ဘယ်တော့တွေ့မလဲကွယ်

in #myanmar5 years ago

image

Image Source

Galaxy မှာရှာတာအကွက် ၁၀၀တောင်ကျော်သွားပါပြီ။ခုထိ ရှာမတွေ့သေးပါဘူး။Nextcolony မှာ ဂြိုလ်ရှာတွေ့ဖို့ရာခိုင်နှုန်းက ၁၀၀မှာ ၁ရာခိုင်နှုန်းရှိတယ်လို့ပြောကြပါတယ်။အကွက်၁၀၀လောက်ရှာပြီးရင် တစ်ကွက်လောက်မှာတော့ ဂြိုလ် တွေ့သင့်နေပါပြီ။ခုထိရှာမတွေ့သေးတာ ကိုယ့်ကံများတော်တော်ဆိုး နေလားတောင် တွေးမိပါတယ်။ဘေးက အိမ်နီးချင်းက ဂြိုလ်သုံးခုလောက် ဆက်တိုက်ရှာတွေ့နေတာကို တွေ့ရပြီး ကိုယ့်မှာတော့ အကွက်များစွာရှာသည့်တိုင် မတွေ့နိုင် ဖြစ်နေတဲ့ အဖြစ်ဟာ စိတ်ပျက်စရာကောင်းလှပါတယ်။

အခုချိန်မှာ mission control level 3ထိပြီးပြီဆိုတော့ explorer လေးခုတော့ လွှင့်ပြီး ရှာနိုင်နေပါပြီ။Explorer လေးခုအထိလွှင့်နိုင်သော်လည်း အသွားအပြန်ခရီးကွာဝေးကာ အချိန်ကြာရှည်နေမှု့ကြောင့် ရှာဖွေနိုင်သည့်အကြိမ်ရေကတော့ တစ်နေ့ လေး၊ငါး၊ခြောက်ကြိမ်ထက် မပိုနိုင်သေးပါဘူး။ရသလောက် အကြိမ်ရေလေးနဲ့ တစ်နေ့တစ်နေ့ရှေ့၊နောက်၊ဘယ်၊ညာ လေးဖက်လေးတန်လုံး ထောင့်စေ့အောင် လွှင့်ရှာနေဆဲပါ။

ဒါ့အပြင် ဘေးက အိမ်နီးချင်းကလည်း ကိုယ့်ဘက်ခြမ်းနားရောက်လာကာ အတင်းရှာနေတာကြောင့် သူနယ်မြေမကျူးကျော်နိုင်အောင်လည်း တတ်နိုင်သမျှတားဆီးနေရဆဲပါ။Nextcolonyဂိမ်းဟာ လူကို စိတ်မောရင်မောစေတဲ့ ဂိမ်းတစ်မျိုးပါ။ဂြိုလ်တစ်ခုရှာဖွေရတာလည်း ရင်တစ်မမ၊ဘေးကနယ်မြေကျူးကျော်သူကို တားဆီးနေရတာလည်း စိတ်ရှူပ်စရာကောင်း ပြီးတော့ ခုချိန်မှာ ကိုယ့်မှာ လာတိုက်လျှင် ပြန်လည်တိုက်လိုက်ဖို့ လက်နက်တွေ မရှိသေးတာလည်း စိတ်ပျက်စရာပါပဲ။ခုချိန်မှာ တိုက်ပွဲတွေ သိပ်မတိုက်ကြသေးလို့သာတော်တော့ တယ်။တိုက်ပွဲတွေသာလာတိုက်ရင်တော့ ကစားဖို့ ပိုခက်ခဲပြီး စိတ်ပျက်စရာကောင်းနေမှာပါ။အင်အားချင်း ကွာခြားလွန်းနေတာကြောင့် တန်ပြန်တိုက်ခိုက်ဖို့လည်း ခက်ခဲလှပါတယ်။ဒါ့ကြောင့် nextcolony မှာ ကျွန်မတို့လို ခွန်အားနည်းတဲ့ accountလေးတွေကတော့ ယှဉ်ပြိုင်တိုကိခိုက်ဖို့ထက် တတ်နိုင်သမျှ ကြီးထွားရှင်သန်နိုင်အောင်ပဲ ကြိုးစားနေရဦးမှာပါ။ပိုမိုကြီးထွားနိုင်အောင် ဂြိုလ်လေးတွေ ထပ်တွေ့ဖို့လိုပါတယ်။ဂြိုလ်လေးတစ်လုံးတောင် ထပ်ရှာမတွေ့နိုင်သေးတဲ့ ကျွန်မအဖြစ်ကိုတော့ "ဟင်း" လို့သာ သက်ပြင်းရှည်ရှည်ကြီး ဆွဲချပြီး ရင်မောနေပါတော့တယ်။ဘယ်တော့ တွေ့မလဲ.... nextcolonyရယ်...။

https://nextcolony.io/

Author-myothuzar,MSC-033

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

MC Lvl.3 ဆိုရင် mission 6 ခု အပို တစ်ခု စုစုပေါင်း ၇ ခု လုပ်လို့ရပါတယ်။ ဆိုလိုတာက explorer ၇ လုံး ထိ တပြိုင်နက် လွှတ်လို့ရတယ်ပေါ့ ဗျာ။

Posted using Partiko Android

အဲ့ဒါမသိဘူး။Explorer များများလွှင့်နိုင်ရင်မြန်မြန်တွေ့နိုင်တော့ ဒီအချက်က ကျွန်မအတွက် အများကြီးအထောက်အကူပြုပါတယ်။ပြောပြပေးတာ အထူးကျေးဇူးတင်ပါတယ်။

အကိုလဲ ကံမကောင်းဘူး အသစ်နှစ်လုံးတွေ့ပြီးကထဲက နောက်ထပ်မတွေ့တော့တာတော်တော်ကြာပေါ့

Posted using Partiko Android

ကံတူအကျိုးပေးတွေ ဖြစ်နေတာပေါ့ အကို။Fighting!

ဟုတ်ပ ညီမရေ....ရှာမရအတူတူ သူများဂြိုလ်တွေလိုက်တိုက်ပြီး update တွေလုပ်နေတယ်..
steemit post ကတော့ အက်ဗုတ်ရဖို့ တစ်နေ့ကိုကို နှစ်ပုဒ် သုံးပုဒ်လောက် ဟုတ်သည်ရှိ မဟုတ်သည်ရှိရေးချင်ပေမဲ့ ဒေါင်းဗုတ်လာလာပေးနေတော့ ဘာမှမရမဲ့အတူတူ အက်ဗုတ်ပေးမဲ့လူတွေကို အားနာလို့ မရေးဖြစ်ဘူး ညီမလေး အကောက်သစ်ကြရင်တော့ ကူညီပေးပါအုံးနော် ...

Posted using Partiko Android

ဟုတ်။နာမည်သာပြော။follow လုပ်ပေးမယ်။voteပေးမယ်အကို။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Thank you.

Posted using Partiko Android

Congratulation ပါညီမလေး
ညီမလေးတွေ့တာ ယူရေနီယမ်ဆိုတော့ good တယ် @myothuzar

ဟုတ် အကို ကျေးဇူးပဲ။ညီမတောင် မသိဘူး။အကိုပြောမှ အလျှင်အမြန်သွားကြည့်ရတာ။ဂြိုလ်တွေ့ပြီး ဘာဆက်လုပ်ရမလဲ အကို။choose a missionထဲက ဘာကိုရွေးပြီး ဘာဆက်လုပ်ရမလဲ။

Posted using Partiko Android

အဓိကကတော့ မိုင်းတွေ လယ်ဗယ်တင် ပြီးတော့ shipyard ကိုတင် chest လေးတစ်ခုတော့ဝယ်မှရမယ်နဲ့တူတယ် transporter ရှိရင်တော့ ပထမရှိတဲ့ဂြိုလ်ကနေ rss တွေပို့လို့ရတယ် မရှိရင်တော့ chest ဝယ်မှရမယ်

Posted using Partiko Android

ဟုတ်ကဲ့အကို။ကျေးဇူးပဲ။power downထားတဲ့ steemလေးတွေ ရရင် chest လေး ဝယ်လိုက်မယ်။

Posted using Partiko Android

လောလောဆယ်လိုရင်ပြောလေ chest ဝယ်ဖို့ 10 steem ခဏပေးမယ် @myothuzar rss တွေပို့ပေးချင်ပေမယ့် 13 ရက်လောက်စောင့်ရလိမ့်မယ်

Posted using Partiko Android

ရတယ်အကို။မလိုသေးဘူး။သုံးရက်လောက်နေရင် 15 steemရတော့မှာ ဆိုတော့ အဲ့ဒီ့ steem ပဲစောင့်ယူပြီး တင်လိုက်မယ်။

Posted using Partiko Android

နောက်ပြီး steem-engineထဲက ရထားတဲ့ pal တွေ leoတွေ ရောင်းလိုက်ရင်လည်း steemရနိုင်တယ်။အဲ့ဒါတွေ နည်းနည်းရောင်းပစ်လိုက်မယ်။ချေးမယ်ပြောတဲ့ အတွက် ကျေးဇူးပါအကို။

Pal တွေရောင်းစားရမှာလည်း နှမြောလို့ steem down တာပဲစောင့်လိုက်တော့မယ်....ဟီး..။

Posted using Partiko Android

choose a mission က ကိုလိုတဲ့ဂြိုလ်ကို သွားရမှာ

Posted using Partiko Android

Congratulations @myothuzar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 800 replies. Your next target is to reach 900 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steem users. Learn how here!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68356.90
ETH 2509.71
USDT 1.00
SBD 2.53