ကျေးဇူးတင်ပါတယ်

in #busy8 years ago

@bobokyaw.jpg

လူရာမသွင်းတဲ့ အကြည့်တွေရဲ့ ကြားမှာပေါ့ မင်းလိပ်ပြာလေး သိမ်ငယ်နေသလိုခံစားမိခဲ့လေသလား
အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့ လူတွေကို မင်း ငေးကြည့်ခဲ့ဖူးလေသလား စိတ်ပျက်ခြင်းတွေနဲ့ စိတ်ဓါတ်ကျစရာနေ့ရက်တွေ မင်းကြုံဆုံခဲ့ဖူးသလား။ ဒီအတွက် မင်းလုပ်ရမှာက ကျေးဇူးတင်တက်ဖို့ပါဘဲ
ဟုတ်ပါတယ် မင်းကို နှိမ်ခဲ့တဲ့ လူတွေကို မင်းကျေးဇူးတင်လိုက်ပါကွာ သူတို့ကြောင့်သာ မင်းဟာ အောင်
မြင်တဲ့ သူ တစ်ယောက်ဖြစ်ခွင့် ရသွားခဲ့တာ မဟုတ်ဘူးလား ခံစားချက်ဆိုတာ သိမ်းထားဖို့မဟုတ်ပါဘူး
ရင်ဘက်ထဲ ထိုးသိမ်ထည့်မထားပါနဲ့ သိမ်းမထားပါနဲ့ ခံစားပါ အပြည့်အ၀ခံစားပါ
ပျော်ရွှင်ခြင်းတွေကို အရသာ ခံပြီး ခံစားသလိုဘဲ ၀မ်းနည်းခြင်းနဲ့ ကြေကွဲခြင်း ခံစားချက်တွေကိုလည်း
အပြည့်အ၀ အရသာခံပြီး ခံစားလိုက်စမ်းပါလား
ကိုယ့်အလှည့်တုန်းက ဒီလို ခံစားခဲ့ရတာတွေကို မေ့တော့ မေ့မပြစ်လိုက်ပါနဲ့ ကိုယ့်အလှည့်တစ်ခါပြန်
ရတဲ့အခါပေါ့ ကိုယ့်ထက်နိမ့်ပါးတဲ့သူ ကိုယ့်လောက်မှ အဆင်မပြေသူတွေကို လက်တွဲ ခေါ်လိုက်စမ်းပါ
ကိုယ်ခံစားခဲ့ရတာတွေကို သူတို့ မခံစားမိစေဖို့ ခံစားချက်ဝေဒနာတွေ သက်သာစေဖို့ အကာအကွယ်
ပေးလိုက်စမ်းပါ အကူအညီပေးလိုက်စမ်းပါလား
မင်းကို ကဲ့ရဲ့ပြစ်တင်ခဲ့တဲ့ လူတစ်ချို့ကို မင်းကျေးဇူးတင်လိုက်စမ်းပါလား။ အဲ့ဒီလို ကဲ့ရဲ့ပြစ်တင်စဉ်
အခါတုန်းက မင်း ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ မေ့တော့ မေ့သွားမယ် မဟုတ်ပါဘူး။ ကိုယ့်အလှည့်
ရောက်လာတဲ့အခါ ကိုယ်မှတစ်ပါး အခြားသော သူတစ်ထူးကို အပြစ်မတင်ခြင်းနဲ့ မကဲ့ရီခြင်းတွေနဲ့ တုံ့
ပြန်လက်စားချေလိုက်စမ်းပါလား ကိုယ်ခံစားသလို ခံစားစေဖို့ ဆိုတာထက် ကိုယ်ခံစားသလို မခံစားရ
စေဖို့ဆိုတာ သိပ်ကို သိမ်မွေ့သော စိတ်ထားလေးပါကွာ
အဲ့ဒီအရာတွေ အတွက် ကျေးဇူးတင်လိုက်စမ်းပါ ဘ၀ရဲ့ သင်ခန်းစာတွေကို ပေးခဲ့ဖူးတဲ့ လူတွေကို
ကျေးဇူးတင်လိုက်စမ်းပါလား
မင်းအကူအညီလိုအပ်နေချိန်တိုင်းမှာ မင်းကိုလှည့်မကြည့်ခဲ့တဲ့ လူတွေကို ကျေးဇူးတင်လိုက်စမ်းပါလား
အဲ့ဒီလို အကူအညီတွေ မင်းမရခဲ့လို့ မင်းကိုယ်မင်း အားကိုးတက်သွားတယ် အားကို လာစေတယ်မဟုတ်ဘူးလား ဒီအတွက်လည်း ကျေးဇူးတင်လိုက်စမ်းပါလား
သင့်အလှည့်တစ်ခါရောက်လို့လာရင် ကိုယ့်အလှည့်တုန်းကလို မခက်ခဲအောင် ကူညီလိုက်စမ်းပါလား
ကျေးဇူးတင်လိုက်စမ်းပါလား ဘာဖြစ်ဖြစ်ပေါ့ အားလုံးက ကျေးဇူးတင်ဖို့ လိုအပ်နေတာတွေပါဘဲ
အသဲမှာ အသားမာတက်လာအောင် ရင့်ကျက်စေခဲ့တဲ့ လူတွေကို ကျေးဇူးတင်လိုက်စမ်းပါလား
@bobokyaw

Sort:  

A great post has been posted so I think your post is the best one post from all posts.

ကျေးဇူးတင်ပါတယ် akikur100

Thanks you tipu

You got a 4.79% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

You got a 7.02% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

ကျေးဇူးတင်ပါသည်

보팅하고갑니다. 맛팔부탁.......

ဘာပြောတာလဲ မသိပါဘူး

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60573.65
ETH 1550.46
USDT 1.00
SBD 0.47