မေတ္တာ ဟူသည်
https://steemit.com/myanmar/@suhlaing/emt-a-huthny-a718cb748f7e
တာဝန်နဲ့ ဝတ္တရားကြောင့် တစ်ခါတစ်လေ လူမှုဆက်ဆံရေးမှာ အားနည်းသွားတက်တာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် ဝန်ထမ်းလောကမှာ အများဆုံးတွေ့နိုင်ပါတယ်။ တာဝန်နဲ့ အမိန့်ကြောင့် စည်းကမ်းနဲ့ကျော်လွန်ပြီး ပတ်သက်မှုမျိုးတွေရှိလာပြီဆိုရင် မိတ်လည်း မပျက်အောင် ဥပဒေနဲ့လည်း ညီအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ အရေးကြီးပါတယ်။ တဖက်မှာ မိတ်ပျက်ခြင်းနဲ့တဖက်မှာတာဝန်ပါ။ တာဝန်ဘက်ကို အလေးပေးလိုက်ရင် မိတ်ပျက်ပါမယ်။ မိတ်ကို အလေးပေးလိုက်ရင် တာဝန်ပေါ့လျော့ပါမယ်။ ဒီလိုအခြေအနေမှာ အကောင်းဆုံးဖြစ်လာအောင် သတိထားကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်။
စကားပြောဆိုမှုနဲ့ပတ်သက်လို့ ချိုချိုပြောလည်း ဒီစကား။ ကြမ်းထမ်းစွာပြောလည်း ဒီစကားပါ။ အပြောမတက်တော့ဆဲသလိုပါ။ လူတိုင်းလူတိုင်းဟာ စကားပြောချိုသာခြင်းကို နှစ်သက်ကျပါလိမ့်မယ်။ မိမိကိုယ်တိုင် ကိုယ်ချင်းစာကြည့်ပါ။ သူတပါးက ရိုင်းစိုင်းစွာပြောဆိုလျှင် မည်သို့ ခံစားမိပါသလဲ။ နောက်တချက်က လူတိုင်းအပေါ်စေတနာမှန်ဖို့နဲ့ စေတနာထားတက်ဖို့ပါ။ သဘောကောင်းဖို့ထက် သဘောမှန်ဖို့သာ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ လူတစ်ဦးတစ်ယောက်အပေါ်ဆက်ဆံတဲ့အခါ သဘောထားမှန်ဖို့အင်မတန်လိုအပ်ပါတယ်။ ဒီလူကို အလိုရှိတော့တမျိုး ဒီလူဆီက မိမိဆန္ဒပြည့်ဝလောက်တဲ့အထိ အကူအညီမရရင်တစ်မျိုး ဆက်ဆံရေးပြောင်းလဲသွားခြင်းဟာ စိတ်သဘောထား မမှန်ခြင်းဖြစ်ပါတယ်။ ရယူလိုမှုတစ်ခုနဲ့ ပေါင်းသင်းဆက်ဆံတာဟာ ခိုင်မြဲတဲ့ လူမှုဆက်ဆံရေးကို မရစေနိုင်ပါဘူး။ ကိုယ့်အတွက် သူ့အတွက်မျှတတွေးတက်ပြီး ကိုယ်အကူညီပေးသလို သူ့ဆီကလည်း ပြန်ရမှလို့ တွေးတောမနေဘဲ ကိုယ့်ဘက်ကပေးနိုင်အောင် သံသယရှင်းရှင်းနဲ့ ပေါင်းသင်းဆက်ဆံတက်မှသာလျှင် လူ့အသိုင်းအဝိုင်းတစ်ခုလုံး လှပသာယာလာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကျပါစေ...
@suhlaing
msc 175
credit google image
ဟုတ်တယ်အမျွန်တေယ်လည်း အဲ့လိုြုရတယ် မလွယ်ဘူး။ တာဝန်အရော လူ ရေရောကြည့်ရတယ်
မျှတပါမှ လူမုန်းမခံရတာ အယ်ဒိုရေ အမလည်း ညှပ်တယ် တခါတလေ
သမီးပြောတာ မှန်ပါတယ် ..
ကျေးဇူးပါ မမ