လှမ်းတွက်မယ်ဆိုရင်တော
သူဌေးတစ်ယောက်အကြောင်းရေးမယ် သူ့နာမည်က ဂျွန်ဂျက်ကော့ အက်စတာ တစ်ထောင့်ခုနှစ်ရာ ခြောက်ဆယ့်သုံးမှာ
မွေးတယ် တစ်ထောင့်ရှစ်ရာလေးဆယ့်ရှစ်မှာ သေဆုံးတယ် သူအဓိကလုပ်ခဲ့တာက သားမွှေးလုပ်ငန်းရယ် အိမ်ခြံမြေ
လုပ်ငန်းတွေဖြစ်တယ် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုက ယူအက်စ်ဒေါ်လာသန်း နှစ်ဆယ် တောင်မှဖြစ်ပါတယ်
ယနေ့ငွေတန်ဖိုးနဲ့ လှမ်းတွက်မယ်ဆိုရင်တော့ ယူအက် ဒေါ်လာ ရှစ်ဆယ် ဘီလျှံလောက်ချမ်းသာ ခဲ့တာပေါ့
သူ့အကြောင်းအရာတွေက ရိုးရှင်းပါတယ် သူဟာ စာရေးတစ်ယောက်အဖြစ် သားမွှေးလုပ်ငန်းထဲမှာ စတင်လုပ်ကိုင်လာခဲ့
ပါတယ် ဒါပေမယ့် အလုပ်လုပ်ရင်း ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်လာရာကနေ လျှင်မြန်စွာ တိုးတက်သွားခဲ့တာဖြစ်ပါတယ်
အမေရိကန် သားမွှေးများကို ဥရောပမှ သေနက်တွေ အမြှောက်တွေ လက်နက်မျိုးစုံတို့နဲ့ ဂီတကိရိယာများရောမကျန်
အလဲအလှယ်ပြုလုပ်ရောင်းဝယ်လာခဲ့တာဖြစ်ပါတယ်
တစ်ထောင့်ရှစ်ရာနှစ်ဆယ် ခုနှစ်များမှစပြီး အမေရိကန်ပြည်ထောင်စုတွင် သားမွှေး ရောင်းဝယ်ရေးလုပ်ငန်း အကြီးဆုံး
ကိုစတင်တည်ထောင်လုပ်ကိုင်ပါတော့တယ် တစ်ထောင့်ရှစ်ရာ တစ်ဆယ့်နှစ်ခုနှစ်မှာ စစ်ပွဲအတွက် အချမ်းသာဆုံး ပြည်
သူပြည်သားများ ကိုရံပုံငွေ ပါဝင်ကူညီပါရန် အစိုးရအဖွဲက မေးမြန်းလာသောအခါသူသည် သူရဲ့ လုပ်ငန်းအစိတ်အပိုင်း
များစွာကိုခွဲခြမ်းပြစ်လိုက်ပါတော့တယ် အကျိုးအမြတ်များကို ရှင်းရှင်းလင်းလင်းပြုလိုက်ပါတော့တယ်
အစိုးရအဖွဲနှင့် စာချုပ်ချုပ်ထားသည့်အတိုင်း ဒေါ်လာနှစ်သန်း တိတိတန်ဖိုးရှိလေသော လုပ်ငန်းအတွက် တစ်ဒေါ်လာလျှင်
ရှစ်ဆယ့်ရှစ်ဆင့်သာအဖိုးအခပေးပြီးကျန်ရာခိုင်နှုန်းများကို အစိုးရအဖွဲ့သို့ ပါဝင်ကူညီခဲ့ပါလေသည်။ သားမွှေးလုပ်ငန်းများ
ထုတ်လုပ် လာသောအခါ သူသည် အေးအေးဆေးဆေးပင် သားမွှေးများ ထုတ်ရောင်းရင်း ပြည်နယ်များတွင် ကိုယ်ပိုင်အိမ်
ခြံမြေလုပ်ငန်း ကြီးထွားလာမည့် ဒေသများတွင် ရင်းနှီးမတည်ခြင်းများကို အချက်ကျကျ ပြန်လည်လုပ်ကိုင်လာခဲ့ပါလေသည်။
ပြီးတော့ မြောက်ပိုင်းတစ်စိတ်တစ်ဝိုင်းတွင် ရှိသော လူသူမနေသောဖုန်းဆိုးမြေများကို အများအပြားဝယ်ယူခြင်းနှင့် မြို့ပြ
အဖြစ်တိုးပွားများပြားလာသော နေရာများတွင် လောင်းကစား လုပ်ငန်းများ ပြုလုပ်ခြင်းကိုလည်း ပြန်လည်လုပ်ကိုင်လာခဲ့
ပါလေသည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက်ရင်းဖြင့် သူသည် တဖြည်းဖြည်းချင်း ချမ်းသာကြွယ်ဝလာခဲ့လေသည်။ အချို့ကတော့
မြန်ဆန်သည်ဟုပြောသည် အမှန်တကယ်တော့သူသည် ဖြေးဖြေးမှန်မှန် ချမ်းသာလာခြင်းဖြစ်သည်။
@arrowqueen
photo-google image
Congratulations @arrowqueen! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.