werewolf
ပြီးခဲ့တဲ ရက်ပိုင်းကပဲ ကျွန်တော် သမန်းကျားအကြောင်းရေးခဲ့ပါတယ်။ အခုဒီပိုစ့်ကတော့ သမန်းကျားနဲ့ သမန်းဝံပုလွေကို နှိုင်းယှဉ်ကြည့်နိုင်အောင် ဖြစ်ပါတယ်။
Image Source
သမန်းဝံပုလွေကတော့ အနောက်ပိုင်းရုပ်ရှင်တွေမှာ အတော်ခေတ်စားပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ နောက်ခံ ပုံပြင်တွေ ရှိပါတယ်။ အဲဒီပုံပြင်တွေကပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။ သူ့မှာ ထူးခြားချက်တစ်ခုကတော့ အသွင်ပြောင်းတာပါ။ လူပုံစံကနေ ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်းပုံကို ပြောင်းလို့ရပါတယ်။ ပထမပိုင်းမျိုးဆက်တွေမှာကတော့ ဝံပုလွေပုံစံအနေနဲ့ပဲ ရှိနေပြီးတော့ နောက်ပိုင်းမျိုးဆက်တွေမှာတော့ အသွင်ပြောင်းလဲတာကို ဦးနှောက်နဲ့ ထိမ်းချုပ်လာနိုင်တဲ့အတွက် လူကြားထဲမှာနေလို့ရလာပါတယ်။
Image Source
သမန်းဝံပုလွေတွေရဲ့ ဇာတ်လမ်းအစကတော့ သူတို့က ညီအစ်ကို နှစ်ယောက်ပါ။ တစ်နေ့မှာ တောထဲကို အမဲလိုက်သွားရင်းနဲ့ အဖိုးကြီးတစ်ယောက်ကို ကူညီလိုက်မိတယ်။ အဲဒီ အဖိုးကြီးက လေနတ်သားဖြစ်နေတယ်။ အဲဒါနဲ့ သူတို့ကို အမဲလိုက်တဲ့ အခါမှာ လွယ်ကူအောင်လို့ ဝံပုလွေ အသွင်ပြောင်းတဲ့ အတတ်ကို သင်ပေးခဲ့တယ်။ ပြီးတော့ ဒီအတတ်ကို ဘယ်သူ့ကိုမှ မပြောရဘူးလို့ ဘယ်သူ့ကိုမှ မပြရဘူးလို့သတိပေးခဲ့တယ်။ သူတို့ညီအစ်ကို အမဲလိုက်ပြီး ရွာကို ရှာကျွေးနေတာပေါ့။ ဒါပေမဲ့ ရွာသားတွေက သူတို့ကို ကျေးဇူးမတင်တဲ့ အပြင် ရန်လိုမှုတွေ လုပ်လာတဲ့အတွက် ညီဖြစ်သူက ဝံပုလွေ အသွင်ပြောင်းပြီး ရွာသားတွေကို သတ်ပစ်ခဲ့တယ်။ လေနတ်သားက အဲဒီအကြောင်းကိုလဲ သိသွားရော စိတ်ဆိုးသွားပြီး ညီဖြစ်သူကို တစ်သက်လုံး ဝံပုလွေ အဖြစ်နဲ့ နေသွားဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ အခု သမန်းဝံပုလွေတွေက သူ့ရဲ့မျိုးဆက်တွေပေါ့။
နောက်ပုံပြင်တစ်ခုကတော့ ကျုးပကျဲရဲ့ ဇာတ်လမ်းလိုပါပဲ။ ဝံပုလွေက အရင်တုန်းက နတ်သားတစ်ပါးဖြစ်ခဲ့တယ်။ ပြီးတော့ လနတ်သမီးကို ချစ်ကြိုက်ခဲ့တာပေါ့။ နောက်ပိုင်းမှာတော့ အပြစ်ဒဏ်ချမှတ်ခံရပြီး ဝံပုလွေ အဖြစ်နဲ့ပဲ နေသွားခဲ့ရတယ်။ ဒါကြောင့်မို့လို့ ဝံပုလွေတွေက လထွက်ချိန်ကျရင် လကို ကြည့်ပြီး လွမ်းလွမ်းဆွေးဆွေးနဲ့ အော်ဟစ်ငိုကြွေးကြတယ်။
သမန်းကျားဇာတ်လမ်းကို ဖန်တီးမယ်ဆိုရင်တော့ သူတို့မျိုးနွယ်စု ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို အရင် ဖန်တီးပြရမယ်လို့ ထင်ပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=157
ထူးခြား ပြီး စိတ်ဝင်စားဖို့ ကောင်းမှာ အသေအချာပဲဗျ
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here