ပျော်ရွှင်ပါသေ

in #artzone6 years ago

image
photo credit

တ​နေ့​တော့ ​လှေ​ပေါ်မှာထိုင်​ပြီး ငါးမျှား​နေတုန်း ရုတ်​တရက်​ ငါးမျှားတံကို တစ်စုံတစ်ခု​​​​က အတင်းဆွဲ​နေသလို ခံစားရလို့ ငါးမျှားကြိုးကို ဆွဲတင်​လိုက်​တယ်​။ ဒီအခါမှာ​တော့ အလွန်​လှပပြီး ကြီးမားတဲ့ ငါးတစ်​​ကောင်ဟာ ငါးမျှားချိတ်​မှာ ချိတ်​​မိ​နေတာကို ​တွေ့လိုက်​ရတယ်​။

သူလည်း ​အရမ်းဝမ်းသာသွားပြီး ငါးကြီးရဲ့ပါးစပ်​မှာ ချိတ်​​နေတဲ့ ငါးမျှားချိတ်​ကို ဖြုတ်​​နေတုန်း ငါးကြီးက သူ့ကို ခုလို​ပြောပါတယ်​။

"အသင်​လူသား ကျွန်ုပ်​ကို အသက်​ရှင်​ခွင့်​​ပြုပါ။ တကယ်​​တော့ ကျွန်ုပ်​က သာမာန် ငါးတစ်​​ကောင်​ မဟုတ်​ပါဘူး။ ငါးတို့ရဲ့ ဘုရင်​တစ်​ပါးသာ ဖြစ်​ပါတယ်​။ ကျွန်ုပ်​ကို သင်သတ်​လိုက်​လို့​ရော သင်​ဘယ်​​လောက်​အကျိုးရှိမှာလဲ။ ဒါ​ကြောင့်​ ကျွန်ုပ်​ကို ပြန်​လွှတ်​​ပေးဖို့ ​တောင်းဆိုပါတယ်​" လို့​ပြောလာပါတယ်​။

ဒီအခါမှာ လယ်​သမားကြီးက "ကျွန်ုပ်​ကို ​ဒီ​လောက်​​ထိ ​တောင်းပန်​​နေဖို့ မလိုပါဘူးဗျာ။ သင်​စကား​ပြောနိုင်​တယ်​ဆိုကတည်းက သင်​ဟာ သာမာန်​ငါးတစ်​​ကောင်​ မဟုတ်​မှန်း ကျွန်ုပ်​နားလည်​ပါတယ်​။ စိတ်​မပူပါနဲ့...ကျွန်ုပ်​ သင့်​ကို ပြန်​လွှတ်​​ပေးမှာပါ" လို့​ပြောပြီး ငါးကြီးကို ​ရေထဲပြန်​လွှတ်​​ပေးလိုက်​ပါတယ်​။

ည​နေ​စောင်း အိမ်​ပြန်​​ရောက်​​တော့ သူ့ကို ​မိန်းမဖြစ်​သူက " ဒီ​နေ့အတွက်​ ငါးဘယ်​နှစ်​​ကောင်​ရခဲ့သလဲ ​ဖေကြီး" လို့​မေးလိုက်​တယ်​။

သူကပြန်​​ဖြေတယ်​။
"တစ်​​ကောင်​မှ မရခဲ့ပါဘူးကွာ....ဒါ​ပေမယ့်​ သာမာန်​မဟုတ်​တဲ့ ငါးတစ်​​ကောင်​ကို​တော့ ဖမ်းမိလိုက်​တယ်​။ စကားလည်း ​ပြောတတ်​တယ်​ကွ။ သူက​တော့ သူ့ကိုသူ ငါး​တွေရဲ့ဘုရင်းတစ်​ပါးလို့​ပြောတယ်။ ​နောက်ပြီး ငါ့ကို ​ရေထဲပြန်​လွှတ်​​ပေးဖို့ ​​တောင်းပန်​တာနဲ့ ငါလည်းသနားလို့ ပြန်​လွှတ်​​ပေးလိုက်​တယ်​"

"ဟုတ်​လား။ ကျွန်​မ ကြားဖူးတာ​တော့​လေ...ကျွန်​မတို့ လိုချင်​ဖြစ်​ချင်​တာ​တွေကို ငါး​တွေရဲ့​ဘုရင်​ဆီမှာ ဆုတောင်းရင်​ ဆု​တောင်းပြည့်​တယ်​လို့ ကြားဖူးတယ်​​။ သူ့ကို ပြန်​မလွှတ်​ခင်​ ဆု​လေး ဘာ​လေး မ​တောင်​လိုက်​ဘူးလား" လို့ မိန်းမဖြစ်​သူက ​မေးလာပါတယ်​။

ယောကျာ်းဖြစ်​သူက ပြန်​​ပြောတယ်​။
"​​နေပါ​စေကွာ....ဘာဆုမှ မ​တောင်းခဲ့ပါဘူး။ ဒီတိုင်းပဲ သူ့ကို သနားလို့ ပြန်​လွှတ်​​ပေးလိုက်​တယ်​"

ကင်းပြီး ချစ်ခင်သနားစိတ်နဲ့ ရိုင်းပင်းကူညီ လေးစား ဆက်ဆံသူပေါများပြီး ကိုယ့်တစ်ချက်လောက် ပြုံးပြတာနဲ့

တစ်ဖက်လူက ကူညီလိုစိတ် ညွတ်ကျစေတဲ့ ဓါတ်ကို ပီယလို့ခေါ်ပါတယ်။

အမျိုးသားများအဖို့လည်း ရန်အနှောင့်အယှက်ကင်းပီး မိန်းကလေးတွေစိတ်ဝင်စားခံရပြီး အကြီးအကဲ ဆရာ

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-18T08:19:42
Account Level: 1
Total XP: 104.00/200.00
Total Photos: 16
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67675.66
ETH 3248.40
USDT 1.00
SBD 2.66