မေတ္တာ ဟူသည်

in #myanmar8 years ago

လူရယ်လို့ ဖြစ်လာတာနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်တဲ့အခါ လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်ခြင်းက ကိစ္စတော်တော်များများကို ပြီးမြောက်အောင်မြင်စေပါတယ်။ တချို့သော လူတွေဟာ လူ့အသိုင်းအဝိုင်းမှာ နေ့စဉ်နဲ့ အမျှ ပေါင်းသင်းဆက်ဆံကျတဲ့အခါ လူအချင်းချင်း အဆင်ပြေပြေနဲ့ မေတ္တာလေးပါ ထည့်သွင်းပေါင်းသင်းကျတဲ့အတွက် လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့သူအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

ဥပမာ ကျမတို့ ဈေးဝယ်ရင်တောင် ဆက်ဆံရေး ကောင်းတဲ့ဆိုင်နဲ့ ဆက်ဆံရေး မကောင်းတဲ့ဆိုင်ကွာတာကို သတိထားမိမှာပါ။ ဆက်ဆံရေးကောင်းမွန်ပြီး အရောင်းသွက်တဲ့ဆိုင်တွေကို သတိထားကြည့်မယ်ဆိုရင် ဈေးဝယ်သူတွေ အပေါ် လိုက်လျောညီထွေနဲ့ ပြောဆိုတက်ပြီးတော့ မိမိလိုရာကို ပေါက်မြောက်အောင် စည်းရုံးနိုင်တယ်ဆိုတာ တွေ့မြင်ပါတယ်။ အရောင်းအဝယ်ပါးတဲ့ဆိုင်တွေကို လေ့လာကြည့်ရင်တော့ တစ်ခွန်းဆိုင်များနဲ့ ဝယ်ချင်ဝယ် မဝယ်ချင်နေ မျက်နှာထားတင်းတင်းနဲ့ ဆိုင်ရှင် ဆိုးဆိုး ဒါမှမဟုတ် ဈေးဝယ်များကို ဂရုမစိုက်တက်တဲ့ အရောင်းစာရေးမများကို တွေ့မြင်ရမှာပါ။

image

ဆက်ဆံရေးပြေပြစ်ဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ သာဓကတစ်ခု ပြချင်ပါတယ်။ ကျမနဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ မိသားစုတစ်စုရှိပါတယ်။ ဆွေမျိုးမတော်စပ်ပေမဲ့ ဦးလေးလို အဒေါ်လို ခင်မင်ရသူတွေပါ။ ဦးလေးကော အဒေါ်ပါ အင်မတန် လူမှုဆက်ဆံရေး ပြေပြစ်သူတွေပါ။ သဘောကောင်းကျပေမဲ့ စည်းကမ်းလေးနဲ့ နေထိုင်ပြောဆိုတက်သူတွေပါ။ ကျောင်းဆရာ ကျောင်းဆရာမများမှ မိမိတို့ ဘဝရှေ့ရေးအတွက် နှုတ်ထွက်ကာ ဘဝရဲ့ ၃ပုံ ၂ပုံလောက်အထိ စက်ချုပ်ခြင်းဖြင့် အသက်မွေးခဲ့ကျပါတယ်။ အဲ့နောက်မှာတော့ စုဆောင်းထားတာလေးနဲ့ အီလက်ထရောနစ်ပစ္စည်းဆိုင်သေးသေးလေးကို စတင်ထူထောင်ခဲ့ပြီးတော့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ခြင်း တခြားဆိုင်များထက်စာလျှင် ဈေးနှုန်းချိုသာခြင်း လုပ်ငန်းသေးငယ်သေးသော်လည်း လုပ်ငန်းရှင်များနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ပြေပြစ်ကောင်းမွန်ပြီး ကတိတည်ခြင်းတို့ကြောင့် ယခုဆိုလျှင် ဆိုင်ခွဲပေါင်းများစွာနဲ့ လုပ်ငန်းစုကြီးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ သားလေးတစ်ယောက် သမီးလေးတစ်ယောက်သာရှိပြီး လိမ္မာရေးခြားရှိကာ လုပ်ငန်းကြီး တစ်ခုလုံးကို ဦးဆောင်နေကျသူများဖြစ်နေပါပြီ။

image

ဦးလေးနဲ့ အဒေါ်တို့ရဲ့ ထူးခြားချက်က ခင်မင်ရင်းနှီးသူတိုင်းကို မေတ္တာထား ပေါင်းသင်းဆက်ဆံတက်တာ ဖြစ်ပါတယ်။ လူငယ် လူကြီး ကလေးပါမကျန် စည်းရုံးပေါင်းသင်းနိုင်သူများပါ။ ကလေးလည်း ကလေးအကြိုက်။ လူကြီးလည်း လူကြီး အကြိုက် စသဖြင့် ပေါင်းသင်းတက်သောကြောင့် လူချစ်လူခင်လည်း အင်မတန်များလှပါတယ်။ ခင်မင်မှုမှာ စေတနာလေးထည့်ပေါင်းပါ သမီးလို့ အမြဲဆုံးမတက်တဲ့ ဦးလေးနဲ့ အဒေါ်ဟာ ကိုယ်တိုင်လည်း စေတနာကောင်းသူများဖြစ်ပါတယ်။ မိမိထံလာလျှင်ဘာပေးရမလဲ တွေးနေကျသူများပါ။ ဥပမာဆိုရသော် ဆင်းရဲနွမ်းပါးသော သူများကို အဝတ်ဟောင်းများပေးသည်က အစ အရမ်းအဟောင်းများကို ပေးလေ့မရှိဘဲ ခပ်လတ်လတ်အဝတ်များကို လျှော်ဖွတ်မီးပူတိုက်ပေးလေ့ရှိပါတယ်။ ကိုယ်တောင် ဝတ်မဖြစ်တော့တဲ့ အဝတ်အစားကို ဘာလို့ သူများကို ပေးမှာလည်း ဆင်းရဲပေမဲ့လည်း ပြောင်ပြောင်ရောင်ရောင်လေးဖြစ်စေချင်လို့ လျှော်ဖွတ်မီးပူတိုက်ပေးတာလို့ အဒေါ်က အမြဲပြောလေ့ရှိပါတယ်။

image

ယခင် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်နေချိန်မှစ၍ ယခု ကြွယ်ဝချမ်းသာချိန်အထိ ဦးလေးနဲ့ အဒေါ်သည် လူတိုင်းအပေါ် ဆက်ဆံရေး ပြောင်းလဲသွားခြင်းမရှိပါ။ အရင်က ကဲ့သို့ပင် ဖော်ရွေစွာနွေးထွေးစွာ ဆက်ဆံပေါင်းသင်းမြဲဖြစ်သည်။ မိမိအပေါ် မနာလိုသူများကို သနားပါလို့ ဦးလေးက ပြောလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် ကိုယ့်အတွက် သူ့မှာ ပူလောင်နေရတာလို့ ရှင်းပြပါတယ်။ ကော်ဖီကြိုက်တဲ့ ဦးလေးက ကော်ဖီမှုန့်စစ်စစ်မှာ ခါးသက်တဲ့ အရသာဘဲရှိပေမဲ့ သကြားလေး နို့ဆီလေး ပေါင်းထည့်လိုက်ရင်တော့ အရသာထူးကဲတဲ့ ကော်ဖီတခွက်ရသလို လူရယ်လို့ ဖြစ်တည်လာတာကြောင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ ခင်မင်မှုလေးကို မေတ္တာလေး စေတနာလေး ထည့်ပေါင်းလိုက်ရင် ခိုင်မြဲတဲ့ လူမှုဆက်ဆံရေးကို ရတယ် သမီးလို့ ဆိုဆုံးမလေ့ရှိပါတယ်။

image

ဘဝဆိုတာ မမြဲခြင်းတရားများနဲ့ တည်ဆောက်ထားတာမို့ ဒီနေ့ ဒီနေရာမှာ နေရပေမဲ့ ဒီနေရာနဲ့ မသက်ဆိုင်တော့တဲ့နေ့မှာ မိမိကို ခေါ်ပြောနှုတ်ဆက်သူ ဘယ်နှစ်ယောက်ကျန်မလဲ။ နေရာတစ်နေရာပေါ်ထိုင်နေချိန်မှာတော့ သက်ဆိုင်သူများရဲ့ အပြုံး မျက်နှာများကိုသာမြင်ရပြီး ဒီနေရာက ဆင်းတာနဲ့ မျက်နှာလွှဲသွားမဲ့သူတွေ ဘယ်နှစ်ယောက်ရှိမည်လဲ။ အဖွဲ့အစည်းအတွင်း လုပ်ဆောင်နေရတဲ့ သူတွေအတွက် တာဝန်နဲ့ စည်းကမ်းကြောင့် လူမှုဆက်ဆံရေးကို လျစ်လျူ ရှု့လိုက်ရတဲ့အခါတွေမှာ ပျက်ယွင်းသွားတဲ့ ခင်မင်မှုကို ဘယ်လိုတည်ဆောက်ယူမလဲ။ စသည်ဖြင့် လူမှုအခက်အခဲပေါင်းများစွာနဲ့ ရပ်တည်ကျရပြီဆိုရင်ဖြင့် လူမှုဆက်ဆံရေးဟာ ထင်သလောက်မလွယ်ကူမှန်း သိသာပါတယ်။

ဆက်လက်ဖတ်ရှု့ရန်...
သတ္တဝါအားလုံး ကျန်းမာ ချမ်းသာကျပါစေ...

@suhlaing
msc 175
credit google image

Sort:  

လူမှုဆက်ဆံရေးဟာ ထင်သလောက်မလွယ်ကူဘူးဆိုတာ အရမ်းအရမ်းမှန်ပါတယ်ခင်ဗျာ

လူ၏ အကြိုက် ၁၀ခါလိုက်လည်း

ဒီအချိန်​ ကစ သကြား ​လေးထဲ့ပြီး​ကော်​ဖီ​သောက်​ အဲမှားလို့ သကြား ထဲ့​ပေါင်းသင်းမယ်
ဖတ်​​ကောင်းတယ်​ဗျာ

ဟုတ်ကဲ့ ကော်ဖီလေးသောက်ရင်း steemitမှာ အဟာရဖြစ်စေတဲ့စာတွေ ရေးရင်း

အလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတာ မေတ္တာတရားပါ လူတိုင်းကိုပေးသင့်တယ်

တင်ပါ့ ဘုရား

မေတ္တာ စေတနာလေးလေးပေါင်းထည့်လိုက်တော့ ချိုတာပေါ့။

အလုပ်သဘောမဟုတ်ဘဲ တကယ့် စေတနာလေးနဲ့ ပေါင်းသင်းတက်ရင် မိတ်ဆွေ အရင်းတွေ တိုးပွားလာမှာပေါ့ sl

ဟုတ်​ပါ့ဟုတ်​ပါ့အမ​ရေ😁

မေတ္တာပေးရတာဘဲ အရင်းစိုက်ရတာမှတ်လို့နော့

ဟုတ်ကဲ့ လူမှုဆက်ဆံ ရေးကောင်းသူတွေဟာ အများတကာထက် သာလွန်နေတာ တွေ့ ဖူးတယ်။ဘယ်လိုပြောရမလဲ မရှိတဲ့ သူဆိုရင်လဲ ပေးကမ်းကျွေးမွေးသူ ပေါများလှပါတယ်။

သူတောင်းစားတောင် သနားအောင်လေးပြောရင် လှူ ချင်ကျတယ်လေ

ဆက်ဆံရေးကောင်းမှ အရာရာအောင်မြင်မယ်။လူတိုင်းလိုတယ်နော်အစ်မ။အစိုးရတောင်မှကျန်တဲ့အစိုးရနဲ့ဆက်ဆံရေးပြေလည်နေအောင်နေနေရတယ်။စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးတွေမှာ ဆက်ဆံရေးကောင်းမှဖြစ်မယ်။မမစုရေ

ဟုတ်ပ ကိုဇာ သံတမန်ဆက်ဆံရေးကောင်းမွန်မှ အထောက်အပံ့လည်း ရတာ မဟုတ်လား

စေတနာ ​မေတ္တာ ဘယ်​​နေရာ​ဖြစ်​ဖြစ်​ ဘာဘဲလုပ်​လုပ်​ထားသင့်​ပါတယ်​အမ
Good pot ​လေးပါ

လူတိုင်းအလုပ်လုပ်ကျရတာပါဘဲ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်လေး လှပအောင် စေတနာလေး ပေါင်းထည့်ပါမှ ကိုယ့်ဘဝဟာလည်း ပိုပြီးနေပျော်လာပါတယ်

ထမင်း​ဆိုင်​တစ်​​ဆိုင်​ ​ရေးထားတာ​လေးမြင်​ဘူးတယ်​ အစ်​မ​ရေ
"ဤဆိုင်​တွင်​ ​စေတနာ အဆစ်​ထည့်​​ပေးသည်​" တဲ့ ....

ကောင်းလိုက်တဲ့ စာသားလေး

Good တယ် မမရေ....

thanksပါ ညီမရေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64757.06
ETH 1876.27
USDT 1.00
SBD 0.38