လက်တစ်ဆုပ်စာ အတွေးစများ
*** လက်တစ်ဆုပ်စာ အတွေးများ ***
######################
တစ်နပ်စာရိုးသားခဲ့ရုံနဲ့
တစ်သက်စာ ပြောမကုန်ချင်ဘူး ။
တစ်ခါအရှုံးကို
တစ်ဘဝစာ သီကုံးချင်သူ ။
၂၄နာရီ ညွှတ်ကွင်းမှာ ဝပ်စင်းရင်း
နိစ္စဓူဝ ဖိသတ်ခံလို့
အသက်ရှူပြတ်ခဲ့ရသူတွေ
လက်ညှိုးထိုးမလွှဲ ။
ဘယ်အရာကို လွယ်ပိုးမလဲ???
အပိုဆိုတာ မလိုအပ်တဲ့အရာ ဆို
အလိုဆိုတာ လောဘ လားး???
သတိကပ်ရင်း
အသိမပြတ်စေဖို့အတွက်
တောင်းတဲ့ဆုက
မက်မောဖို့ ပိုကောင်းတယ် ။
ဖြစ်ချင်ရာဖြစ်
လေလွှင့်ပစ်တဲ့ရာသီက
လွှင့်မျှောလို့ ကောင်းတယ် ။
မနက်ဖြန် အကြောင်းတော့ မတွေးတတ်ဖို့လိုမယ် ။
ပုံရိပ်မှန်တို့ထဲမှာ
ဘာကိုမှ မကြည့်တဲ့သူ ဘာကိုမှ မမြင်နိုင်ဘူး ။
ဘာကိုမှ မမြင်တော့ ဘယ်အရာကိုမှ မသိ
ဘယ်အရာကိုမှ မသိတော့ ဘာဆိုဘာမှမတတ်
လောကဓါတ်ရဲ့ အမှိုက်တစ်စ ။
ပြတင်းဝက ရပ်ကြည့်
ဟားတိုက်မိကြလေသလား ။
တံခါးမကြီးကို သေချာရှာဖွေပြီး
ချွေးစက်တွေရဲ့ ပုံပြင်ထဲ ဝင်နိုင်တယ် ။
အပ်တိုတစ်ချောင်းကို နှမြောတတ်လာစေမဲ့
ပေးဆပ်ခြင်း။
ဂုဏ်………
ဆွေဂုဏ် မျိုးဂုဏ်
ရာထူးဂုဏ် ဥစ္စာဂုဏ် ပညာဂုဏ်
ဘယ်အရာအတွက် ဘယ်လောက်မြင့်မြင့်
ရိုးသားခြင်းအတွက်ပဲ ဂုဏ်ပြုပါရစေ ။
( ရိုးဂုဏ်သမားတွေက ဘယ်တော့မှ မမောက်ဘူး )
ကိုယ်ရူးတဲ့ အရာအတွက်
ကိုယ့်အပေါ် ပြန်သက်ရောက်တယ်
ဘယ်အရာကိုမှ ဖမ်းဆုပ် မြဲမြံအောင် ကုပ်ကပ်မထားတဲ့အခါ ပြုတ်ကျတိုင်း ဟာလာဟင်းလင်းး
ဟစ်အော် တမ်းတ
အော်မြည်လိုက်မိတဲ့ အရာရဲ့
အမည်နာမက
ဘာဖြစ်နိုင်မလဲ ????
I'm ATM.
@ayethatmon
MSU 021.
Photo credit.
Sell your votes https://steemit.com/news/@bible.com/6h36cq
ကောင်းလိုက်တာမှ..ကိုယ်တောင်မှလိုက်မမီတော့ပါလား
ဟာ...အန်တီရေ..
အဲ့လောက်ကြီး မဟုတ်ပါဘူး အန်တီရေ..
ကျေးဖထူးအထူးပါ
Congratulations @ayethatmon! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard!
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes
ကျွန်တော်ဆိုရင် အော်မိလိမ့်မယ် အားးးးးးး
ကျီစယ်တာပါ :)
အယူအဆကိုယ်စီပေါ့
လန်းတယ်ဗျာ
ကျေးဇူးပါ
ကောင်းလိုက်တဲ့ ကဗျာ
ကျေးဇူးပါ အစ်မ
ဒါမှကဗျာစစ်စစ်အရသာ Nice👏👏
ကျေးဇူးအထူးပါ..အားပေးလို့