ရလိုမှုကင်းတဲ့ မေတ္တာ
“ရလိုမှုကင်းတဲ့ မေတ္တာ”
ကျွန်တော်ဟာ အလုပ်ကတစ်ဖက် မိသားစုကတစ်ဖက်နဲ့မို့ အမေ့ဆီကိုမပြန်နိုင်ခဲ့ပါ။အမေကတော့ မလာနိုင်လဲရပါတယ်သားရယ်လို့ပြောနေပေမယ့် စိတ်ထဲမှာတော့ မကောင်းလှပါ။ သားသမီးစိတ်ချမ်းသာအောင် ပြောရတာဖြစ်ပေလိမ့်မည်။အမေ့ဆီကို မပြန်နိုင်ပေမယ့် တတ်နိုင်သလောက် ငွေကြေးလေးပို့ပြီးကန်တော့ဖြစ်ပါသည်။

ခုလဲ မပြန်နိုင်တဲ့အတွက် အမေ့ကိုကန်တော့ရန် ငွေကိုဘဏ်မှသွား၍လွှဲပေးခဲ့ပါသည်။အမေ၀မ်းသာမည်ဟု ကိုယ့်ဘက်ကထင်မိပါသည်။တကယ်တမ်းကျတော့ အဲဒီလို မဖြစ်ခဲ့ပါ။ အမေသည် ကိုယ့်သားသမီးဆီမှ ငွေကြေးကိုမမျှော်လင့်ပါ ကိုယ်သားသမီးမျက်နှာမြင်ရလျှင် ပို၍ကျေနပ်ကြပါသည်။ကိုယ့်သားသမီးက ဘယ်နေ့လာမည်ဟုပြောလျှင် မျှော်နေတတ်ကြပါသည်။ကိုယ့်မှာလဲသားသမီးရှိလာမှ မိဘတို့၏မေတ္တာကို ပို၍သိလာရပါသည်။သိလာပေမယ့်လည်း တကယ်လက်တွေ့တွင် အမေဆီကိုတောင်ပြန်နိုင်အောင် မနည်းကြိုးစားရပါသည်။
အမေသည် ကိုယ့်သားသမီးများလာလျှင် သားသမီးများ ကြိုက်တတ်သော အစားစားများကိုလည်း မမောနိုင်မပန်းနိုင် ချက်ကျွေးတတ်ပါသေးသည်။တစ်ခြားသူများက ကိုယ့်အမေချက်ထားသည်များကို မကောင်းဟုပြောလျှင်တောင် ကျွန်တော်ကတော့ အမေ့လက်ရာက ဘယ်အချိန်ချိန်ဖြစ်ဖြစ် ခံတွင်းမိန်စေပါတယ်။သားသမီးတော်တော်များများလည်း ကျွန်တော့်လိုဘဲဖြစ်မည်ထင်ပါသည်။
နောက်ပြီး အမေသည် ကျွန်တော်တို့တွင် အခက်အခဲရှိသည်ဟု ပြောလိုက်ပါက သားသမီးအဆင်မပြေမှာစိုး၍ ချက်ချင်းအဆင်ပြေအောင်ဖန်တီးပေးတတ်ပါသေးသည်။အမေ့၌ အခက်အခဲရှိလျှင်သာ သားသမီးများမှ ပြန်လည်ကြည့်ရှုရန် ၀န်လေးတတ်ကြပါသေးသည်။ထို့ကြောင့် မိဘမေတ္တာသည် သားသမီးများအပေါ်တွင် အစုန်သာရှိ၍ အဆန်မရှိပါ။ထို့ကြောင့် မိဘများ၏ကျေးဇူးကို မဆပ်နိုင်လျှင်တောင်မှ ကျေးဇူးမကန်းကြရန် တိုက်တွန်းလိုက်ရပါသည်။

Photo Credit: Google Image
Writer - Thant Zin Soe(@tharpauk)
MSC 134
Thank you tharpauk for making a transfer to me for an upvote of 1.26% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Thank
ကျေးဇူးပါ
thank
Love have no return.
Right Bro.
အယူအဆလေးကောင်းပါရဲ့ မိဘမေတ္တာ ဒိထက်ဖွဲ့နွဲ့ရေးသားစရာများလှသော်လည်း တိုလွန်းပေရဲ့၊ဒိထက်နည်းနည်းလေးလောက်ထပ်ရေးလိုက်လျှင် ပိုကောင်းသွားလိမ်မည်ထင်မိပါသည်
ဟုတ်အစ်ကို ကျေးဇူးပါ ထပ်ကြိုးစားပါ့မယ်