Actifit တွင် မြန်မာအဖွဲ့များ

in #actifit6 years ago (edited)

image

Actifit နှင့်ပတ်သက်၍ မကြာသေးမီက ဆောင်းပါးတစ်စောင်ရေးသားခဲ့ပါသည်။ အောက်ပါလင့် တွင်ပြန် ကြည့်နိုင်ပါသည်။
https://steemit.com/myamar/@minsoenaing/actifit-fitness-tracker-wng-mngso-ong-a646a34322116
image
မိမိရေးသားခဲ့သည့် Actifit အကြောင်းရေးသားသည့် ဖော်ပြပါ ပို့စ်အတွက် Actifit မှကျွန်တော့ကို 150 AFIT Token ပေးပါသည်။ ကျွန်တော်သည်လည်း နေ့စဉ်မပျက်မကွက် Actifit တွင် ပို့စ်တစ်ခုရေး သားလျှက်ရှိပါသည်။ ယခုဆိုလျှင် Actifit မှ စုစုပေါင်း Token 683 AFIT ရရှိထားပါပြီ။ထို Token များအား ဘယ်နေရာတွင်ဘယ်တန်ဖိုးဖြင့်လဲလှယ်သုံးစွဲနိုင်မည်ကို ကျွန်တော်မသိသေးပါ။
သို့သော် Actifit တွင်နေ့စဉ်တင်ပေးနေသည့် ကျန်းမာရေးလှုပ်ရှားမှု report များအတွက်မူ Upvote များရရှိနေပါသည်။ ယခင်ကတော့ Upvote မည်သို့ပေးသည်ကို ကျွန်တော်နားမလည်ခဲ့ပါ။ ယခုတော့ အနည်းငယ်နားလည်စပြုပါပြီ။ Actifit တွင် ပို့စ်တင်သည့်အခါ activity 1000 ပြည့်မှတင်လို့ရပါသည်။ သို့သော် ကျွန်တော်ပထမဆုံးတင်ခဲ့သည့် Actifit ပို့စ်နှစ်ခုမှာ activity 1000 ကျော်မျှသာရှိသဖြင့် သူတို့ဆု ပေးသည့်စာရင်းမဝင်ပါ။ အမှန်က activity 5000 ကျော်မှစာရင်းဝင်ကြောင်းနောက်တော့သိလာပါသည်။

image
ထို့အပြင် activity 5000 ကျော်သော်လည်း သူတို့ Token ခွဲဝေသည့်အခါနှင့် Upvote ပေးသည့် ရာခိုင်နှုန်းများက activity 10000 ကျော်သူများနှင့်ကွဲပြားနေပြန်သည်။ အစကကျွန်တော်ထင်သည်မှာ English အရေးအသားပေါ်တွင် မူတည်ပြီး Token နှင့် upvote ကွာခြားသွားခြင်းဟုထင်မြင်ခဲ့ပါသည်။ အမှန်တော့ Activity ပေါ်တွင်သာကွဲပြားမှုရှိနေခြင်းဖြစ်ပါသည်။ အစက သူတို့၏ Daily Lederboard ရှိ Top Actifitters စာရင်းတွင် activity 20000 ကျော် 30000 အထိရှိနေသူများကို ဘာကြောင့် ဒီလောက် အထိများနေစရာလိုသလဲ activity 10000 ကျော်ရင်တော်ပြီပေါ့ဟုသာတွေး၍ တော်တော်အလုပ်အား နေကြသလားဟုထင်ခဲ့မိပါ သည်။ ယခုတော့ Reward ခွဲဝေပုံနှင့်သက်ဆိုင်နေ ကြောင်းသိလာရပါသည်။

image
Steemit တွင်လှုပ်ရှားနေသူအများစုသည် English စာဖြင့်ရေးရသည်ဆိုလျှင် သိပ်စိတ်မပါတော့ ကြောင်းတွေ့ရပါသည်။တကယ်တမ်းတော့ English စာညံ့လွန်းလို့ မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းလို့သာဖြစ်မည်ထင်ပါသည်။ I go to school. နေရာတွင် I jogging to school about 1 mile. ကျွန်တော်ကျောင်းကိုသွားသည် မှ ကျွန်တော် တစ်မိုင်ခန့်ဝေးသော ကျောင်းကို အနှေးလျှောက်သွားသည် လောက်ရေးတတ်လျှင် ပို့စ်တင်လို့ရပါသည်။ နေ့စဉ်ဘူတာဘက်လျှောက်လိုက်၊ ဓမ္မာရုံဘက်လျှောက်လိုက်၊ ဈေးဘက်လျှောက်လိုက်၊ ရှော့ပင်းမောတွေသွားလိုက်လုပ်ပြီးတင်နေလို့ရသည်။ ဘာမှရှည်ရှည်ဝေးဝေး လည်းရေးစရာမလို သွားသည်ပြန်သည်လောက်ဖြင့်လည်းအဆင်ပြေသည်။ ကျွန်တော်တင်နေသည့်စာများ ကိုဝင်ဖတ်လျှင် ဒီလောက်လွယ်ကူပါလားဆိုတာကိုသိသွားပါလိမ့်မည်။

AFIT Token များနှင့်ပတ်သက်၍လည်း အနည်းငယ်ပြောချင်ပါသည်။ အထက်ကဆိုခဲ့သည့်အတိုင်း မည်သို့အသုံးပြုရမည်ကိုမသိသေးပါ။ သို့သော် ကိုဟင်အမြဲပြောကြားနေသည့် SMTs နှင့်သက်ဆိုင်နေမည် ထင်ပါသည်။ SMTs များတရားဝင်စတင်သောနေ့တွင် သူတို့လည်းကြေငြာပါမည်ဟု ပြောပါသည်။ ထို့ကြောင့် ယင်း AFIT Token များကလည်း အချည်းနှီးတော့ဖြစ်မသွားတန်ရာဟုယူဆပါသည်။ SMTs များတရားဝင်ကြေငြာသည့်နေ့တွင် AFIT Token များစုဆောင်းမိထားခြင်းသည် အကျိုးတစ်စုံတစ်ရာရှိလိမ့် မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

မည်သို့ဆိုစေ တိုက်တွန်းသူကတိုက်တွန်းရုံမျှသာဖြစ်ပါသည်။ မိမိလုပ်မှမိမိရရှိနိုင်သည်ကိုတော့ နားလည်သဘောပေါက်စေလိုပါသည်။

မင်းစိုးနိုင်

MSC-010

Sort:  

မကြာမှီ eလို ဗျင်း‌တော့မယ်‌ ။မှားလည်းအ‌ရေးယူတာမှတ်‌လို့‌နော်‌။ဦးမင်းကို ‌လေးစားအားကျတယ်‌ဗျာ။

ရေးသာရေးပါ ကိုယ်လည်းသိပ်မှန်တာမဟုတ်ပါဘူး၊တတ်တဲ့သူတွေလည်းကြိုတောင်းပန်ထားတာ ဟီး

Posted using Partiko Android

ဟုတ်ပါသည် မှန်ပါသည် သို့ပေမဟ့် E လို မတတ်သောအခါ ငေးကြည့်နေရုံမှ တစ်ပါး အခြားမရှိ ပြီ

I go to school. I come back from market. လောက်ရေးတတ်လျှင်ရပါသည်

အားပေးတယ် ဦးမင်း token တွေအများကြီးစုမိပါစေ

ကျွန်တော်က token သုံမျိုးလောက်ရှိနေပြီဒီလိုပဲစုနေတာ

Posted using Partiko Android

ဟုတ်​ပါတယ်​...ကိုယ်​တိုင်​လုပ်​မှရမှာပါ...

Posted using Partiko Android

ဒါ့ကြောင့်အားပေးရုံသာ

Posted using Partiko Android

ဒီတစ်ခါတော့ ဘရို့စိတ်ဝင်စားမယ်လို့ထင်ပါတယ်

https://web.facebook.com/permalink.php?story_fbid=1559983110768087&id=1521397184626680&

အပေါ်ကလင့်ခ်မှာ ဖတ်ကြည့်ပါဘရို။ ဒီဇာတ်လမ်းရဲ့အစကတော့ @jznsamuel က esteem-university ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ esteem နဲ့ ပိုစ့်တင်ပြီးတော့ upvote မရသေးတဲ့သူတွေ(လေးရက်ကြာပြီးနောက်) ကို သူ့ channel မှာ ပိုစ့်လာတင်ခိုင်းတာပါ။ အဲ့ဒိအချိန်မှာ ကျွန်တော်က မြန်မာဘာသာနဲ့ရေးထားတဲ့ပိုစ့်တွေကိုရော တင်လို့ရမလားလို့မေးလိုက်ပါတယ်။ နောက်ပြီးတော့ ကျွန်တော် curation လုပ်နေတဲ့အကြောင်းကိုလဲ ပြောပြလိုက်ပါတယ်။ နောက်ပိုင်းမှာ သူကဆက်သွယ်လာပါတယ်။ esteem ကို သုံးပြီး မြန်မာဘာသာနဲ့ရေးတဲ့သူတွေ ဘယ်နှစ်ယောက်ရှိသလဲ။ ကျွန်တော်တို့အနေနဲ့ တစ်နေ့ကို ပိုစ့်ဘယ်နှစ်ခုလောက်ကို curate လုပ်ပေးနေသလဲလို့မေးလာပါတယ်။ ကျွန်တော်တို့အနေနဲ့ လူတွေပိုလိုအပ်သလို esteem app ကိုသုံးတဲ့သူတွေလဲ ပိုလိုအပ်ပါတယ်။ အဲ့ဒါ ဘရို့အနေနဲ့ လူဘယ်နှစ်ယောက်လောက်က esteem app ကိုသုံးနေတာလဲ။ မြန်မာလိုရေးတဲ့သူတွေကိုပဲ သိချင်တာပါ။ ပြီးတော့ တစ်ကယ်လို့ ကျွန်တော်တို့ကိုယ်ဘာသာကိုယ် curate လုပ်နိုင်မယ်ဆိုရင်ရော esteem app ကိုသုံးကြမှာလား။ အဲ့ဒါဆိုရင် ဘယ်နှစ်ယောက်လောက်ရှိလာမှာလဲ။ စတာတွေကို သိချင်ပါတယ်။ ဘရို့အနေနဲ့ပိုစ့်တင်ပြီးတော့ပဲဖြစ်ဖြစ်မေးလို့ရပါတယ်။

အခုကိစ္စအောင်မြင်အောင်လုပ်နိုင်ခဲ့ရင်တော့ နောက်တစ်ဆင့်မှာ esteem-university ကိုလုပ်မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်အဖွဲ့ကိုမှ ချန်မထားခဲ့ချင်ပါဘူး။ တစ်ကယ်ကောင်းတာရေးတဲ့သူတွေကို ခွန်အားတွေပေးချင်ပါတယ်။ estee-university အထိသွားနိုင်ရင်တော့ crypto-learning, steem blockchain စတာတွေကို မြန်မာလိုရေးသွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်မှနုးထားပါတယ်။ ဘရို့ရဲ့ အမြင်ကို ပြောပြပေးပါဦး။

သိပ်ကောင်းပါတယ်၊ esteem သုံးနေတဲ့သူတွေရှိပေမယ့် ၊အတိအကျမသိပါဘူး၊မေးကြည့်ရပါဦးမယ်၊ esteem ကိုသုံးရင် 10% ပေးရပါတယ်။ vote မရရင်မကိုက်ပါဘူး၊ခုလိုမရတဲ့ vite တွေပြန်ရမယ်ဆိုရင်စိတ်ဝင်စားကြမှာပါ

Posted using Partiko Android

ဟုတ်ကဲ့ပါဘရို။ ပြဿနာက esteem ကိုသုံးပြီး spamming လုပ်တာ များသွားလို့ပါ။ သူတို့က ကျွန်တော်တို့ကို သိပ်မယုံကြည်တော့တာပါ။ ဒါပေမဲ့ အခိျု့သူတွေကတော့ ရနေပါသေးတယ်။ အရင်ထဲကသုံးခဲ့တဲ့သူတွေပေါ့။ သူတို့ server မှာ whitelist ရထားတဲ့သူတွေပါ။

msc မှာလဲ promo တင်တဲ့သူ သိပ်မရှိပါဘူး။ သုံးတဲ့သူ ၁၀၀ နဲ့ curation ၅၀ လောက်ဆိုရင်တော့ မဆိုးဘူးထင်တယ်ဗျ။ တစ်ယောက်ကို 2% လောက်ရမှ အဆင်ပြေမယ်လို့ထင်ပါတယ်။

ကျွန်တော်တို့လက်ရှိလုပ်ထားတဲ့ စည်းကမ်းတွေကို @agganum ရဲ့ ပိုစ့်မှာ ဖတ်လို့ရပါတယ်။ အဲ့ဒါကတော့ C2 အတွက်ပဲဖြစ်ပါတယ်။ esteem အတွက်လဲ အဲ့ဒိအတိုင်းပဲသွားမလား။ ဘရိုရဲ့ အကြံညာဏ်ကိုလဲ သိချင်ပါသေးတယ်။

myanmar tag    copy    

Posted using Partiko Android

ကျေးဇူးပါ ကျွန်​​တော်​​လေ့လာပါအုန်းမယ်​ အရင်​လုပ်​ကြည့်​တာဆရာသိပါတယ်​ ဘယ်​လိုပွိုင့်​​တွေ လွှဲပြီးဘုပ်​ယူရမလဲ မသိတာနဲ့မလုပ်​ဖြစ်​​တော့တာပါ

လေ့လာပြီးသေသေချာချာလုပ်ရင်ပိုကောင်းပါတယ်

Posted using Partiko Android

လေ့လာပြီးသေသေချာချာလုပ်ရင်ပိုကောင်းပါတယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သမီးက I GO TO SCHOOL,လောက်ရတာဂယ်😁😁 လေ့လာအူးမယ် ဥမင်း

Posted using Partiko Android

လေ့လာရင်တော့ပိုကောင်းတာပေါ့၊ရေးရတာသိပ်မခက်ပါဘူး

Posted using Partiko Android

အဆက်သွယ်တွေပျက်နေတော့ ဘာတွေဖြစ်ကုန်ပြီလဲသိတော့ဘူး ဦးမင်းရေ

ဒီည ၈ နာရီအစည်းအဝေးရှိတယ်၊အကြောင်းအမျိုးမျိုးနဲ့ msc ကထွက်သွားခဲ့တဲ့သူတွေပြန်ဝင်နိုင်ဖို့

Posted using Partiko Android

မက်စေ့တေနောက် ခေါင်းတေမူးပီး လုပ်ရမယ့် token များအလွန်များနေရာ မည်သို့ လုပ်ရမည်မသိ ဆက်လက်စမ်းသပ်ရန် မလုပ်ရဲဖြစ်နေတာ ဆာမင်းစိုးရေ

များတာကတော့အများကြီးပဲ လောလောဆယ် upvote လည်းလာပေးတာတွေရွေးရတာပါ

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85