အပျော်မှသည်အပျက်သို့
အပျော်မှသည်အပျက်သို့
ကျွန်ုပ်တို့လူငယ်များသည် အပျော်အလွန်မက်ကြသည်။အခြားအရွယ်များထက် မြီးကောင်ပေါက်
အရွယ်များသည်သာ၍အပျော်ကို မက်ကြလေသည်။အရာရာကိုစူးစမ်းချင်သောစိတ် အကဲစမ်းချင်
သောစိတ်များသည် သူမတူအောင် ရှိကြလေသည်။ငယ်စဉ်က အေးဆေးလိမ်မာသည် ဆိုသောသူ
ပင်ထိုအရွယ်သို့ရောက်သောအခါ ဘက်စုံမှပိုးကလေးများနည်းသည်များသည်သာကွာ၍ပေါ်လာ
မြဲဖြစ်လေသည်။အထူးသဖြင့်ထိုအရွယ်တွင်အထကြွဆုံးစိတ်မှာကား အချစ်စိတ်ပင်ဖြစ်၏။အထကြွ
စိတ်ဖြစ်သလိုအပျက်အစီးစတင်သောစိတ်လည်းဖြစ်သည်။
ထိုအရွယ်ကား ဖယောင်းသားကဲ့သို့နုနယ်သောအရွယ် ထိလွယ်ရှလွယ်၍ လိုသလို ပုံသွင်းနိုင်သော
အရွယ်ဖြစ်သည်။လူရွယ်တော်တော်များများသည်ထိုအရွယ်၌ဖြစ်ပေါ်သော အချစ်စိတ်ကြောင့်အ
ပျက်အစီးများကြသည်ကိုတွေ့ရှိရချေ၏။ဤကားအသည်းကွဲခြင်းပင်ဖြစ်သည်။


ဦးဆုံးဖြစ်ပေါ်သော
အချစ်ဖြစ်သည်နှင့်အမျှ ထိုသို့အသည်းကွဲရသည့်အခါ ခံစားမှုသည်မုန်တိုင်းထန်သည့် ပမာပြင်းထန်
ကြလေသည်။မခံမရပ်နိုင်သောစိတ် ဆောက်တည်ရာမရသောစိတ်တို့ကြောင့် လွတ်ရာလမ်းထွက်
ပေါက်ကိုရှာကြလေသည်။ဤတွင် ဖျက်စီးရန်အသင့်စောင့်ကြိုနေသောထွက်ပေါက်ကား အရက်ပင်
ဖြစ်သည်။

အပေါင်းအသင်းကလည်းသူငယ်ချင်းတစ်ယောက်ထိုသို့ဖြစ်နေသည့်အခါ စေတနာအမှားကို မှားကြ
လေသည်။"လာကွာ စိတ်မညစ်နဲ့ မခံစားနဲ့ အရက်သောက်ရင် ဒါတွေအားလုံးပျောက်တယ်ပြောကြ
တယ်"ဆို၍ အတုမြင်အတတ်သင်ကာ ပျော်စေရန်အလို့ငှာအစပြုကာပြုလုပ်ကြ၏။ ကျွန်ုပ်ကိုယ်တိုင်
ကြုံဖူးသည်ကားကျွန်ုပ်စိတ်အရမ်းညစ်နေချိန်တွင် သူငယ်ချင်းတစ်ယောက်က ဆေးလိပ်သောက်ရင်
မင့်စိတ်ညစ်တာတွေအကုန်ပျောက်သွားလိမ့်မည်ဆိုကာ အတင်းပေးသောက်လေသည်။ သို့သော်
ကျွန်ုပ်မှာ ထိုအနံ့ကိုမခံနိုင်သဖြင့် မသောက်ခဲ့ပေ။

အရက်သောက်၍ဖြေဖျောက်ခြင်းမှာ အရက်သည်
သည်မူးနေစဉ်အချိန်တွင်ဘာမှမသိတော့ဘဲ ခဏတာပျော်စေသလိုဖြစ်စေလေသည်။သို့သော် အမူး
ပြန်ပြေသောအခါနဂိုအတိုင်းပင်ဖြစ်၍ ပြန်၍ပျော်စေခြင်းငှာတဖန်သောက်ကြပြန်သည်။ ဤသို့ဖြင့်
အရက်စွဲ၍ပျက်စီးကြခြင်းဖြစ်သည်။ကျွန်ုပ်အဆိုပြုချက်မှာလုံးဝဥသုံမမှန်ငြားသော်လည်း အများအားဖြင့်
ထိုနည်းလည်ကောင်းပင်ဖြစ်လေသည်။အချို့မှာ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ကြ၍အရက်၏သားကောင်အ
ဖြစ်မှလွတ်မြောက်ကြ၏။ဤကားအပျော်မှအပျက်သို့ကူးပြောင်းရခြင်းတစ်ချက်ပေတည်း။

ကျွန်ုပ်တို့လူရွယ်များသည်စူးစမ်းချင်သောစိတ်ပြင်းပြကြသည်နှင့်အမျှ ဘယ်အရာကိုမှဆိုးသည်ကောင်း
သည်ဖြစ်စေကာမူစမ်းသပ်ကြဖို့ဝန်မလေးကြချေ။အပေါင်းအသင်းများစုံလာကြလျှင် ဟိုဟာလေး လုပ်
ကြလျှင်ကောင်းမည်လော သည်ဟာလေးလုပ်ကြမလား စသည်ဖြင့် စမ်းသပ်ချင်ကြသည်။ ဆေးလိပ်
သောက်ကြည့်ကြရအောင်ဆိုလျှင် သောက်ကြသည်သာ ။အရက်သောက်ကြည့်ကြစို့ဆိုလျှင် သောက်
ကြသည်သာ။


ထိုထဲမှပင် အဆိုးဝါးဆုံးသည်ကား မူးယစ်ဆေးပင်ဖြစ်လေသည်။စမ်းသပ်သုံးစွဲရန်မသင့်
သောအကြီးမားဆုံးအန္တရယ်ကောင်ပင်ဖြစ်သည်။

"ပျော်စေပျက်စေ လုပ်ကြ သောက်ကြတာပေါ့ကွာ"တဲ့
ပျော်စေရန်အလို့ငှာပျက်စေကိုမည်သို့ပင်အဓိပ္ပါယ်ဖွင့်ငြားသော်လည်း အပျက်သဘောပင် ဆောင်စေ
သည်ကိုကားသတိမမူကြချေ။လူသည်စုံမှကောင်းသည်ဟုဆိုငြားလည်း လုပ်ဖူးသည် စမ်းဖူးသည်အ
ဆင့်နှင့်ပင်ရပ်တန့်သင့်သည်။ထိုမှတဆင့်ထပ်တက်ကြလျှင်ကား ပျက်စီးရာပျက်စီးကြောင်း ဖြစ်ဖို့ ဝန်မ
လေးတော့ပေ။
တလောကကျွန်ုပ်ရွာသို့ပြန်ရောက်သွားစဉ် ကျွန်ုပ်၏ ငယ်သူငယ်ချင်းများသည် အရက်၏ကျေးကျွန်
မူးယစ်သားကောင်များဖြစ်နေကြသည်ကိုဝမ်းနည်းဖွယ်
ကြုံတွေ့ခဲ့ရသည်။


ထိုနေ့မှာပင် သူတို့ထဲမှတစ်
ယောက်မှာ အရက်မူးဆေးကြောင်၍ရွာသားတစ်ယောက်၏ဆိုင်ကယ်ကိုဓားဖြင့် ခုတ်ချေပြီးတွေ့သမျှလူ
နောက်ဆုံးသူ့ဖခင် ကိုပင်ဓားဖြင့်လိုက်ခုတ်လေသည်။သို့သည်နှင့်မရသည့်အဆုံး သူ့ဖခင်ကိုယ်တိုင် ရဲ
ကိုဖုန်းဆက်၍ဖမ်းခိုင်းကာထောင်ထဲထည့်ခဲ့ရလေသည်။ထိုသူငယ်ချင်းသည်ငယ်စဉ်က အလွန်လိမ်မာ
သောသူတစ်ယောက်ဖြစ်လေသည်။ထိုနည်းတူအခြားသူငယ်ချင်းများသည်လည်း အရက်ကျေးကျွန်ဖြစ်
နေကြလေသည်။မြို့ပေါ်ရှိငယ်သူငယ်ချင်းတစ်ယောက်မှာမူ ကျွန်ုပ်တို့နှင့်လမ်းခွဲကာ ပိုက်ဆံရှိလူမိုက်များ
နှင့်ပေါင်း၍ များမကြာမှီတွင် စည်ပင်ပစ္စည်းများဖျက်ဆီးမှု ဆေးမှုဖြင့်ထောင်ကျခဲ့လေသည်။စာအလွန်တော်
သူဖြင့်သော်လည်း ဆယ်တန်းပင်မအောင်ဘဲထောင်နန်းစံခဲ့ရလေသည်။ဤသို့ဖြစ်ရခြင်းမှာ အပျော်လွန်
ခြင်းမှအပျက်ဖြစ်ခဲ့ရခြင်းဖြစ်ပေသည်တကား။
ထိုနည်းတူ ပျက်စီးသွားသောလူငယ်များသည် ထိုသို့မဖြစ်ခဲ့လျှင် နိုင်ငံအတွက် အကျိုးပြုနိုင်သောသား
ကောင်းများမဖြစ်လာနိုင်ဟုမပြောနိုင်ပေ။ထိုသူများသည်
စည်ပင်သန့်ရှင်းရေးတစ်ယောက်ပင်ဖြစ်သွားစေကာမူ
နိုင်ငံအတွက်တစ်ဖက်တစ်လမ်းမှ အကျိုးပြုသူတစ်ယောက်ဖြစ်၍တန်ဖိုးရှိပါသေးသည်။ဆယ်ယောက်လျှင်တစ်
ယောက်သာဖြစ်စေကာမူထိုသို့အလဟာသ ပျက်စီးသေဆုံးသွားခဲ့ကာမူ နှမြောစရာကောင်းလှပါသည်။ထိုသို့
လူငယ်များပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ထိန်းသိမ်းပြုပြင်ပေးဖို့ လူကြီးများမှာလည်းတာဝန်ရှိပါသည်။ကျွန်ုပ်တို့လို
လူငယ်လူရွယ်များကိုလည်း အပျော်မှသည်အပျက်သို့မ
ဖြစ်စေခြင်းငှာ သတိမူကြရန်တိုက်တွန်းနှိုးဆော်ရင်း
ကျွန်ုပ်၏အပျော်မှသည်အပျက်သို့ ဟူသောစာစုလေးကိုနိဂုံးချုပ်အပ်ပါသည်။
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)
ကောင်းလိုက်တဲ့ ပညာပေးတွေ ညီ အောင်မြင်ပါစေဗျာ
ပေးတဲ့ဆုနဲ့ပြည့်ပါစေ
အပျက်ထိတော့မရောက်ကြစေချင်ဘူးbro
ဟုတ်တယ်bro.
သင်ခန်းစာတွေအများကြီးပဲ Good တယ်ညီကို
Thanksပါ bro
Thank you kyawthuyein for making a transfer to me for an upvote of 1.13% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Thanks
အရမ်းကောင်းတယ် အစ်ကို
Thanks bro
ကောင်းတယ်အကိုရေ
ကျေးဇူးပါbro
ဒီထက်လက်မကျစေနဲ့ ဒီတိုင်းထိန်းထားပါ။
ဟုတါကဲ့ပါဆရာ ကြိုးစားပါ့မယ်ဆရာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawthuyein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ကောင်းမွန်တဲ့တွေးခေါ်ရေးသားမှုပါဗျာ