ခဏလေးပါ

in #myanmar8 years ago

IMG_20180525_005652.jpg

လူသားသတ္တဝါ အားလုံးတို့သည် မိမိတို့ ရှင်သန်ခြင်း ဖြစ်တည်ရေးအတွက် နှလုံးခုန်မှု ရပ်တန့်သွားခြင်း မရှိသရွေ့ လူလောကအလည် ရှိရှိသမျှ ရှင်သန်ခြင်းလေး ဖြစ်တည်နေစဉ်အခိုက်အတန့် မိမိတို့၏ဘဝအတွက် လိုအပ်ချက်များ လိုအင်ဆန္ဒများ မက်မောတက်မက်ခြင်းများကို ဥာဏ်စွမ်းရှိသလောက် ဘဝအတွေ့အကြုံများကို အရင်းတည်ပြီး အရာရာ အဆင်ပြေနိုင်ရေးအတွက် လောဘစိတ်နဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေကြတယ်။

ခေတ်စနစ်တွေဟာလည်း ဟိုအရင် ရှေ့ရှေ့တုန်းကနဲ့မတူ တစ်နှစ်ပြီး တစ်နှစ် တစ်ခေတ်ပြီး တစ်ခေတ် ကာလအပိုင်းအခြားတွေနဲ့ တိုးတက်ခြင်း စုပ်ယုတ်ခြင်းတို့ဟာလည်း မာရသွန်အပြေးပြိုင်ပွဲကို ထိုင်ကြည့်နေရသလိုမျိုး | ပြောင်းလဲမှုတွေဟာလည်း နေ့စဉ် မိနစ်စက္ကန့်မလပ် ပြောင်းလဲလာခဲ့ကြတယ်။ခေတ်တွေပြောင်းလဲသွားတယ် လူတွေပြောင်းလဲသွာတယ် ပျက်ဆီးခြင်း မွေးဖွားခြင်း အရာရာပြောင်းလဲနေကြပေမယ့် မပြောင်းလဲတာကတော့ အသက်ရှင်သန်နေသမျှကာလပတ်လုံး လှုပ်ရှားခြင်း ရုန်းကန်ခြင်း ကြိုးစားမှုတွေပါပဲလေ။

ကျွန်နော်တို့ လူတွေအားလုံး ကိုယ့်ဘဝ အရာရာ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အတ္တ လောဘစိတ်လေးတွေနဲ့ ကိုယ့်အသက် ကိုယ့်ခန္ဒာ ကျန်းမာချမ်းသာစွာနေထိုင်ခြင်းအတွက် မငဲ့ညှာပဲ အနာဂတ်မှာ အကောင်းဆုံးဆိုတာတွေကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် ဒီခန္ဒာရုပ်ကို အတင်းမောင်းနှင်လာခဲ့ကြတယ်။

နယ်စပ်ဆိုတာ ဒုက္ခရောက်နေကြသူတွေ အများဆုံး နေထိုင်ရပ်တည်ရာ နေရာဒေသတစ်ခုလို့ မှတ်ချက်ပြုလိုက်လျှင် မည်သို့သောလူတွေကမှ ငြင်းနိုင်ဖွယ်မရှိ ငြင်းချက်ထုတ်လို့မရနိုင်|
အကယ်၍ ခိုင်လုံသောလျှောက်လွှဲချက်များ ထုတ်ဖော်ပြနိုင်လျှင်လည်း နောက်ဆုံး၌ မည်သူမဆို လက်ခံသွားကြပါလိမ့်မယ်။

ထိုသို့သော ဒုက္ခရောက်နေကြသော လူတွေစုဝေးရာ နယ်စပ်ဒေသ၌ "နေ့မြင်ညပျောက်" ထိုစကားအတိုင်း
ဒီနေ့ ရီမောပျော်ရွှင်စွာနဲ့ လက်တွဲနှုတ်ဆက်စကားပြောဆိုနေပေမယ့် နောက်တစ်ရက်၌ ထိုသို့ပြုံးရွှင်စွာ စကားပြောခဲ့တဲ့ လူတစ်ယောက်ဟာ လူဘဝကြီးထဲကနေ အပြီးအပိုင် ထွက်ခွါသွားကြတဲ့ လူတွေဟာလည်း တစ်ယောက်ထဲမဟုတ် တစ်ယောက်ပြီးတစ်ယောက် တွေ့ကြုံမြင်တွေ့နေရပါတယ်။

ဘယ်လိုလူစားမျိုးတွေဟာ လူလောကထဲက စောစောထွက်ခွါသွားကြသလဲဆိုတော့ ဘဝကို အနိုင်မခံ အရှုံးမပေး လောကဓံကို ကြံကြံခံပြီး ကျားကုတ်ကျားခဲ ကြိုးစားနေကြတဲ့သူတွေပါပဲ။
မိမိဘဝကို လေနှင်ရာ လိုက်ပါသွားနေကြပြီး အနာဂတ်ဆိုတာ ဘေးချိတ် ဒီနေ့ဒီချိန်အတွက် အဆင်ပြေဝမ်းဝရေးကို အဓိကထားပြီး နှံကောင်တစ်ကောင်လို အမြဲလေချွန်နေတက်တဲ့ ခပ်ပေါ့ပေါ့ လူစားမျိုးတွေကတော့ ယမမင်းကြီးရဲ့ ဆင့်ခေါ်စာလွှာကနေ ကင်းလွတ်လို့နေတာပေါ့။

ဘဝရဲ့ လောကဓံကို အံတုပြီး အနာဂတ်ကို မျှော်လင့်ရင်း ရုန်းကန်ကြိုးစားနေတဲ့ အရင်းနှီးဆုံး မိတ်ဆွေအသိတစ်ယောက်ကတော့ ဖြစ်တည်နေတဲ့ကျန်းမာရေးအတွက် အသဲအသန် ဂဲမှန်တဲ့အချိန်ရောက်မှ မွေးရပ်ဇာတိ တောရွာလေးကို ခဏလေးပါလို့ ပြောဆိုထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့တဲ့လမ်းကို အပြီးအပိုင် ထွက်ခွါသွားကာ မွေးမြေအရပ်မှာ ထာဝရ ခေါင်းချလို့ အိပ်စက်အနားယူသွားခဲ့ပြီပေါ့……………………………။
author:@thura

Sort:  

ဘယ်အရာမှ မတည်မြဲသလို ဘာမှလည်း မသေချာဘူး
သူ့သဘောသူဆောင် နေမှာသာဖြစ်လို့ ၀မ်းသာ ၀မ်းနည် မဖြစ်ပါလေနှင့်

တွေ့ကြုံမြင်တွေ့နေတာခဏခဏဆိုတော့လည်း
စိတ်ထဲမှာ တစ်ခုခုတော့ဖြစ်မိတာပေါ့ဗျာ
ဒါပေမယ့် ကိုယ့်ကိုကိုယ် သတိနဲ့အသိက ရင်ထဲမှာ ထင်ကျန်ရစ်ခဲ့ပါတယ်လေ။

Nice post ! You got 14.07% upvote from @flymehigh. Earn free sbd/steem daily by delegating(renting) your SP. We share high return, click here to delegate your sp to flymehigh if you don't know, how to earn passive income by delegating your SP click here for more info Join our discord You can promote your posts. Thanks.

ကျေးဇူးတင်ပါတယ်

You got a 5.76% upvote from @dailyupvotes courtesy of @thura!

အားဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်dailyupvotes.

နေ့မြင်ညပျောက်

သဘာဝကို လွန်ဆန်လို့မှာမရတာဗျာ

You got a 41.67% upvote from @stef courtesy of @thura!

အဆင်ပြေရမှာပေါ့

You got a 33.33% upvote from @nado.bot courtesy of @thura!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

မိုးကလည်းနေ့တိုင်းရွာနေလျက်ပါဗျာ

This post has received a 0.41 % upvote from @drotto thanks to: @thura.

ခံစားမှုမှတ်တမ်းဆိုတော့လည်းခင်ဗျပေးသလောက်ကျေနပ်ပါတယ်ဗျာthanks

ကျော်ဟိန်းရဲ့ ကြေးသွန်းဘုရားကြီးလိုပေါ့ အသိ သတိ

ဦးကျော်ဟိန်းရဲ့စကားလုံးတွေက မှတ်သားစရာတွေအများကြီးပါပဲဆရာ

You got a 31.01% upvote from @peace-bot courtesy of @thura!

Help spread the peace. Want to promote your posts too? Send a minimum of .02 SBD or STEEM to @peace-bot with link in the memo for an upvote on your post. You can also delegate to the bot for daily passive earnings. If you would like to delegate to the Peace Bot you can do so by clicking on the following links:
50SP 100SP 250SP 500SP 1000SP 5000SP

Learn more!

ဒီလောက်ရင်ကျေနပ်ပါတယ်

This post has received a 9.09 % upvote from @steemdiffuser thanks to: @thura.

Bids above 0.1 SBD may get additional upvotes from our trail members.

Get Upvotes, Join Our Trail, or Delegate Some SP

ကြိုးစားနေလျက်ပါဗျာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 63763.42
ETH 1660.59
USDT 1.00
SBD 0.42