ဆုံးမခြင်းဟူသည်

in #blog6 years ago

ဆုံးမခြင်းဟူသည်

ေ ခါင်းဆောင်က နောက်လိုက်ကို၊ ဆရာက တပည့်ကို၊ မိဘက သားသမီးကိုစသည်ဖြင့် ဆုံးမတယ်ဆိုတာ လူ့အဖွဲ့အစည်းသာမက တိရစ္ဆာန်လောကမှာတောင် သမိုင်းပေးတာဝန်ဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဆိုလည်း မမှားဘူးပေါ့။ ဒါပေမယ့် ဆုံးမတဲ့ နည်းဗျူဟာပိုင်းမှာတော့ ဆုံးမသူ ကာယကံရှင်ရဲ့ ကျင်လည်ရာ (သက်ရှိ၊ သက်မဲ့) အဝန်းအဝိုင်းလွှမ်းမိုးမှုအပြင် ပုဂ္ဂလဇ္ဈာသယ ဝါသနာ စရိုက်အားလျော်စွာငေ့် ဆုံးမမှု စံ အမျိုးမျိုး ကွဲပြားလာကြတယ်။ ဖြစ်နိုင်ရာသော နည်းလမ်းများကို ချရေးကြည့်ရင်---

၁။ အကျိုးသင့် အငေ်းသင့် နားလည်အောင် ရှင်းပြခြင်း မရှိပဲ ရိုက်နှက်ဆုံးမခြင်းဖြင့် အကြောက်တရား ရရှိစေကာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လိုက်ပါလုပ်ဆောင်စေသော စနစ်။

၂အကျိုးသင့် အငေ်းသင့် နားလည်အောင် ရှင်းပြပြီး
ဆုံးမ ခံမည့်သူကိုယ်တိုင်က သူနှစ်သက်ရာ ပြစ်ဒဏ် ရွေးချယ်ခွင့် မရှိပဲ ရိုက်နှက်ဆုံးမ ခံရခြင်းဖြင့်သာ အကြောက်တရား ကိန်းစေကာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လိုက်ပါလုပ်ဆောင်ရသော စနစ်။

၃။ အကျိုးသင့် အငေ်းသင့် နားလည်အောင် ရှင်းပြပြီး
ဆုံးမမည့်သူက သူနှစ်သက်ရာ ထိုက်သင့်သောပြစ်ဒဏ်ဖြင့် ရွေးချယ် ဆုံးမသော စနစ်။

၎အကျိုးသင့် အငေ်းသင့် နားလည်အောင် ရှင်းပြပြီး
ဆုံးမခံမည့်သူကိုယ်တိုင်က ထိုက်သင့်သောပြစ်ဒဏ်အတွက် သူနှစ်သက်ရာ ရွေးချယ်ရသော စနစ်။
စသည်ဖြင့် စနစ်များစွာ ရှိပါသေးတယ်။

အထက်ပါ နည်းစနစ်များအရ------
နံပါတ် ၁ နည်းနဲ့ ဆုံးမ ခံရတဲ့ခလေးဟာ အကြောက်တရားနှင့်အတူ အာဃာတတွေ သန္ဓေတည်လာပြီး ပတ်ဝန်းကျင်ကောင်းကို ဆက်လက် မမှီဝဲရရင် အလားတူ ဆိုးရွားတဲ့အာဏာရှင်လက်သစ် ဖြစ်လာရတော့တယ်။

နံပါတ် ၂ နည်းနဲ့ ဆုံးမ ခံရတဲ့ခလေးဟာ အကြောက်တရားနှင့်အတူ အမှတ်မှားမှုတွေ သန္ဓေတည်လာပြီး ပြန်မပြော နားမထောင်တတ်သူလေးများ (တနည်း) ခေါင်းမာတဲ့ အာဏာရှင်ပေါက်စလေးများဖြစ်လာတော့တယ်။ ပတ်ဝန်းကျင်ကောင်းကို အမှီရရင်တော့ အမှတ်မှားမှုတွေ ပပျောက်ပြီး သဘောထား ပျော့ပြောင်းလာနိုင်ပါသေးတယ်။

နံပါတ် ၃ နည်းနဲ့ ဆုံးမခံရတဲ့ခလေးဟာ ဝိနည်းလွတ် လုပ်တတ်သူ ဖြစ်လာတတ်သလို၊
စည်းကမ်းကြီးကာ တိုးတက်သောသူလည်း ဖြစ်လာတတ်ပါတယ်။

နံပါတ် ၄ နည်းနဲ့ ဆုံးမခံရတဲ့ခလေးကတော့ ကိုယ်ချင်းစာတရား အလေးထားပြီး မျှတမှုကိုလိုလားသောသူ ဖြစ်လာတတ်ပါတယ်။

မြန်မာပြည်ဟာ
ရိုက်နှက် ဆုံးမခြင်းနဲ့ အသားကျလာတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ထိပ်ဆုံးက မဟုတ်ရင်တောင် နောက်ဆုံးကတော့ မဟုတ်လောက်ဘူးလို့ ယူဆမိတယ်။
တခါတရံ သတ္တဝါနဲ့ လက်နက် မမျှသော ရိုက်နှက်ဆုံးမခြင်းကို တွေ့လိုက်တိုင်း (((ဆုံးမတာလား၊ ဆုံးမခြင်း အမည်ခံ ကိုယ့်ဒေါသ ပြေပျောက်ဖို့ သူတပါးကို ရိုက်နှက်ခြင်းနဲ့ အစားထိုး ဖြေဖျောက်တာလား)))ဆိုတာ မသဲကွဲဘူးးးးးး
ဒါတွေငေ့်ပဲ နယ်ပယ်အသီးသီးမှာ အာဏာရှင်တွေ ပေါများနေသလားလို့တောင် တွေးမိပါရဲ့

Coin Marketplace

STEEM 0.18
TRX 0.11
JST 0.027
BTC 65626.89
ETH 3449.47
USDT 1.00
SBD 2.33