“အားလုံးကိုပျော်စေချင်သူ”

in #myanmar8 years ago

IMG_20171211_182328.jpg

“အားလုံးကိုပျော်စေချင်သူ”

တစ်ခါက ကျွန်တော်ဖတ်မှတ်ဖူးသော ပုံပြင်ဇာတ်လမ်းတစ်ပုဒ်၊ အသိဗဟုသုတပေးသော စာကောင်းလေး တစ်ပုဒ် ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းပုံပြင်လေးကို အွန်လိုင်းတွင် စာဖတ်နေသူများ အတော်များများ ဖတ်ဖူးကြမည် ဖြစ်ပါတယ်။ သို့သော်လည်း မသိကြသေးသူ တစ်ချို့ရှိနေဦးမည်အထင်ဖြင့် ကျွန်တော်မှ တဆင့်ပြန်လည် တင်ပြလိုပါတယ်။

ဇာတ်လမ်းလေးက ဒီလိုပါ-- လူတစ်ယောက်ဟာ ပင်လယ်ကမ်းစပ်တစ်ခုတွင် ကျယ်ပြန့်လှသော သဲသောင်တစ်လျောက် လမ်းလျောက်လာရင်းမှ အခြားသော လူတစ်ယောက်သည် Starfish(ကြယ်ငါး) (ရေလက်ဝါး)ဟုခေါ်သော ပင်လယ်ရေနေ သတ္တ၀ါလေးများကို ကောက်ခါကောက်ခါ ပင်လယ်ထဲသို့ ပစ်ချပေးနေသူ တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုလမ်းလျောက်လာသူက စိတ်ဝင်စားမှုဖြစ်ကာ ကြယ်ငါးလေးများကို ပင်လယ်အတွင်းသို့ ပြန်လည်ပစ်ချပေးနေသူအနီးကပ်၍ မေးမြန်းစပ်စုလေတော့သည်။

starfish1.jpg

လမ်းလျောက်လာသူက မေးပါတယ် “ဘာလို့များ ဒီကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန်ပီးပစ်ချပေး နေတာလဲဗျာ” ကြယ်ငါးလေးများကို ပစ်ချပေးနေသူက ပြန်ဖြေပါတယ်- “ဒီအကောင်လေးတွေ သဲသောင်ပြင်ပေါ်မှာ တင်ကျန်နေရင် ကြာရှည်အသက်မရှည်နိုင်ဘူးလေ ဒီတော့ ကျနော်က သူတို့အသက်လေးတွေကို ကယ်တင်ပေးတဲ့ အနေနဲ့ ပင်လယ်ရေထဲ ပြန်ပို့ပစ်ချပေးနေတာပါ” ဟု ပြန်ဖြေတယ်။
ထိုအခါ လမ်းလျောက်လာသူက သူ့နောက်ကျောဘက်က သဲသောင်ကြီးကို လက်ညှိုးထိုးပြရင်း မေးပြန်ပါတယ်“ ဒီလောက်ကျယ်ပြန့်လှတဲ့သဲသောင်ပြင်ကြီးပေါ်မှာ ထောင်သောင်းသိန်းမက အရေအတွက် များပြားတဲ့ ကြယ်ငါးတွေ ရှိနေမှာပဲလေ” “ ဒီလိုများပြားလှတဲ့ ဒီအကောင်လေးတွေကို ခင်ဗျားတစ်ယောက်ထဲ ဘယ်လိုကယ်တင်မလဲ၊ တစ်ယောက်တည်းလုပ်နေလို့ ဘာများထူးလာမှာလဲဗျာ”လို့ မေးပါတယ်။

ထိုသူမေးနေချိန်မှာပဲ “ဟုတ်ကဲ့ဗျာ ဒီသဲသောင်ကြီးပေါ်တင်ကျန်နေတဲ့ အားလုံးသော ကြယ်ငါးတွေကိုတော့ ကျနော် မကယ်တင်နိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် အခုလောလောဆယ် ဒီအကောင်လေးရဲ့ အသက်ကို ကျနော်ကယ်တင်လိုက်ပြီ၊ ဒီအကောင်လေး အသက်ရှည်သွားပြီဗျ”ဟုပြောကာ ကြယ်ငါးလေးတစ်ကောင်ကို ကောက်ကာ ပင်လယ်ရေထဲသို့ လှမ်းပြစ်ချ လိုက်လေသည်။

starfish2.jpg

ပုံပြင်ဇာတ်လမ်းလေးက ဤမျှသာပါ ဒီဇာတ်လမ်းလေးကနေ ကျတော်တို့ အသိတစ်ရားတစ်ခု၊ သင်ခန်းစာတစ်ခု ရရှိလိုက်ပါတယ်။ ဒီအသိတရား သင်ခန်းစာလေးကို ပြန်လည်ဝေမျှလိုခြင်းဖြစ်ပါတယ်-
ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာလောကကြီးမှာ ကျနော်တို့ရဲ့ အနီးအနားမှာ ဆင်းရဲခြို့တဲ့နေသောသူများ အများအပြားရှိပါတယ်။ ဒီလိုလူများအားလုံးကို ကျနော်တို့ ကူညီကယ်တင်ပေးနိုင်ဘို့ မဖြစ်နိုင်ပါဘူး၊ သို့သော် တစ်ဦးချင်းတစ်ယောက်ချင်းစီက မိမိတို့တတ်နိုင်သလောက် ဆင်းရဲခြို့တဲ့သူများကို ကူညီပေးမယ်ဆိုရင် မိမိနေထိုင်ရာ ကမ္ဘာလောကကြီးကို ကူညီကယ်တင်ရာ တစ်စိတ်တစ်ဒေသ ဖြစ်စေပါတယ်။

ကြယ်ငါးလေးတွေကို ကောက်ကာ ပင်လယ်ထဲကို ပစ်ချပေးနေသူဟာ သူ့အသိစိတ်ဓါတ်နှင့်သူ ကယ်တင်ပေးနေတာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တိုက်တွန်းလို့ လုပ်ဆောင်နေတာမဟုတ်ပါ။ ထိုသို့ မိမိအသိစိတ်ဓါတ်ဖြင့် ကူညီကယ်တင်ပေးနေသော စိတ်ဓါတ်မှာ မည်မျှ လေးစားဖွယ်၊ အတုယူဖွယ်ဖြစ်သည်ကို မီးမောင်းထိုးပြ နေပါတယ်။ အတုယူကြပါ၊ ကျင့်သုံးကြပါဟု တိုက်တွန်းလိုပါတယ်။

starfish4.jpg

ဆက်လက်၍ ကျွန်တော်တင်ပြလိုသည်မှာ- ကျွန်တော်တို့ မြန်မာစတီးမစ်ကွန်မြူနတီ(MSC)သည် မြန်မာလူငယ်လေးများအား စတီးမစ်မည်သော ပလက်ဖောင်းပေါ်တွင် လျောက်လှမ်းကြရာ၌ တတ်စွမ်းသမျှ အထောက်အပံ့ပေးနေခဲ့ပါသည်။ နှိုင်းယှဉ်မှုပြုဆိုလိုရလျင် စတီးမစ်မည်သော(ပင်လယ်ကြီး)ထဲသို့ မြန်မာစတီးမစ်ယူဆာ မည်သော(ကြယ်ငါး)လေးများအား အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ လျောက်လှမ်းနိုင်စေရန် အတွက် ကျွန်တော်များ MSC က ကူညီပို့ဆောင်ပေးနေခြင်းဖြစ်ပါသည်။

ထိုသို့ လုပ်ဆောင်နေခြင်းသည် MSC ၏ Leader ကိုကချင်ဟင်နရီအောင်၏ ဦးဆောင်မှုဖြင့် ကျွန်တော်များ MSC အဖွဲ့ကြီးမှ မိမိတို့အသိစိတ်ဖြင့် ကူညီပေးနေခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း၊ ခိုင်းစေခြင်းကြောင့်မဟုတ်ပေ၊ မြန်မာစတီးမစ်အဖွဲ့ဝင်များအား တိုးတက်စေချင်သော စေတနာအရင်းခံသာဖြစ်သည်။ ဤလုပ်ဆောင်မှုသည် မြန်မာတစ်မျိုးသားလုံးအား အကျိုးသက်ရောက်မှု အနည်းငယ်သာရှိသော်လည်း ကျနော်များ MSCနှင့်ထိတွေ့ရသော မြန်မာလူငယ်များအတွက်ကတော့ အတိုင်းအတာတစ်ခုအထိ စတီးမစ်လမ်းတွင် အဆင်ပြေချောမွေ့ နေမည်ဆိုလျင်ဖြင့် ၀မ်းသာပိတိဖြစ်ရပါမည်။

ထပ်ဆင့်ပြောရပါဥိးမည် ကျွန်တော်များ MyanmarSteemitCommunityသည် မြန်မာအားလုံးအား ပျော်စေချင်သူ ဖြစ်ပါသည်။

“အားလုံးကိုပျော်စေချင်သူပါ”

စာကြွင်း ။ ။ ကျွန်တော် @nyinyiwin သည်ပင်လျင် ကြယ်ငါးတစ်ကောင်ဖြစ်ခဲ့ဖူးပါသည်။ ကြယ်ငါးကောက်သူကြီး ကိုဟင်နရီ @kachinhenry ကူညီမှုဖြင့် ကျနော် @nyinyiwin သည် ပင်လျင် ကျွန်ုပ်ကွီးရွှေ ဆိုသည့် အမည်ဖြင့် စတီးမစ်ပင်လယ်ကြီးတွင် ပျော်ရွှင်နေရပါပြီ။

မြန်မာစတီးမစ် အဖွဲ့သားများ အောင်မြင်ကြပါစေဗျား။ အားလုံးကိုပျော်စေချင်သူပါ။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 1:00 PM (24.3.2018)
Above Article is Using Google Images.

#Myanmar #MyanmarSteemitCommunity #Unity #Story #Writing

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ကျွန်တော်လည်း Steemit သမုဒ်ပြင်ကြယ်ကြီးထဲက
ကြယ်ငါးလေး ဘဝမှ ဝေလငါး၊ လင်းပိုင်တို့လို အခြားသူတွေကို
ကူညီနိုင်သောသူ ဖြစ်ချင်မိပါတယ်ဗျာ။ အားလုံးကိုလည်း
ပျော်စေချင်ပါတယ်။

အကောင်းဆုံးပေါ့ ကိုဘီလျံနာရေ ကျနော်တို့ကလဲ တတ်နိုင်သလောက် ကြယ်ငါးလေးတွေဝိုင်းကောက်ပေးကြရင် တနေ့မှာ ကြယ်ငါးအတော်များများ ကို ပင်လယ်ပြင်ကြီးထံ အရောက်ပို့နိုင်မှာပါ။

မှန်​တယ်​ဆရာသက်​​ပြောတာ
ကျွန်​​တော်​လဲဘယ်​လိုကူညီနိုင်​မလဲဘဲစဉ်းစားမိတာ
ကိုယ်​အတွက်​အဲ့​လောက်​မစဉ်းစားမိဘူး

အကုန်လုံး မကောက်နိုင်တောင် တတ်နိုင်သလောက်တော့ ကြယ်ငါးလေးတွေကောက်ကြတာပေါ့ ကွီးရွှေ။

ဒါပေါ့ ကိုထွေးရေ ၊ ကျနော်တို့ တတ်နိုင်သလောက် ၀ိုင်းကောက်ပေးကြတာပေါ့ဗျာ။

စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ ကြယ်ငါးလေးဖြစ်ချင်တယ်။

ကြိုးစားပါဗျာ အားပေးနေပါမဟ်။

သိပ်​​ကောင်းတဲ့ ဥပမာ​ပေးပုံပြင်​ပါခင်​​ဗျာ

ဟုတ်ဗျ အကြောင်တိုက်ဆိုင်တာ အတော်ရှာထားရတာ။ အားလုံး သဘောပေါက်ကြလို့ တော်ပါသေးတယ်။

အားလုံးကို လေးစားလျှက်ပါ ဦးညီ

ဟုတ်ဗျ ကိုညီထွန်းရေ လေးစားပါတယ်ဗျ။

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 2.31% upvote!
I was summoned by nyinyiwin. I have done their bidding and now I will vanish…
woosh


P.S. If you or anyone you know has been a victim of @grumpycat please know that he has been harming people throughout Sōsharumedia (ソーシャルメディア). Stealing the service that I (and other bots) have provided them and hiding behind a facade of stopping bid bot abuse which he clearly has no interest in.
Sneaky Ninja is a very responsible bot, working directly with steemcleaners, actively pursuing spam and abuse on our platform. If you would like to see what steps Sneaky Ninja has taken to fight bid bot abuse see this post and this post. Also know that I am working daily on other solutions.
If you would like to know my personal take on bid bot abuse and why I do not agree with the 3.5 day rule, see this post

Grumpycat is a villain that must be stopped to protect our freedoms here on steemit!

resist grumpycat
There is a resistance that has formed to counter his tyranny.

If you would like to take an active role in stopping this menace and helping other victims like yourself...
Learn More Here
Kusari-Profile-small.jpg

I have also summoned my love, Kusari to offer some limited help to victims like you.
See Here

You got a 29.06% upvote from @dailyupvotes courtesy of @nyinyiwin!


Please upvote this comment to support the service.

ကောက်တော့ ကောက်တာပေါ့ တချို့ကအကောက်မခံဘူး ကွှီးရွှေရေ ရငလောက်ကော်ကြတာပေါ့

ဘာပဲပြောပြော ကောက်ရသလောက်တော့ ကောက်ကြတာပေါ့ဗျာ။ အကောက်မခံတဲ့အကောင် သဲသောင်ပေါ်သေပစေ။ ဟီးးး

You got a 20.69% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ဟုန်​ပါတယ်​ ကွီး​ရွှေ msc ကူညီးမှု​ကြောင့်​သာ
ကျွန်​​တော်​တို့လို မြန်​မာစတီးမစ်​ယူဆာ(ကြယ်​ငါး)​လေး​တွေ အဆင်​​ပြေ​နေရတာပါ သည့်​အတွက်​လည်း msc ကို ​ကျေးဇူးအထူးတင်​ပါတယ်​ ကွီး​ရွှေ

ဟုတ် ကိုအောင်ကြီးရေ ကျနော်တို့လဲ ကိုယ်တိုင်ကြယ်ငါးဘ၀ကနေ အခြားကြယ်ငါးလေးတွေကို ပြန်ကူညီလို့ရပါတယ်ဗျ။ ကြိုးစားကြတာပေါ့ဗျာ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60051.75
USDT 1.00
ETH 1521.77
SBD 0.47