တကယ်ပျော်ရမည်လား

in #busy8 years ago

@bobokyaw.jpg

ဒီနေ့တော့ ဟိုဘက်ရပ်ကွက်လေး အကြောင်း ရေးချပါဦးမည်။ ခုတလော စတင်းမွန်းစတား ဂိမ်းနဲ့ ရောက်တက်ရာရာ
လောက်သာ လှည့်ပါတ်ရေးနေခဲ့မိပါလေသည်။ ယခုအချိန်ထိ ဦးတည်ရာ လမ်းကြောင်းကို နည်းမှန်လမ်းမှန်အတိုင်း
မသွားနိုင်သေးပါဘူး ဒါကလည်း လိုအပ်ချက်နဲ့ လိုအင်ကို မထိန်းညှိနိုင်သေးလို့ပါဘဲ အခြေအနေအရပ်ရပ်က
ထိန်းသိမ်း တွက်ဆရတာ သိပ်ကို ခက်ခဲလွန်းပါတယ်။ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသေးတဲ့ ခရီးလမ်းကို မှောင်နဲ့မည်းမည်း
စမ်းတ၀ါးဝါး လှမ်းလျှောက်နေရသလိုပါဘဲ ခရီးလမ်းက အသေအချာ တွက်ဆမထားခဲ့နိုင်ပါဘူး
ဖြစ်လာမည်လား လွဲချော်မည်လား ဆိုတာလည်း မသဲကွဲလေတော့ ဖြစ်လာနိုင်စရာတော့ရှိသည် ဆိုတဲ့ မျှော်လင့်ချက်
တစ်ခုတည်းသာ ရင်ဘက်ထဲကို ထိုးသိပ်ထည့်ရင်း လုပ်ဆောင်နေရသည့်အတွက် ဖြစ်ပါတယ်လို့ အကြောင်းပြချက်ကောင်း
တော့ ပေးနိုင်ပါတယ်။
ဟိုဘက်ရပ်ကွက်လေးရဲ့ ခြေလှမ်းတွေကလည်း တဖြည်းဖြည်းနဲ့ ပြီပြင်လို့လာနေပြီလို့ သုံးသပ်ရပါတယ် စတင်လုပ်ကိုင်ကတည်း
ကယခုဆိုရင် နှစ်လနီးပါးခန့် ကြာမြင့်ခဲ့ပါပြီး ထုံးစံအတိုင်းပါဘဲ စတင်ထွက်ပေါ်လာတုန်းက ဟိုကသည်က ယူပါ လုပ်ပါ
အခုဘဲမလုပ်လိုက်ရရင် ကိုယ်ဘဲ ကျန်ခဲ့ရတော့မလိုလို အတွေးများနဲ့ လုပ်ခဲ့မိတာပါဘဲ နောက်ပိုင်းတော့ ရိုးရာမပျက်
အချို့တွေက ယုံကြည်မှု ကင်းမဲ့လာကြတယ် အချို့တွေက နေသာရေသာချိန်ကို အပီအပြင် စောင့်နေကြတယ်
စောင့်တယ်ဆိုတာလည်း ရှေ့လည်းမတိုးဘူး နောက်လည်းမဆုတ်ဘူး လက်ရှိအရင်းခံအတိုင်း ထိုင်စောင့်တာပေါ့
အချို့ကတော့ ပေါက်တဲ့နဖူးမထူးပါဘူး မဖြစ်လဲနေ ဖြစ်ရင်လာထား ဆိုတဲ့လူစားများပေါ့
အရောင်အသွေးစုံ ဦးတည်ချက်အစုံ နဲ့ အဲ့ဒီရပ်ကွက်လေးဟာ အခုဆိုရင်တော့ မင်္ဂလာ သတင်းတွေ တဖြည်းဖြည်း
ရောက်လို့လာနေပါပြီး
ဟုတ်ပါတယ် မနက်ဖန်ဆိုလျှင်တော့ အဲ့ဒီရပ်ကွက်ရဲ့ တိုကင်များကို တရားဝင် စတင် ရောင်းချပါတော့မယ်
ဒါဟာ လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း ယုံကြည်စွာနဲ့ လုပ်ကိုင်နေသူများအဖို့ ထိုအဆင့်လောက်ကို မြင်ရတာဘဲ အတော်ကို
အားအင်ဖြစ်စေပါတယ် မျှော်လင့်ချက်တွေပိုလို့ ခိုင်မာလာစေပါတယ်လေ
အခုကြားရမြင်ရသော ပူပူနွေးနွေး သတင်းများအရတော့ မနက်ဖန်မနက်မှာသူတို့ စတင်ရောင်းချမယ်။ အခုညပိုင်းမြင်ရတာကတော့
အကြမ်းဈေး အဖွင့်ဈေးက ၀မ်းစတင်းကို တိုကင်နှစ်ဆယ်ရမယ် ဒီလောက်ဆိုရင် အခြေအနေက အတော်ကောင်းနေပါတယ်
ဝမ်းတိုကင်ကို သုံညဒသမ သုံည သုံည ရှစ် ဈေးပေါက်ပါတယ် ဒါကတော့တင်ကြိုရောင်းချခြင်းဈေးဖြစ်ပါတယ်
ဈေးအတည်ကတော့ ဒီဇင်ဘာမှာ သိရမယ်လို့ ဆိုပါတယ် ဒီဇင်ဘာမရောက်သေးသော်လည်း ယခု သူတင်ကြိုရောင်းချသော
ဈေးဟာ ကိုယ်တွေမျှော်လင့်ထားသည့်ဈေးထက် ထက်ဝက်ကျော်များနေသည့်အတွက် အလွန်ကို အားရကျေနပ်ဖြစ်ရပါတယ်
တကယ်လို့ သင်လည်း ဟိုဘက်ရပ်ကွက်မှာ နေရာတစ်ခုယူထားတယ်ဆိုရင်တော့ လက်ခမောင်းခက်ဖို့ အသင့်ပြင်ထားပါလို့
ဆိုပါရစေ နေရာတစ်ခုမယူရသေးဘူးဆိုရင်လည်း မပူပါနဲ့ ယခုချက်ချင်း နေရာတစ်ခုမက သွားေ၇ာက်ယူငင်လို့ အလွယ်ရ
နိုင်ပါသေးတယ် ယနေ့ညပိုင်းအချိန်အထိ အကောင့်တစ်ခုဖေါက်တိုင်း ဘောနပ် တစ်ရာတိုကင် ပေးနေသေးတာကိုတွေ့ရပါတယ်
အပြောင်းအလဲတွေကတော့ နေရာတိုင်းနေ့စဉ်တိုင်း ဖြစ်ပေါ်နေတာပါ ဒီအပြောင်းအလဲအပေါ်မှာ ဟိုဘက်ရပ်ကွက်လေးက
လင်းလက်လာဦးမည်လားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ် လုပ်ရင်းကိုင်ရင်းစောင့်ကြည့်ရတဲ့ ဖီလင်က
ပိုကောင်းမယ် ပိုပြီးရသစုံလင်မယ်ထင်ပါတယ်
အကောင်းဆုံးဖြစ်လာရင်တော့ အရာရာဟာ သာယာလို့နေပါလိမ့်မယ် လှေကားတစ်ချို့ကို ကျော်တက်ခွင့်ရလာပါလိမ့်မယ်လေ
Author : @bobokyaw

Sort:  

လုပ်ဆိုလို့ လုပ်ထားတယ် ရောင်းရမယ်ဆိုလက်တို့ဦးဟ

မကြာတော့ပါဘူး ဈေးကွက်ပေါ်ရောက်လာတော့မှာပါ

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 700 replies. Your next target is to reach 800 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

The new Steemfest³ Award is ready!
Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

ကျေးဇူးတင်ပါတယ်

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The new Steemfest³ Award is ready!
Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

Thanks you

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.079
BTC 60480.78
ETH 1583.43
USDT 1.00
SBD 0.47