ဈေးနှုန်း

in #myanmar7 years ago (edited)

image

ဈေးနှုန်း

ဝယ်လိုအားများရင် ဈေးတက်ပြီး၊ ဝယ်လိုအားနည်းရင် ဈေးနှုန်းကျတတ်တယ်ဆိုတာ လူတိုင်းသိနေတဲ့ ယေဘူယျ အမှန်တရားပါ။ ဒါပေမယ့်ဈေးနှုန်းတွေဟာဒီတစ်မျိုးတည်းအပေါ်မူတည်ပြီးဖြစ်နေတာလို့ သာမန်အတိုင်းထင်ခဲ့ပေမယ့် တကယ်ကတော့ ဈေးနှုန်းသတ်မှတ်ပုံ (၆)မျိုးရှိနေတာကို တွေ့လိုက်ရပါတယ်၊ဒါတွေကတော့...

  • ၁ ကုန်ကျစရိတ်ကိုအခြေပြုစဉ်းစားသတ် မှတ်ခြင်း
    ဒီအဆင့်ဟာအရေးကြီးပြီး၊ အများအားဖြင့် ထုတ်ကုန်တွေကို ဒီလိုမျိုးကုန်ကျစရိတ်ကို အခြေပြုပြီးဈေးနှုန်း သတ်မှတ်ကြရတာပါ။ ဒါပေမယ့် ကျွန်တော်တို့မြန်မာအများစုကတော့ အဲသလိုမျိုးကုန်စရိတ်တွေကိုစုံအောင်ပေါင်း ထည့်လေ့ မရှိကြပါဘူး။ဥပမာ မုန့်လုပ်ရောင်းချသူတစ်ယောက်ဟာ မိမိလုပ်အားခကိုထည့်တွက်လေ့မရှိပဲ၊ ပစ္စည်း ဖိုး၊ မီးဖိုးလောက်ကိုသာထည့်တွက်ကြပြီး ဈေးနှုန်းသတ်မှတ်တတ်ကြပါတယ်။ ဒီလိုလမ်းဘေးဈေးသည်တွေ သာမ ဟုတ်ပါဘူး။ အစိုးရထုတ်ကုန်တွေကိုပင်လျှင် လုပ်အားခ၊ မီးခ၊ ကုန်ကြမ်းခ၊ ရေခအစရှိသည်ဖြင့်တွက်ဆ၍ ဈေးနှုန်း သတ်မှတ်ကြသော်လည်း မမျှော်လင့် နိုင်တဲ့ ဘေးအန္တရယ်အတွက်ကုန်ကျစရိတ် လိုမျိုးထပ်ပေါင်း ကုန်ကျစရိတ်တွေ ကိုထည့်တွက်လေ့မရှိပါဘူး။အမှန်တကယ်တော့ မိမိထုတ်ကုန်တန်ဘိုးတွေကိုသတ်မှတ်တဲ့အခါ ကာလိုက်လိုက်တန် ဘိုးလျော့တွေကအစ မလွတ်တန်းထည့်တွက်ပေးဖို့လိုအပ်ပါတယ်။

  • ၂ နှိုင်းယှဉ်ဈေးနှုန်းသတ်မှတ်ခြင်း

ဈေးကွက်မှာသူများတွေဘယ်လိုဘယ်လောက်ရောင်းနေသလဲ၊ဆိုတာကိုကြည့်ပြီး ပတ်ဝန်းကျင်ဈေးနှုန်းကိုလေ့လာပြီး သတ်မှတ်တာမျိုးပါ။ ဒါကတော့ ယခင်မိမိဝယ်ယူခဲ့တဲ့ တန်ဘိုးနဲ့ လုံးဝမပတ်သက်ပါဘူး။ ဥပမာမြေကွက်တစ်ကွက်ကို ကိုယ်ဝယ်ယူစဉ်က သိန်းတစ်ရာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် လက်ရှိပေါက်ဈေးက ဘေးပါတ်ဝန်းကျင်မှာ သိန်းတစ် ထောင်ပေါက်ဈေးဖြစ်နေမယ်ဆိုတော့ ပေါက်ဈေးအတိုင်းသာဈေးသတ်မှတ်သွားရမှာပါပဲ။ဒါမျိုးကိုတော့ နှိုင်းယှဉ်ခြင်း လို့ခေါ်တာဖြစ်ပါတယ်။

  • ၃ အနာဂါတ်ဝင်ငွေအခြေပြုဈေးနှုန်း သတ်မှတ် ခြင်း

အရင်းသိန်း ၁၀၀ ကနေတစ်လ ၃၀ သိန်းလောက် ဝင်တဲ့လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ လုပ်ငန်း တစ်ခုဟာ ၁၀ လဆို သိန်း ၃၀၀ ရနိုင်ပါတယ်။ ဒီလိုမျိုးအနာဂါတ်မှာ သေချာပေါက်အကျိုး အမြတ်ရနိုင်တဲ့ လုပ်ငန်းမျိုးကို ရောင်း ချမယ်ဆို ရင်တော့ ဘယ်သူမဆို သိန်း၁၅၀ လောက်နဲ့ ရောင်းချတော့မှာမဟုတ်ပါဘူး။ အနာဂါတ်ဝင်ငွေ တွေကို ထည့် တွက်ပြီး သိန်း ၅၀၀ သိန်း ၁၀၀၀ စသည်ဖြင့်သတ်မှတ်ရောင်းချတော့မှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ အနာဂါတ် ဝင်ငွေအခြေပြု ဈေးနှုန်းသတ်မှတ်ခြင်းလို့ခေါ်ပါတယ်။

  • ၄ တန်ဘိုးအခြေပြုဈေးနှုန်းသတ်မှတ်ခြင်း

ဒါကတော့ အခြားသောတန်ဘိုးတစ်ခုခုကို အခြေပြုပြီး တန်ဘိုးသတ်မှတ်တာမျိုး ကိုခေါ်တာပါ။ ဥပမာ ဈေးနီး၊ ကျောင်းနီး ၊ဆေးခန်းနီး တဲ့အိမ်တန်ဘိုးမျိုး။ ၊မိုက်ကယ် ဂျက်ဆင်လက်အိတ်၊ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ပန်းချီကား စသည်ဖြင့်ဖြစ်ပါတယ်။ နောက် ပစ္စည်းကြာရှည်ခံမှု၊ အာမံခံပေးနိုင်တဲ့သက်တမ်း ဥပမာအာမခံမီးလုံးကဲ့သို့၊ရေရိုးရိုး နဲ့ရေသန့်ကွာခြားပုံ၊ အိမ်မှာကြည့်တဲ့ရုပ်ရှင်နဲ့ ရုံမှာကြည့်တဲ့ဟာကွာခြားပုံစသည်ဖြင့် တန်ဘိုးတစ်ခုခုပေါ်အမှီပြုပြီး တန်ဘိုးသတ်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

  • ၅ ခင်မင်ရင်းနီးမှုအခြေပြု

ဒါကတော့ ခင်မင်ရင်းနှီးသူမို့ အမြတ်မယူတော့ပဲ ဈေးလျော့ပေးတာမျိုး၊ ရာခိုင်နှုန်းလျော့ပေးတာမျိုးတွေကိုခေါ်တာဖြစ် ပါတယ်။

  • ၆ ပေါင်းစပ်ဝယ်ယူခြင်း

ဒါကတော့ ဥပမာပုဆိုးဝယ်ယူမယ်ဆိုပါတော့ တစ်ထည်ခြင်းမဟုတ်ဘူး။ ဒါဇင်လိုက်ဝယ်မှာဆိုရင်ဈေးနှုန်းတစ်မျိုး၊ ကော်ဖီမစ်တွေကို ၊Package ပက်ကိတ်လိုက်ဝယ်မယ်ဆိုတစ်ဈေး တစ်ပါခြင်းဝယ်မယ်ဆိုတစ်ဈေးစသည်ဖြင့်ပေါ့။ တစ်မျိုးခြင်းမဟုတ်ပဲ အမျိုးအများကြီးဝယ်ယူတာမျိုတွေပါ။ တစ်ချိုးစူပါမားကက်ကြီးတွေမှာလည်း သုံးသိန်းဖိုးဝယ် ယူရင် Discount လျော့ချပေးတာမျိုးတွေပေါ့။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အခု တွက်ရမှာတေ ပိုများသွားပေါ့ အမြတ်တော်ခွန် စည်ပင်ခွန် စသဖြင့်

ဟုတ်ပါတယ်၊ ကုန်ကျစရိတ်တွေပါနိုင်သမျှအကုန်ပါအောင်တွက်ဖို့လိုပါတယ်

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.14% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 61485.93
ETH 1592.52
USDT 1.00
SBD 0.47