲ့သူ ဘယ်သူများဖြစ်မလဲ။ Bitcoin Talk' မှာပါဝင်ခဲ့တဲ့ Laszlo Hanyecz လို့ခေါ်တဲ့ Software Programmer တစ်ဦးက ပီဇာနှစ်ခု အတွက် Bitcoin တစ်သောင်းပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ နောက်ထပ်သုံးရက်အတွင်း ဘယ်သူကမှ သူ့ရဲ့ ကမ်းလှမ်းချက်ကို မတုံ့ပြန်ခဲ့ကြပါဘူး။ Laszlo ကတော့ သူ့ရဲ့ကမ်း လှမ်းမှု Bitcoin ပမာဏက အရမ်းနည်းနေလို့ ဘယ်သူကမှ စိတ်ဝင်စားမှုမရှိခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။

တကယ်တော့ အသုံးပြုသူ တစ်ဦးအတွက် ပီဇာနှစ်ခုအတွက် ကုန်ကျငွေက အများဆုံးရှိမှ အမေရိကန် ဒေါ်လာ ၂၅ ပဲ ရှိခဲ့ပါတယ်။ တကယ်လို့သာ ပီဇာနှစ်ခုကို Bitcoin တစ်သောင်း နဲ့ လဲလှယ်ခဲ့သူ တစ်ဦးတစ်ယောက် ရှိနေခဲ့မယ်ဆိုရင် အဲဒီလူဟာ ဒီနေ့မှာ အမေရိကန် ဒေါ်လာ ၂၂ သန်း ကြယ်ဝနေပါပြီ။ ဒါပေမဲ့ လူ့လောကကြီးရဲ့ ထုံးစံအတိုင်း အကောင်း ချည်းတော့ ဘယ်အရာမှ မရှိဘူးမလား။ ဗဟိုထိန်းချုပ်ခြင်း ကင်းမဲ့တဲ့ ဇုန်ဖြစ်နေတဲ့ ဒစ်ဂျစ် တယ် ငွေကြေးရှေ့ပြေး Bitcoin မှာလည်း အဆိုးတရားတွေက အပြည့်နဲ့ပါပဲ။ ထောင်ဒဏ် ကျခံခဲ့ရတဲ့ Charlie Shrem ကိုပဲ လေ့လာကြည့်မလား။ ဒါမှမဟုတ် အခု လတ်တလောနာ မည်ကျော်နေတဲ့ Cyber တိုက်ခိုက်မှုတွေကိုပဲ ကြည့်မလား။ မနေ့တစ်နေ့ကပဲ Petya လို့ခေါ်တဲ့ WannaCry လိုမျိုး Ransomware တစ်မျိုးပေါ်လာပါတယ်။ ထုံးစံအတိုင်း Windows OS လိုမျိုး OS တစ် ခုတည်းကိုဝင်ရောက်သွားရင် ကွန်ပျူတာအတွင်းမှာရှိတဲ့ ဒေတာတွေ အားလုံးကို Encrypt လုပ်ပစ်မယ်။ Encrypt လုပ် ထားတဲ့ဒေတာတွေ ကို ပြန် လိုချင်ရင် တောင်းဆိုထားတဲ့ အတိုင်း ငွေကြေးပေးချေမှ Decrypt ပြန်လုပ်ပေးမယ် ဆိုမျိုး ပေါ့။ အဲဒီနေရာမှာ Bitcoin ကအရေးကြီးတဲ့ ကဏ္ဍတစ်ခု အဖြစ် ပါဝင်ပတ်သက်နေ ပြန်ပါ တယ်။ တောင်းဆိုထားတဲ့ ငွေကြေးတွေကို Bitcoin ကနေတစ်ဆင့် လွှဲပြောင်းပေး ရမယ် ဆိုတာမျိုးပေါ့။ အဆိုးတွေ၊ အကောင်းတွေဆိုတာကိုနားမလည်တဲ့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့ဇုန် Bitcoin ရဲ့အနာဂတ်ကြီးထွား ရှင်သန်မှုကတော့ တကယ့်ကို အံ့အားသင့်စရာတွေ ချည်း ပါပဲ။ ဘယ်လိုပဲဆိုဆို Bitcoin လိုမျိုး ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဟာ အနာဂတ်ရဲ့ ငွေကြေး စနစ်တစ်ခု ဖြစ်နေတာကတော့ အမှန်ပါပဲလို့ဆိုပါရစေ။

ပြီးခဲ့တဲ့သောကြာနေ့က Bitcoin တစ်ခုရဲ့ တန်ကြေးဟာ ဒေါ်လာ ၆,၀၀၀ အထိရှိလာပြီး အမြင့်ဆုံးဈေးနှုန်း ရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘဏ္ဍာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ JPMorgan Chase ရဲ့အမှုဆောင်အရာရှိချုပ် ဂျေမီဒိုင်မွန်က bitcoin ကို လိမ်လည်မှုတစ်ခုလို့ ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၆,၀၀၀ နဲ့အထက် ရောက်ရှိနေတယ်လို့ CoinDesk ကဖော်ပြခဲ့ပါတယ်။
Bitcoin ဟာ ၂၀၁၇ ခုနှစ်အတွင်း စံချိန်တင်တန်ဖိုးတွေ ရရှိနေပါတယ်။ ဇန်နဝါရီလ ၁ ရက်မှာ Bitcoin တစ်ခုရဲ့တန်ဖိုးက ဒေါ်လာ ၁,၀၀၀ အောက်သာရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ Bitcoin ရဲ့တန်ဖိုးဟာ အလွန်အမင်းမြင့်တက်နေပြီး အချိန်မရွေး ပြိုလဲနိုင်ပါတယ်။
အခုလို ဈေးနှုန်းအလွန်အမင်း တိုးတက်မှုကြောင့် Bitcoin ကိုဖန်တီးသူဟာ အကျိုးအမြတ်ကြီးမားစွာ ရရှိနေကာ သူ့ကိုတော့ အမည်ဝှက် ဆာတိုရှီနာကာမိုတိုလို့ပဲ သိထားကြပါတယ်။ ဆာတိုရှီဟာ bitcoin ၉၈၀,၀၀၀ ခန့် ပိုင်ဆိုင်တာကြောင့် တန်ကြေး ဒေါ်လာ ၅.၉ ဘီလျံရှိတယ်လို့ Quartz ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဆာတိုရှီဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ အဆင့် ၂၄၇ ကို ရောက်ရှိလာခဲ့ပါတယ်။

Bitcoin ကိုစတင်တီထွင်သူတွေဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာပါဝင်လာခဲ့ပြီဖြစ်တဲ့အတွက် Bitcoinရဲ့တန်ဖိုးကို လက်ရှိဈေးနှုန်းထက်ထိုးတက်အောင်ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်.
Bitcoin ကိုစတင်တီထွင်ခဲ့သူတွေဟာ သူတို့ရဲ့နည်းပညာပိုင်းတွေကို မဖြန့်ဝေထားတဲ့အတွက် Bitcoinကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်လို့မရပါဘူး ဒါ့ကြောင် Bitcoinဟာ လုံးဝမပျောက်ကွယ်ပဲ အမြဲတမ်းရှင်သန်သွားမှာဖြစ်ပါတယ်
တကယ်လို့အကြောင်းအမျိုးမျိုးကြောင့်Bitcoin ပျောက်ကွယ်သွားမယ်ဆိုရင်
တောင် ကျန်coinပေါင်း ၁၀၀၀ ဟာ ဆက်လက်ရှိနေဦးမှာဖြစ်တဲ့အတွက်
Crytocurrencies တွေဟာအမြဲတမ်းရှင်သန်နေဦးမှာဖြစ်ပါတယ်

ဆက်လက်ပြီးအွန်လိုင်းမှာCrytocurrencies တွေရဲ့ဈေးအတက်အကျကို အကျိုးအမြတ်ကျန်အောင်ကစားပြီးတစ်ပိုင်တစ်နိင်စီးပွားဖြစ်လုပ်နေတဲ့Traderတွေအကြောင်းအကြမ်းမျဉ်းပြောပြချင်ပါတယ် ..Coinပေါင်း၁၀၀၀ကျော်ရှိလာပြီဖြစ်တဲ့အတွက်Crytocurrenciesတွေ များပြားလာသလို Crytocurrenciesတွေရဲ့ဈေးအတက်အကျကိုကစားမယ့်အွန်လိုင်းTradingဆိုဒ်တွေဟာလည်းမြောက်များစွာရှိလာပါပြီ တစ်ချို့က အွန်လိုင်းမှာ Crytocurrencies တွေကိုTradeလုပ်မယ်ဆိုရင် အမြတ်ရဖို့ထက် ရှုံးနိင်ခြေများတယ်လို့အထင်အမြင်လွှဲမှားနေကြပါတယ်.အွန်လိုင်းက Traderတွေကို လူလိမ်တွေလို့ အထင်အမြင်လွှဲများနေကြတာတွေလည်းရှိပါတယ်. ဒါဟာမှားယွင်းတဲ့အထင်အမြင်ယူဆချက်ပါ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းဟာ Traderတစ်ယောက်ဖြစ်နိင်ခွင့်ရှိပေမယ့်
Traderတစ်ယောက်ဖြစ်ဖို့မလွယ်ကူပါဘူး သင်ဟာ အွန်လိုင်းမှာCrytocurrenciesတွေရဲ့ဈေးအတက်အကျကိုကြည့်ပြီးအကျိုးအမြတ်ကျန်အောင်လုပ်မယ့် Traderတစ်ယောက်အဖြစ်စတင်တော့မယ်ဆိုရင် အရင်ဆုံး
Crytocurrenciesအကြောင်းသိထားဖို့လိုပါမယ်.coinဈေးအတက်အကျတွေကိုခန့်မှန်းဖို့အတွက် နိင်ငံခြားPage,Blog,Website,ဖိုရမ်တွေမှာ နိင်ငံတကာက Traderတွေ/Coinစုသူတွေ ရဲ့ ဆွေးနွေးမှုတွေကိုလေ့လာထားဖို့လိုပါမယ်.Coindeskလို Websiteတွေမှာ အွန်လိုင်းCurrenciesတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို အချိန်ပေးပြီးဖတ်ဖို့လိုပါမယ်
ကျွမ်းကျင်ဖို့အတွက် အချိန်ကိုအတိုင်းအတာတစ်ခုထိပေးဆပ်ဖို့လိုပါမယ်.နိင်ငံတကာက Traderသမားတွေဟာ Traderတစ်ယောက်ရဲ့ဘဝကိုအလွယ်တကူဖြစ်လာကြတာမဟုတ်ပါဘူး
စာတွေများစွာဖတ်ရတယ်,coinတွေအကြောင်းလေ့လာရတယ်,အချိန်တွေပေးဆပ်ရပါတယ်..ယခုဆိုရင်အွန်လိုင်းမှာ Crytocurrenciesတွေရဲ့ဈေးအတက်အကျကိုကစားတဲ့ Traderတွေရဲ့လူဦးရေဟာ တစ်နေ့ထက်တစ်နေ့များပြားလာပြီး
လူပေါင်းသန်းချီရှိလာပါပြီ..ဘာလို့ Traderတွေ တစ်နေ့ထက်တစ်နေ့များပြားလာလဲဆိုရင်အရှုံးနည်းပြီး လုံးဝအကျိုးအမြတ်ကျန်လို့ပါပဲရှုံးတယ် မြတ်တယ်ဆိုတာကလည်းTraderတစ်ယောက်ရဲ့ coinရွှေးချယ်တတ်မှု,ဗဟုသုတကြွယ်ဝမှု,ကျွမ်းကျင်ပါးနပ်မှု,စဉ်းစားတွေးခေါ်တတ်မှု စတဲ့အချက်တွေပေါ်မူတည်ပါတယ်
Traderတွေဟာ အချိန်တိုင်းစက္ကန့်တိုင်းမှာcoinတွေရဲ့ဈေးအတက်အကျကိုကြည့်ပြီး အကျိုးအမြတ်များစွာကျန်အောင်ဖန်တီးယူလို့ရပါတယ်အကြမ်းမျဉ်းဘယ်လိုအမြတ်ကျန်အောင်လုပ်ရမလဲဆိုရင် မိမိTradeမယ့်/စုမယ့်
coinရဲ့ဈေးနှုန်းဟာ ဈေးထိုးကျသွားတဲ့အချိန်မှာ ဝယ်စုထားပြီး ဈေးပြန်ထိုးတက်တဲ့အချိန်မှာပြန်ရောင်းရင် အကျိုးအမြတ်များစွာ ရရှိနိင်ပါတယ်..တကယ်လို့ မိမိဝယ်ထား/စုထားတဲ့ coinတွေဟာ ဈေးထိုးကျသွားခဲ့ရင်လည်း
ဆုံးရှုံးနိင်ပေမယ့် coinတွေကို တီထွင်ဖန်တီးထားတဲ့သူတွေဟာ သူတို့တီထွင်ဖန်တီးထားကြတဲ့ coinတွေဈေးထိုးတက်အောင်အမြဲတမ်းကြိုးစားနေကြတဲ့အတွက် coinတွေဟာဘယ်လောက်ပဲဈေးထိုးကျသွားပါစေ
ဈေးပြန်ထိုးတက်မယ့်အချိန်ကို စိတ်ရှည်ရှည်စောင့်ပြီး အမြတ်ကျန်အောင်လုပ်ဖို့လိုပါတယ်
ပြီးခဲ့တဲ့လက မြန်မာပြည်တွင်းမှာBitcoinကို (တားဆီးဖို့ကြိုးစားတဲ့သူတွေ)နဲ့ (Bitcoinလက်ခံသူတွေ,onlineမှာငွေရှာသူတွေ,online Traderတွေ) အပြန်အလှန်စကားများပြီးအငြင်းပွားဖွယ်တွေဖြစ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ 1bitcoinရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀၀၀ကျော်ပဲရှိပါသေးတယ်..အခုဆိုရင် 1bitcoinရဲ့ တန်ဖိုးဟာ ဒေါ်လာ၆၀၀၀ကျော်ထိ ဈေးထိုးတက်လာပါပြီ နိင်ငံတကာမှကျွမ်းကျင်ပညာရှင်များကလည်း Bitcoinနှင့် Crytocurrenciesတွေရဲ့တန်ဖိုးဟာဆက်လက်ဈေးတက်ဖွယ်ရှိကြောင်း သုံးသပ်ထားကြပါတယ်
ဒါ့ကြောင့် Crytocurrenciesတွေရဲ့ဈေးအတက်အကျကိုကစားတဲ့အွန်လိုင်း Tradingလုပ်ငန်းတွေဟာ mlmမဟုတ်ပါဘူး
အွန်လိုင်းTradingလုပ်ငန်းတွေဟာ ဆုံးရှုံးမှုနည်းပါးပြီး အကျိုးအမြတ်များစွာကျန်နိင်သလိုအွန်လိုင်း Traderတွေဟာလည်း
လူလိမ်တွေမဟုတ်ပါဘူး

ဆက်လက်ပြီးအွန်လိုင်းမှာငွေရှာနေကြသူများအကြောင်းကို အကြမ်းမျဉ်းပြောပြပါဦးမယ်
တစ်ချို့က အွန်လိုင်းမှာငွေရှာနေကြသူအများစုကိုလူလိမ်တွေလို့အထင်အမြင်လွှဲမှားနေကြတာရှိပါတယ်
ဒါဟာလွှဲမှားတဲ့ထင်မြင်ယူဆချက်တွေပါ..အွန်လိုင်းမှာငွေရှာနည်းပေါင်းရာကျော်ရှိပါတယ်
.ငွေရှာနည်းပေါင်းရာကျော်ရှိတဲ့အတွက် နိင်ငံတကာမှာ အွန်လိုင်းမှာငွေရှာတဲ့သူတွေဟာ သန်းချီရှိလာပါပြီ ..
အွန်လိုင်းငွေရှာနည်းတွေကို အကြမ်းမျဉ်းပြောပြရရင် -
-Trading
-Cloud Mining
-Investment
-Paid to click
-Paid Surveys
-Get Paid to Tweet
-Surveys
-Typing
-Betting
-Advertising
-Affiliate Marketing
-Market Research
-Blog Ads
-Sell Old Books
-Sell Designs
-Online Rewards Sites
-Phone Apps
-Freelance Gigs
-Write Articles.
-Micro Jobs
စတဲ့ငွေရှာနည်းတွေအများအပြားရှိပါတယ်
အွန်လိုင်းငွေရှာနည်းပေါင်း၁၀၀ကျော်ကိုအောက်ပါလင့်မှာ အသေးစိတ်လေ့လာနိင်ပါတယ်
http://moneypantry.com/free-ways-to-make-money-online/

Onlineငွေရှာလောကမှာအောင်မြင်နေသူများနှင့်ကျရှုံးသွားသူများအကြောင်းကိုအသေးစိတ်ရှင်းပြထားတဲ့စာအုပ်ကိုရေးပြီးတင်ပေးလိုက်ပါတယ်....စာအုပ်ထဲမှာ onlineငွေရှာနည်းလမ်း ၁၀၀ ကျော်ပါတဲ့ နိင်ငံခြားငွေရှာဆိုဒ်ကိုလေ့လာလို့ ရအောင်လမ်းညွှန်ပေးထားပါတယ်... မည်သူမဆို ဒေါင်းဖတ်ပြီး onlineငွေရှာနည်းလမ်း ပညာရပ်များကို လေ့လာနိင်ပါတယ်..ခုမှအွန်းလိုင်းငွေရှာနည်းများကိုစတင်လေ့လာနေသူများအတွက် Knowledgeရလိမ့်မယ်လို့ထင်ပါတယ်

စာအုပ်ဒေါင်းရန် -
https://my.pcloud.com/publink/show?code=XZnSSdZPYtM4oOxqb8zOdXCNdkf98QSGepX

အွန်လိုင်းပေါ်မှာငွေရှာရင်းသန်းကြွယ်သူဌေးဖြစ်သွားတဲ့သူတွေအများကြီးရှိပါတယ်အဲ့လိုလူတော်တွေထဲကမှ
အွန်လိုင်းပေါ်မှာငွေရှာရင်းသန်းကြွယ်သူဌေးဖြစ်သွားတဲ့ Ewen Chiaအကြောင်းအကြမ်းမျဉ်းပြောပြချင်ပါတယ် .
Ewen Chiaသည် London University မှB(Sc) Management Honors Degree တစ်ခုကို ရရှိခဲ့ပါတယ်.
ပညာရေးသင်ပြီးတဲ့နောက်ပိုင်း onlineမှာငွေရှာနေသူများနှင့်တွေ့ဆုံကာငွေရှာနည်းများကိုဆွေးနွေးတွေ့ဆုံပြီး
1997ခုနှစ်တွင် Internet Businessကိုစတင်လေ့လာခဲ့ပါတယ်.
Ewen Chiaသည် နေ့တိုင်း 11pm-2am အတွင်း သူရဲ့အချိန်ပိုင်း internet bussinessကို
၅နှစ်တိုင်အောင်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်.
်2002ခုနှစ်တွင် Ewen Chiaသည် online making moneyကို စတင်အကောင်ထည်ဖော်ခဲ့ပြီး
internet businessနှင့် internet marketing နစ်ခုစလုံးကို online,offline လုပ်ကိုင်ရန်
programsများစွာတီထွင်ဖန်တီးခဲ့ပါတယ် ..နောက်ပိုင်းတွင် Ewen Chiaသည်
သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် onlineငွေရှာလောကတွင်လူသိများသောသန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်.
2006ခုနှစ်တွင် Ewen Chiaသည်13နိင်ငံတွင် လက်တွေ့ငွေရှာနည်းသင်တန်းများ
ကိုဖွင့်ခဲ့ပြီးသင်တန်းသားပေါင်းထောင်ကျော်ရှိခဲ့ပါတယ်
"Award Winning International Speaker,Educator,Trainer" စတဲ့
နိင်ငံတကာအသိအမှတ်ပြုဆုပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်
Ewen Chiaရဲ့ နိင်ငံတကာအကောင်းဆုံး.အရောင်းရဆုံးonlineငွေရှာနည်းစာအုပ်မှာ
"How I Made My First Million On The Internet and How You Can Too ! "
စာအုပ်ဖြစ်ခဲ့ပြီး onlineငွေရှာလောကမှာရေပန်းစားလူသိများသော စာအုပ်အဖြစ်ကျော်ကြားအောင်မြင်ခဲ့ပါတယ်.Ewen Chiaရေးခဲ့သောစာအုပ်တစ်အုပ်ရဲ့တန်ဖိုးမှာ မြန်မာငွေ ၂သိန်းဝန်းကျင်ရှိပြီး သူရဲ့ websiteမှာဝယ်ယူနိင်ပါတယ်
ကျွန်တော် Ewen Chia အကြောင်းကိုအကြမ်းမျဉ်းဘာသာပြန်ပေးထားတာပါ သူ့ရဲ့အကြောင်းကို
အသေးစိတ်သိချင်သေးတယ်ဆိုရင် Ewen Chia ရဲ့Websiteမှာဆက်လက်လေ့လာနိင်ပါတ်
http://www.ewenchia.com/about
http://www.internetmarketer.com/#about

Ewen Chiaရဲ့ အပြင်လက်တွေ့ onlineငွေရှာနည်းသင်တန်းကြေးဟာ
မြန်မာငွေ ၁၀သိန်းကျော်ဝန်းကျင်ရှိတယ်လို့
မြန်မာနိင်ငံမှ Ewen Chiaရဲ့သင်တန်းကိုတက်ခဲ့ဖူးသူ
ကျွန်တော့်အသိတစ်ယောက်ထံမှသိရှိခဲ့ရပါတယ် Ewen Chia ရဲ့ အွန်လိုင်းသင်တန်းသားတွေကို
အောက်ပါလင့်ကနေတစ်ဆင့် သွားရောက်လေ့လာနိင်ပ

အထက်ပါအကြောင်းအရာများအရသင်ဟာ onlineငွေရှာလောကမှာ
အောင်မြင်ကျော်ကြားသော သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်အောင်ကြိုးစားနိင်သလို
Onlineမှာငွေရှာနေတဲ့လူတိုင်းဟာ လူလိမ်တွေ မဟုတ်ဘူးဆိုတာကိုသိထားဖို့လိုပါမယ်

ဆက်လက်ပြီး Miningအကြောင်းကို ပြောပြချင်ပါသေးတယ်
ပြည်တွင်းရှိလူတစ်ချို့က Miningကို MLM လို့ထင်ပြီး အလိမ်အညာလုပ်ငန်းပါဆိုပြီး အယူအဆတွေ
မှားယွင်းနေကြတာကိုတွေ့ရတော့ စိတ်မကောင်းပါဘူးခုလို ဗဟုသုတနည်း,
ခေတ်နောက်ကျနေပြီးအထင်အမြင်လွှဲမှားနေတဲ့အကြောင်းကို နိင်ငံတကာ အသိုင်းအဝိုင်းကသိသွားရင်
အလွန်ရှက်ဖို့ကောင်းပါတယ်.ဒီလိုအဖြစ်မျိုးတော့ အဖြစ်မခံနိင်ပါဘူး
ကျွန်တော်လေ့လာမိသလောက်အကြမ်းမျဉ်းရှင်းပြပေးသွားပါ့မယ်..
Miningတွင် Web Mining,CPU Mining. GPU Mining.Asic Mining စသည်ဖြင့်ရှိပါတယ်
Asic Mining တွင်
-Asic Miner Block Erupter USB 330MH/s Sapphire
-Gekko Science Compac USB Stick Bitcoin Miner
-Bitmain Antrouter R1 Wifi Solo Bitcoin Miner
-21 Bitcoin Miner
-Avalon Nano 3
-Antminer S5
-Antminer S7
-Antminer S9
-Antminer R4
-Avalon 6
-SP20 Jackson
စသည်ဖြင့်Miningစက်များစွာရှိကြပါတယ်
Miningစက်များကိုအောက်ပါလင့်တွင်အသေးစိတ်လေ့လာနိင်ပါတယ်
https://www.buybitcoinworldwide.com/mining/hardware/usb/

Miningလုပ်မည်ဆိုပါကမြန်မာနိင်ငံအနေအထားအရ Miningစက်များထဲမှ GPU Miningကို ပိုပြီးလုပ်သင့်ပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း GPU Miningကိုလုပ်ကိုင်လျက်ရှိပါတယ်
-CPU Miningလုပ်မည်ဆိုလျှင် i7 ကဲ့သို့ ဈေးအလွန်ကြီးသော စွမ်းအားမြင့်computerများဖြင့်မိုင်းတူးမှအဆင်ပြေပါမည် မြန်မာနိင်ငံတွင် i7ကဲ့သို့ စွမ်းအားcomputerများမှဈေးအလွန်ကြီးပါသည် .လစဉ်အမြတ်ငွေမှာလည်းအလွန်နည်းသောကြောင့် CPU Miningလုပ်ရန် အားမပေးပါ
-GPU Miningလုပ်မည်ဆိုလျှင် GPU Miningစက်တစ်စက်ရဲ့တန်ဖိုးမှာ GPU= Graphic Processing Units (Graphic ကဒ်) အရေအတွက်နှင့် ကွန်ပျူတာ၏လုပ်နိုင်စွမ်းအား (Hash Rate) ပေါ်မူတည်ပြီး တန်ဖိုးငွေ သိန်း၃၀မှသိန်း၄၀ကြားရှိပါတယ်
မိမိတို့တူးတဲ့ coinတန်ဖိုး/coinအထွက်နှုန်းပေါ်မူတည်ပြီး တစ်နစ်အတွင်းအရင်းကြေနိင်ပါတယ်
အရင်းကြေပြီးနောက်ပိုင်း GPU Miningဆက်စပ်ပစ္စည်းများသည်
ဆက်လျက်ကောင်းနေဦးမည်ဆိုရင်
Lifetime အဖြစ်အမြတ်ငွေထိုင်စားသွားလို့ရပါတယ်.GPU Mining ဆက်စပ်ပစ္စည်းများထဲမှ တစ်စုံတစ်ခုပျက်သွားခဲ့ပါက အလွယ်တကူအစားထိုးလို့ရသဖြင့်
ပိုက်ဆံလေလွှင့်သက်သာပြီး ပိုက်ဆံဆုံးရှုံးနိင်ခြေအလွန်နည်းပါးပါတယ် .လစဉ်ဝင်ငွေမှာလည်း GPU Miningစက်တစ်စက်တန်ဖိုး သိန်း၃၀မှသိန်း၄၀အတွင်း ရင်းနှီးမြုပ်နှံ့မည်ဆိုပါကအမြတ်ငွေ ၂သိန်း,၃သိန်းအတွင်းရရှိနိင်ပါတယ်
မြန်မာနိင်ငံတွင် GPU Miningလုပ်ရန်
အသင့်တော်ဆုံးဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း GPU Miningကိုလုပ်ကိုင်လျက်ရှိပါတယ်
-Asic Miningလုပ်မည်ဆိုလျှင် Minerစက်များစွာပြန်ခွဲထွက်သွားတဲ့အတွက်Asic Miningစက်တစ်စက်ရဲ့တန်ဖိုးမှာဈေးနှုန်းအမျိုးမျိုးရှိပါတယ်.ဥပမာ Antminer S9 စက်တစ်လုံးကိုဝယ်မည်ဆိုလျှင် သိန်း၅၀အထက်ပေးရပါတယ်
Asic Miningသည် စွမ်းဆောင်ချက်မြင့်မားပြီးအမြတ်ဝင်ငွေများသဖြင့် ၅လ/၆လ အတွင်း အရင်းကြေနိင်ပါတယ်.တကယ်လို့သင်ဟာ ပြည်ပမှာနေထိုင်ပြီး လျှပ်စစ်မီတာခဈေးကြီးသောနိင်ငံတွင်Asic Miningလုပ်မယ်ဆိုပါက လုံးဝမမြတ်နိင်ပါ .ပိုက်ဆံဆုံးရှုံးနိင်ပါတယ.်ပြည်တွင်းတွင်Asic Miningလုပ်မည်ဆိုပါကအရင်းမကြေခင်ကာလအတွင်း စက်ပျက်သွားပါက
မြန်မာနိင်ငံတွင် Asic Miningစက်များ
ပြုပြင်ပေးနိင်သောနည်းပညာသမားများမရှိသေးပါ..မြန်မာနိင်ငံတွင် Asic Miningစက်များကို အာမခံပြီး တရားဝင်ဝန်ဆောင်မှုပေးသောcompanyများလည်းမရှိသေးသောကြောင့်
Antminer S9 စက်တစ်လုံးကို 3000$ ရှိပေမယ့် စက်ပျက်လျှင် ပိုက်ဆံဆုံးရှုံးနိင်ပြီး စက်တစ်လုံးလုံးကို လွှင့်ပစ်လိုက်ရမည့်အနေအထားရှိပါတယ်.Miningလုပ်ပြီးငွေဆုံးရှုံးသူအများစုမှာAsic Miningလုပ်ကိုင်သူများသာဖြစ်ပါတယ်
ဒါ့ကြောင့်အထက်ပါအချက်အလက်များကိုကြည့်လျှင် မြန်မာနိင်ငံတွင် Miningလုပ်မည်ဆိုပါက GPU Miningလုပ်ငန်းကိုလုပ်ကိုင်သင့်တယ်လို့အကြံပေးပါရစေ.

ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းတွင် Crypto Mining ကို တစ်ပိုင်တစ်နိင်စီးပွားဖြစ်လုပ်ကိုင်နေကြသလို လုပ်ငန်းကြီးတစ်ခုအဖြစ် အကြီးအကျယ်လုပ်ကိုင်လာကြပါပြီ.

Cryto Mining/GPU Miningအဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုနိင်ပါတယ်
Cryto Mining/GPU Miningဆိုတာ
အွန်လိုင်းပေါ်မှ Crytocurrenciesငွေကြေးများကို အလွဲအပြောင်းပြုလုပ်ခြင်း၊ ဝယ်ယူ ရောင်းချခြင်း အစရှိသည်တို့ပြုလုပ်လျှင် နံပါတ်များစွာသော သချာင်္တွက်ချက်မှု များပြုလုပ်ရပါတယ်။ ထိုပြုလုပ်ချက်များကို ဖြေရှင်းပေးရန် ကွန်ပျူတာပေါင်းများစွာထဲမှ GPU= Graphic Processing Units (Graphic ကဒ်) များစွာထဲမှာ တွက်ချက်မှုများပြုလုပ်ရပါတယ်။ ထိုတွက်ချက်မှုများပြီးဆုံးလျှင် တွက်ချက်မှုများပြုလုပ်ပေးသော ကွန်ပျူတာများက တွက်ချက်ပေးခ(coinများ) ပြန်ရပါတယ်။ ထိုတွက်ချက်ပေးခများ(Coinများ) တဖြည်းဖြည်းများလာပြီး တစ်လကို တပ်ဆင်အသုံးပြု ထားသည့် ကွန်ပျူတာ၏လုပ်နိုင်စွမ်းအား (Hash Rate) ပေါ်မူတည်ကာအမြတ်ငွေပြန်
်လည်ရရှိနိင်ပါတယ်။
တစ်ချို့ကလည်း Cryto Mining/GPU Miningဆိုတာ အွန်လိုင်းပေါ်မှာ ရွှေတူးတယ်/coinတူးတယ် စသည်ဖြင့်တင်စားပြီးခေါ်ဝေါ်ကြပါတယ်..ကမ္ဘာပေါ်တွင် Miningလုပ်ငန်းကို လုပ်ကိုင်နေကြသူများမှာ တစ်နေ့ထက်တစ်နေ့များပြားလာပြီး
Minerသမားလူဦးရေ သန်းချီပြီးရှိလာကြပါပြီ
နိင်ငံတကာတွင် Miningလုပ်ငန်းကို Miningစက်ပေါင်း ၁၀၀၀၀ ကျော်ဖြင့်
အကြီးအကျယ်တူးနေသော Top Minerများရဲ့တစ်နေ့ဝင်ငွေမှာ မြန်မာငွေသိန်း၁၀၀၀ ကျော်ရှိပါတယ်
Miningလုပ်ငန်းသည်အရင်းအနှီးအသင့်အတင့်ရင်းနှီးမြုပ်နှံ့ရုံဖြင့် လစဉ်အမြတ်ငွေကိုထိုင်တွက်လို့ရသောကြောင့် မိသားစုစားဝတ်နေရေးအတွက်တစ်ပိုင်တစ်နိင်စီးပွားဖြစ်လုပ်ကိုင်သင့်ပါတယ်
ကျွန်တော်တည်ထောင်ထားသောpageတွင် Miningနည်း

နောက်ပိုင်းတွင် ကျွန်တော့်အသိ Web developerများနှင့်တိုင်ပင်ကာ Miningနည်းပညာဆိုင်ရာများကို အခမဲ့မျှဝေပေးသော မြန်မာWebsiteများကိုတည်ဆောက်သွားရန်အစီအစဉ်ပေါင်းများစွာလည်းရှိပါတယ်

အထက်ပါအချက်အလက်များကိုပြန်သုံးသပ်လျှင် Miningလုပ်ငန်းသည် MLMမဟုတ်သလို အလိမ်အညာလုပ်ငန်းမဟုတ်ကြောင်း
ရေးသားဖော်ပြပေးလိုက်ပါတယ်

Miningလုပ်ငန်းသည် MLM မဟုတ်ပါ
Crytocurrencies တိုင်းသည် MLMမဟုတ်ပါ
Online Traderတိုင်းသည် လုလိမ်များမဟုတ်ပါ
*Onlineငွေရှာသူတိုင်းသည်လူလိမ်များမဟုတ်
Aaaaaaaa

(မည်သူမဆို ယခုpostကိုလွှတ်လပ်စွာshareနိင်ပါသည်)

Sort:  

@ayeayesi you were flagged by a worthless gang of trolls, so, I gave you an upvote to counteract it! Enjoy!!

Congratulations @ayeayesi! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

New japanese speaking community Steem Meetup badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 56443.25
ETH 2493.88
USDT 1.00
SBD 2.23