Myanmar's Sabbath Day ( The Full Moon Day of Tabaung )

in #myanmar6 years ago

တပေါင်းလပြည့်

image

Hello , all my steemit member.

Steemit မှမိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာပါ

ဒီနေ့ဟာ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်ရှင့်

တပေါင်းလဟာ မြန်မာ့တို့ရဲ့ ၁၂လ ရာသီတွင် နောက်ဆုံးလ
ဖြစ်ပြီး ရက်ပေါင်း၃၀ ရှိသည့် ရက်စုံလ ဖြစ်ပါသည် ဆောင်းအကုန် နွေဦးကာလ ကူးပြောင်းချိန်လည်းဖြစ်လို့ နေ့အခါ ပူပြင်းခြောက်သွေ့ပြီး ညဘက် မှာတော့ ချမ်းအေးလှပါတယ်
ထို့ကြောင့် " နေ့ပူ ညချမ်း တပေါင်းလသရမ်း" ဆို ၍ ပြောကြခြင်းဖြစ်ပါတယ်
ပထမလတစ်ဝက်သည် ဖေဖော်ဝါရီလတွင် ကျရောက်ပြီး
ဒုတိယလဝက် သည်မတ်လတွင် ကျရောက်သောလ ဖြစ်ပါ
သည်

image

တပေါက်းလ၏ ရာသီပန်းကတော့ သရဖီပန်း (Calophyllum amoenum) ဖြစ် ပါတယ်
တပေါင်းလရာသီ၏ ရာသီပွဲတော် ကတော့ သဲပုံစေတီပွဲ ဖြစ်ပါတယ်

#ြ# မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့( ပြည်တော်ပြန်နေ့)

တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့
အဖြစ် သတ်မှတ်ထားပါသည်

ထိုသို့ သတ်မှတ်ရခြင်းမှာ
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်
ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေစဉ် ကပိလ၀တ် နေပြည်တော်မှ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးက ဇာတိ ကပိလဝတ်ပြည်သို့ ကြွရောက်ပါရန် အမတ်အချို့ကို ဖိတ်ကြားစေခဲ့ပါတယ်

image

အမတ် ၁၀ဦးတို့ကို နောက်ပါ အခြွေအရံ တထောင်စီဖြင့် ၁၀ကြိမ်ခွဲကာ ဘုရားရှင်အား ပင့်ရန် ရာဇဂြိုဟ်ပြည်သို့ စေလွှတ်လိုက်ပါသည်

ဖိတ်ကြားဖို့သွားသူတိုင်း တရားထူးရကြပြီး ပြန်မလာဖြစ်ကာ
နောက်ဆုံး ကာဠုဒါယီအမတ် ကို စေလွှတ်ပါမှ ထိုအမတ်ကြီးက တပေါင်းလရဲ့ သာယာပုံကို ဂါထာပေါင်း ၆၀ ဖြင့်ဖွဲ့နွဲ့ပြီး ဘုရားရှင်ကို ပင့်ဆောင်ခဲ့ပါတယ်

image

ကာဋ္ဌုဒါယီ အမတ်ကြီးက မြတ်စွာဘုရားရှင်အားလျောက်ထားရာတွင်
ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်း ပူလည်း မပူလွန်း သင့်တင့်မျှတသည့်ရာသီချိန်ခါဖြစ်ပါသည်မြတ်စွာဘုရား ကောက်ပဲ သိမ်းနှံ များမှာလည်း ရိတ်သိမ်းစ အချိန်ဖြစ်၍ ရိက္ခာအာဟာရ ရှားပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည် ဘုရား မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက် ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည် လန်းဆန်း လှပါသည်ဘုရား
ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်သို့ ကြွချီရန် လျော်ကန် လျောက်ပတ်
ကောင်းမြတ်သော အချိန်ပါ ဘုရား ဟုလျောက်ထားသော
ကြောင့် မြတ်စွာဘုရားရှင်သည် ဇာတိမြေ ကပိလဝတ်ပြည်သို့
ပြန်လည်ကြွရောက်တော် မူလေသည်

တပေါင်းလပြည့်နေ့မှာ မြတ်စွာဘုရား ပြည်တော်ပြန်ခဲ့တဲ့အတွက် ပြည်တော်ဝင်နေ့လို့ ခေါ်ဆိုပါသည်

image

သိဟ်ရာသီမှာပြည့်မယ့် တပေါင်းလပြည့်

၂၀၁၈ ခုနှစ်အတွက် မတ်လ (၂) ရက်နေ့ဟာ တပေါင်းလပြည့်နေ့ဖြစ်ပါတယ် အဲ့ဒါကြောင့်မိန်ရာသီမှာညြ့်မယ့် လမင်းကြီးဟာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ည သိဟ်ရာသီမှာ ပိုမို
ထင်ရှား ပြည့်ဝနေမှာဖြစ်ပါတယ်

တပေါင်းလကို စိုးမိုးတဲ့ နက္ခတ်ကတော့ မြန်မာအခေါ် ဥတ္တရ ဖလဂုနီ လို့ ပြောကြတဲ့ သိဟ်ရာသီကြယ်တာရာ အတွင်းက
ကြယ်ဖြစ်ပါတယ်

အနောက်တိုင်း ရိုးရာအရ တပေါင်းလသည် တီကောင်တွင်းလ ကျီးကန်းသာလ လည်းလို့ ခေါ်ကြပါတယ်
မြေသားများပြန်ပျော့လာပြီး တီကောင်များ ပိုးကောင် များ ထ
ကြွလာတတ်ကြပြီး နေ့အခါမှာတော့ ကျီးကန်းများသာသံကို
ကြားရသော အချိန်အခါ ဖြစ်ပါတယ်

image

ကျမ တိုစစ်ကိုင်းမြို့ ၏ ထင်ရှားသော ဆရာတော်ကြီးများ
ဖြစ်ကြသည့် သီတဂူအဓိပတိဆရာတော် Dr- အရှင်ဥာဏိဿရ
သုဗောဓာရုံ ကျောင်းတိုက်၏ ပဓာနနာယက ပါမောက္ခချုပ်
ဆရာတော် Dr-အရှင်န္ဒ္နမာလာဘိဝံဿ စသော သာသနာ့
အာဇာနည် ဆရာတော်ကြီးများရဲ့မွေးနေ့လည်းဖြစ်ပါတယ်

တပေါင်းလပြည့် အချိန်အခါသမယ တွင်စစ်ကိုင်းမြို ၌ ကျေးဇူးတော်ရှင် ဆရာတော် ကြီးများ၏ ဝိဇာတမွေးနေ့ မင်္ဂလာ
အခမ်းအနား များကို နှစ်စဉ် နှစ်တိုင်းစည်ကား သိုက်မြိုက်စွာ ကျင်းပကြပါတယ်

တပေါင်းလပြည့်နေ့တွင် သဲပုံစေတီ ပွဲတော် ကိုလည်း
ပြုလုပ် ဆင်နွဲ ပူဇော်ကြပါသည်

image

ကျမတို့ စစ်ကိုင်းမြို့ တွင် ဧရာဝတီ မြစ်ကမ်းနဘေး သဲသောင်
ပြင်ပေါ်တွင် တပေါင်းလပြည့် နေ့ရောက်တိုင်း နှစ်စဉ်နှစ်တိုင်းသဲပုံစေတီ များတည် ၍ သဲပုံစေတီပွဲ ပြုလုပ်ကျင်းပ ကြပါသည်

တပေါင်းလပြည့်နေ့ ကို " အဖေနေ့"ဟူ၍ လည်း သတ်မှတ်ထားကြပါတယ်
ဖခင် သုဒ္ဓေါဓန မင်းကြီးကို တရားဖြင့် ကျေးဇူးဆပ်ခြင်းကို
ရည်ရွယ်၍ တပေါင်းလပြည့်နေ့ ကို အဖေနေ့ အဖြစ် သတ်မှတ် ခဲ့ခြင်း ဖြစ်ပါတယ်

image

ကျမတို့မူလတန်းအရွယ်တွင်သင်ယူ ရွတ်ဆိုခဲ့ရသော
အဖေ့ကျေးဇူး ကဗျာလေး ကိုတော့ အားလုံး မှတ်မိကြမည်
ထင်ပါသည်

တို့ဖေဖေ

စာဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများပင် ပေါ်ပေါက်လျှင်
စီရင်တတ်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဉာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

ထို့ကြောင့် အဖေနေ့ သဲပုံစေတီ ကျင်းပပြုလုပ်သောနေ့
မြတ်ဗုဒ္ဓ ၏္ဓပြည်တော်ဝင် အခါတော်နေ့ ဖြစ်သော သာယာလှပသည့် တပေါင်းလပြည့် အခါသမယတွင် ဒါန သီလ ဘာဝနာ
ကောင်းမှုကုသိုလ်များ မမေ့မလျော့ ပြုကြပါစေကြောင်း post တင်ရေးသားလိုက်ပါတယ်

Steemit မှမိတ်ဆွေများ အားလုံးလည်း ထူးမြတ်လှသည့်
တပေါင်းလပြည့် နေ့ အခါသမယ တွင်ကျန်းမာချမ်းသာ
ကြပါစေဟု တောင်းဆု ပြုလိုက်ပါတယ်

photo credit -ငါးရာ့ငါးဆယ်နိပါတ်တော် +fb

(1-3-2018)

author-

@mamamyanmar

MSC-070

Sort:  

ခုမှသိ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 3.73% upvote!
I was summoned by ansoe. I have done their bidding and now I will vanish…
woosh


P.S. If you or anyone you know has been a victim of @grumpycat please know that he has been harming people throughout Sōsharumedia (ソーシャルメディア). Stealing the service that I (and other bots) have provided them and hiding behind a facade of stopping bid bot abuse which he clearly has no interest in.
Sneaky Ninja is a very responsible bot, working directly with steemcleaners, actively pursuing spam and abuse on our platform. If you would like to see what steps Sneaky Ninja has taken to fight bid bot abuse see this post and this post. Also know that I am working daily on other solutions.
If you would like to know my personal take on bid bot abuse and why I do not agree with the 3.5 day rule, see this post

Grumpycat is a villain that must be stopped to protect our freedoms here on steemit!

resist grumpycat
There is a resistance that has formed to counter his tyranny.

If you would like to take an active role in stopping this menace and helping other victims like yourself...
Learn More Here
Kusari-Profile-small.jpg

I have also summoned my love, Kusari to offer some limited help to victims like you.
See Here

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65133.17
ETH 3480.37
USDT 1.00
SBD 2.52