"ယိုယွင်း​နေ​သောမြန်​မာ့သဘာဝပတ်​ဝန်းကျင်​ကိုထိန်းသိမ်းပြုပြင်​ရ​အောင်​"

in #myanmar6 years ago (edited)

Myanmar-Map-Flag.png

MyanmarSteemitUserများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်​​တော်အခု​​​လေးစားအားကျရ​သောadmin ဆရာများ​ ပေးထားတဲ့ "ယိုယွင်း​နေ​သောမြန်​မာ့သဘာဝပတ်​ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်​ရ​အောင်​​"ဆိုတဲ့​ခေါင်းစဉ်​အတိုင်းပါဝင်​​ဆွေး​နွေးချင်​ပါတယ်​ခင်ဗျ။

ယခုကျွန်တော်လေ့လာသိရှိခဲ့ရသလောက်ကျွန်တော်ရဲ့အတွေးအမြင်လေးတွေကိုဖော်ပြလိုပါတယ်။ကျွန်​​တော်တို့​နေထိုင်တဲ့အမိမြန်မာနိုင်ငံ​တော်ရဲ့သဘာဝပတ်ဝန်းကျင်ဟာဆိုရင်ဖြင့်တစ်​ခြား​သောနိုင်ငံများနဲ့နိုင်းဆလျှင်​​တော့သိပ်အဆိုးကြီးပျက်စီး​နေတာမျိုးမဟုတ်​​ပေမဲ့တစ်​​ဖြေး​ဖြေးတစ်စတစ်စနဲ့ပျက်စီး​နေပါပြီ။အဲ့လို့ပျက်စီးလာရခြင်းအ​ကြောင်းအရင်း​တွေအများအပြားရှိပါသည်။ကျွန်​​တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကြီးကိုသိသိသာပျက်စီး​စေ​သောအရာများလည်းရှိသလိုတစ်​​ဖြေး​ဖြေးချင်းစီဖျက်​စီး​နေတဲ့အရာများလည်းရှိပါသည်​။

stock-vector-extreme-weather-set-volcano-tsunami-earthquake-and-tornado-173021624.jpg

ကျွန်​​တော်တို့​နေထိုင်​​သောမြန်မာနိုင်ငံတင်မဟုတ်ကမ္ဘာ​မြေကြီးကိုဖွဲ့စည်းတည်​​ဆောက်ထား​သောမီး(မီး​တောင်များ​ပေါက်ကွဲခြင်း)၊​ရေ(​​ရေကြီးခြင်း၊​ရေရှားပါးခြင်း)၊လေ(လေပြင်းမုန်တိုင်းများတိုက်ခတ်​ခြင်း)၊မြေ(မြေငလျှင်များလှုပ်ခတ်​ခြင်း)၊ထိုသို့ကမ္ဘာကိုဖွဲ့စည်းထား​သောဓာတ်ကြီး​လေးပါးကိုသိသိသာသာ​ဖောက်​ပြန်ပျက်စီး​စေ​သောအဓိကအ​ကြောင်းအရင်းက​တော့သစ်ပင်များတစ်​​ဖြေး​ဖြေးနည်းပါးလာ​သော​ကြောင့်​ဖြစ်သည်။ကမ္ဘာ​မြေကြီးရဲ့အသက်​​သွေး​ကြောများဖြစ်တဲ့မီး၊​ရေ၊​လေ၊​မြေဆိုတဲ့ဓာတ်ကြီး​လေးပါးကိုညီမျှ​နေ​အောင်အဓိကထိမ်းသိန်း​ပေး​သောသစ်ပင်များအားနည်းပါးလာ​အောင်အဓိကဒုက္ခများ​ပေး​နေ​သောအရာဟာတစ်​ခြားမဟုတ်​။ယခုလူ​တွေ​နေ့စဉ်​အသုံးပြုလာကျတဲ့ပလက်​စတစ်​အိတ်​များသာဖြစ်​သည်​။

plastic-bag-sb10063890a-001.jpg

ပလက်စတစ်အမှိုက်များရဲ့အန္တရယ်ဟာ​ကြောက်ဖို့အ​ကောင်းဆုံးအန္တရယ်တစ်ခုဖြစ်လာ​​နေပါပြီ။သဘာဝပတ်ဝန်းကျင်ကိုနည်းအမျိုးမျိုးနဲ့ဒုက္ခ​ပေးတိုက်ခိုက်​​နေ​သောဂြိုလ်ဆိုးသာဖြစ်သည်။ပလက်စတစ်အမှိုက်များသည်​နှစ်​​ပေါင်းမျာစွာတိုင်သည်ထိမပျက်သမစီးပဲရှိ​နေနိုင်​​သောဂုဏ်သတ္တိရှိသည်။ကျွန်​​တော်ပလက်စတစ်အမှိုက်​​တွေရဲ့ဆိုးကျိုး​တွေကိုမ​ပြောပြခင်အမှိုက်များကိုပစ်ချင်တိုင်းပစ်စည်းမရှိကမ်းမရှိမလွှတ်ပစ်ပဲစနစ်တကျအမှိုက်ပုံးထဲသိုစွန့်ပစ်ပြီးသင်တို့ကျွန်​​တော်တို့​နေထိုင်တဲ့​နေရာ​ဒေသ​လေးသာယာစိမ်းလန်း​အောင်ကြိုးပမ်းကျဖို့အရင်ဆုံးတိုက်တွန်းချင်ပါတယ်။ပလက်စတစ်အိပ်များကိုအသုံးပြုခြင်းသည်ကျွန်​​တော်တို့လူသား​တွေအ​ပေါ်မှာသယ်ယူပို့​​ဆောင်ထုပ်ပိုးတဲ့​နေရာ​တွေမှာ​လောက်သာအဆင်​​ပြေ​စေပြီး၎င်းအသုံးပြုပြီး​သောပလက်စတစ်များအားစွန့်ပစ်တဲ့​နေရာမှာစနစ်တကျရှိဖို့​တော့လို​ပေမည်။အဘယ်​​ကြောင့်​ဆို​သော်စနစ်တကျမစွန့်ပစ်​​သောအမှိုက်စက​လေးများသည်မိုးရွာသည့်​အခါပင်​ဖြစ်​​စေအ​ကြောင်းအမျိုးမျိုး​ကြောင့်​​ရေစီးဆင်းသည်​​ချောင်း​မြှောင်းထဲသို့​ရောက်ရှိသွားခြင်းဖြင့်​အမှိုက်များတစ်စတစ်​ဖြင့်​စုစည်းပြီး​ရေစီးဆင်း​နေသည်ကိုအဟန့်အတားဖြစ်စပြီး​ရေ​ကောင်း​ကောင်းမစီးဆင်း​တော့ပဲ​ရေလမ်း​ကြောင်းပိတ်၍ကမ်း​ပေါ်သို့​ရေများ​ရောက်ရှိလာပြီး​​ရေကြီးခြင်းကိုဖြစ်​​ပေါ်လာ​စေပါသည်။ထိုသို့ဆည၊်​​​ချောင်း၊မြှောင်းထဲသို့ပလက်စတစ်အမှိုက်များမဆင်မချင်စွန့်ပစ်​ခြင်း​ကြောင့်​​ရေ​နေသတ္တဝါများအားလည်း​သေ​ကြေပျက်စီး​စေနိုင်ပါသည်။ထို့​ကြောင့်​ပလက်စတစ်အမှိုက်များအား​ချောင်း၊​မြှောင်းများထဲသို့စွန့်​ပစ်​ခြင်းအားအထူး​ရှောင်​ကျင်​ပါ။ဒါတင်​မကပဲစွန့်​ပစ်​ပလက်​စတစ်​အိပ်များ​မြေကြီးထဲသို့ကျန်ရှိ​နေပြီးစိုက်ပျိုး​ရေးအတွက်အကျိုးရှိ​သော​မြေဆီလွှာများအားပလက်စတစ်၌တည်ရှိ​သောဓာတုဓာတ်များက​မြေဆီလွှာများအားတိုက်စားပြီးစိုက်ပျိုး​ရေးကိုလည်းအဆင်မ​ပြေဖြစ်​​စေပါသည်။စိုက်ပျိုး​ရေးတွင်တင်မဟုတ်​​ရေ၊​မြေ၊​လေကိုအထူးထိမ်းသိန်း​ပေးတဲ့သစ်ပင်ကြီးများ၊နှစ်ရှည်ပင်များအတွက်လည်းမ​ကောင်း​ပေ။အကယ်၍သစ်င်များ​သေဆုံးသွားခဲ့လျင်ကျန်ခဲ့တဲ့သစ်ကိုင်း​ခြောက်များအချင်းချင်းပွတ်တိုက်၍​တောမီးများ​လောင်ကျွမ်းခြင်းကိုဖြစ်​​စေနိုင်ပါသည်။ထို့​ကြောင့်​သစ်ပင်များမ​သေဆုံးရ​အောင်​ကြွတ်​ကြွတ်အိပ်များသုံးခြင်းကိုနည်းသည်​ထက်​နည်းလာ​အောင်​လုပ်​​ဆောင်​ရမည်​ဖြစ်​ပြီးပလက်​စတစ်​အိပ်​များကိုစည်းစနစ်​ကျစွာဖြင့်​အသုံးပြု​စေလိုပါသည်​။

21801359892_5877892386_b.jpg
fire-slideshow1-main.jpg
aHR0cDovL3d3dy5saXZlc2NpZW5jZS5jb20vaW1hZ2VzL2kvMDAwLzA4MS8wMjgvb3JpZ2luYWwvZXhwbG9zaW9ucy1taXNjZWxsYW5lb3VzLXZpZXdzLmpwZw__.jpeg
stormdrain.jpg

ကျွန်​​တော်တို့လူသားအများစုသည်သစ်ပင်များကမိမိတို့ကိုသစ်ရိပ်​​​ပေးခြင်း၊သစ်သီးများ​ပေးခြင်း၊ပန်းပွင့်​များဖြင့်​စိမ်းလန်းလှပခြင်း​လောက်သာသိ​သောသူများပြားပါသည်။သစ်ပင်များ၏ပတ်ဝန်းကျင်အ​ပေါ်အကျိုးပြုပုံဤမျှ​လောက်ပင်မဟုတ်ပါ။ယခု၂၁ရာစုIT​ခေတ်ကြီးတိုးတတ်​လာသည်​နှင့်​အမျှစက်ရုံအလုပ်ရုံများလည်းတစ်​​ဖြေး​ဖြေးများပြာလာပါသည်။ထိုစက်ရုံများမှထွက်​သောဓာတ်​​ငွေ့များကိုသစ်ပင်များကရူသွင်းအသက်ရှင်ပြီးကျွန်​​တော်တို့လူသားများအသက်ရှင်သန်ရန်အဓိကလိုအပ်တဲ့​အောက်စီဂျင်ကိုထုတ်လွတ်​​ပေးပါသည်။အကယ်၍သစ်ပင်​​တွေသာမရှိခဲ့ရင်ကုန်းမြင့်​​ဒေသ​တွေဖြစ်တဲ့​နေရာ​တွေမှာဥပမာ-​တောင်ကြီးမြို့လို​နေရာမျိုး​တွေမှာမိုးသည်းထန်​စွာရွာသွန်းလာခဲ့ရင်​မိုး​ရေစက်​​တွေကို​မြေ​ပေါ်သို့တိုက်​ရိုက်​မကျ​ရောက်​နိုင်​​အောင်​ကာကွယ်​​ပေး​နေတဲ့သစ်ပင်​​တွေမရှိခဲ့ရင်​​တောင်ကုန်း​ပေါ်သို့မိုး​ရေများကျ​ရောက်ပြီး​မြေစီလွှာ​တွေတိုက်စားကာ​မြေပြိုမှု​တွေဖြစ်လာခဲ့မယ်​​​မြေပျိုမှု​တွေဖြစ်လာခဲ့ရင်အနီးအနားရှိအိမ်​​ခြေယာ​ခြေများပျက်ဆီးဆုံးရှုံးမှုများဖြစ်​​ပေါ်လာ​စေပါတယ်။ဒါတင်မက​တောင်​​တွေပျိုကျခြင်း​ကြောင့်​​မြေငလျင်များလှုပ်၍မီး​တောင်များ​ပေါက်ကွဲသည်ထိဖြစ်လာနိုင်ပါတယ်။ကျွန်​​တော်တို့မြန်မာနိုင်ငံမှာ​တော့ပုပါး​တောင်(မီးငြိမ်း​တောင်)တစ်ခုထဲသာရှိ၍မီး​တောင်​​ပေါက်ကွဲရန်စိုးရိမ်စရာမရှိ​ပေမဲ့အိမ်နီးချင်းနိုင်ငံ​တွေက​နေ​​ပေါက်ကွဲတဲ့မီး​တောင်​​တွေ​ကြောင့်​ကျွန်​​တော်တို့နိုင်ငံကို​မြေငလျင်ဒဏ်ကျ​ရောက်​စေနိုင်ပါတယ်။မြေငလျင်​​တွေလှုပ်​ခြင်း​ကြောင့်​မီး​တောင်များ​ပေါက်ကွဲ​စေနိုင်သလိုမီး​တောင်များ​ပေါက်ကွဲခြင်း​ကြောင့်​လည်း​မြေငလျင်များလှုပ်ခက်​နိုင်ပါသည်။မကြာခင်အချိန်တုန်းကပဲကျွန်​​တော်တို့မြန်မာနိုင်ငံ၌​မြေငလျင်အ​သေးစား​လေးတစ်ခုလှုပ်ခတ်သွားတာကိုလူတိုင်းကြားသိလိမ့်​မည်ထင်ပါသည်။တစ်​​ဖြေး​ဖြေးကျွန်​​တော်တို့နိုင်ငံလည်းထိုသို့​သော​ဘေးအန္တာရယ်များပိုမိုကျ​ရောက်လာမည့်​အလားအလာများစွာရှိ​ပေသည်။ဥတုရာသီရဲ့ပင်မထိန်းချုပ်​ရာဖြစ်​တဲ့​သစ်​ပင်​များပြုန်းတီးလာခြင်း​ကြောင့်​ဖြစ်​သည်။

stock-vector-flood-earthquake-tsunami-drought-volcano-eruption-forest-fire-hurricane-tornado-47641294.jpg

ထို့​ကြောင့်​ရှိ​နေ​သောသစ်ပင်များအားစနစ်တကျထိန်းသိမ်းအသုံးပြုပြီးနှစ်ရှည်ပင်များအများအပြားစိုက်ပျိုးရန်လိုအပ်သည်။သစ်ပင်များအားမိမိတို့စီးပွားဖြစ်ခိုးယူခုတ်လှဲ​နေ​သောလူများအားလည်းထိထိ​ရောက်​​ရောက်အ​ရေးယူနိုင်ရန်လည်းလိုအပ်​​ပေသည်။ထိုသူများကလည်းသစ်​ပင်​များကိုပြုန်းတီး​​အောင်​လုပ်​​နေ​သော အန္တာရယ်​​ကောင်​များဖြစ်​​ပေသည်​။အများအတွက၊်​မိမိ​မြေအတွက်မကြည့်​ပဲစီးပွားဖြစ်ခုတ်လှဲ​နေ​သောလူ့ငနွားများဖြစ်သည်။ယခုဆိုသစ်ပင်များနည်းပါးလာခြင်း​ကြောင့်​ဥတု​ဘေးများကိုပိုမိုခံစားလာ​နေရပါပြီ။ထို့​ကြောင့်​ပလက်​စတစ်​အမှိုက်​များအားစနစ်တကျဖြင့်​ထိန်းသိမ်းရင်းကျွန်​​တော်တို့မြန်မာနိုင်ရဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကျရ​​အောင်ပါညီအစ်ကိုတို့​​ရေ......

"သစ်​ရိပ်​လိုချင်​သစ်​ပင်​စိုက်
နေပူမှသစ်​ပင်​မရှာပါနှင့်​"

Photos Credit;Google Images

MSC.119
@thantzinwin
Thant Zin Win

Sort:  

မှန်ပါတယ် အစ်ကို

ဟုတ်​ကဲ့​ကျေးဇူးပါအစ်​ကို

အမှန်​ပါဘဲဗျာ good bro

ကျေးဇူးbro​ရေ

ဟုတ်ပါတယ်အစ်ကိုရေ ကမ္ဘာမြေကြီးလဲ ဘေးအန္တရယ်မှကင်းဝေးပါစေဗျာ

ကင်း​ဝေးပါ​စေ​ဗျာ

Thank you thantzinwin for making a transfer to me for an upvote of 2.19% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ကောင်းတယ် Bro ရေ ဆုရပါစေဗျာ

ကျေးဇူးbro​ရေ​ပေးတဲ့ဆုနဲ့​ပြည့်​ရပါ​စေ​ဗျာ

မှန်ပါတယ် ဆုရပါစေဗျာ

ဟုတ်​​ကျေးဇူးအစ်​ကို

အရမ်းကောင်းပါတယ် ဆုရပါစေဗျာ

ဟုတ်​​ပေးတဲ့ဆုနဲ့ပြည်​ရင်​​တော့​ကောင်းတာ​ပေါ့​ဗျာဒါ​ပေမဲ့​ရှေ့မှာညီ့ထက်​​တော်​တဲ့တတ်​တဲ့အစ်​ကို​တွေအစ်​မ​တွေများကြီးရှိ​သေးတယ်​ဆက်​လက်​ကြိုးစားဖို့အများကြီးလိုအပ်​​နေ​သေး​ပေမဲ့အစ်​ကိုရဲ့ချီးကျူးစကား​ကြောင့်​အား​တော်​​တော်​ရှိသွားပါတယ်​​ကျေးဇူးအများကြီးတင်​ပါတယ်​​ဗျ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63570.02
ETH 3400.95
USDT 1.00
SBD 2.56