" နတ်ဝတ်ပုဆိုး မဆင်မြန်းစေလို "
မြန်မာနိုင်ငံသည် နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်အုပ်ချုပ်ရေး၏အောက်တွင် လှိမ့်ပိန်နေအောင် ခံခဲ့ရသည်မှာ မငြင်းနိုင်သောသမိုင်းဖြစ်ပါသည်။ တိုင်းပြည်တစ်ခုတွင် စစ်တပ်ဟူသည် မရှိလို့ မဖြစ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထိုလက်နက်စွဲကိုင်ထားသော နိုင်ငံ၏ မရှိမဖြစ်အဖွဲ့အစည်းမှ လက်နက်အားကိုး အာဏာအားကိုးဖြင့် တိုင်းသူပြည်သားများအပေါ် အနိုင်အထက်ပြုလုပ်သောအခါ သူတို့တစ်စုသာ ကောင်းစားကြပြီး ပြည်သူလူထုမှာမူ ဆင်းရဲတွင်းထဲမှာ နလံမထူနိုင်ခဲ့ကြပေ။
ယနေ့ခေတ်အခါတွင် ဒီမိုကရေစနစ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံ၏ လည်ပတ်နေသော ယန္တရားများမှာမူ လည်းကောင်းအငွေ့အသက်တို့က မကင်းစင်လှပေးပေ။ ထိုအငွေ့အသက်ဟူသည် အဘယ်နည်း။ နိုင်ငံတစ်ခု၏ လည်ပတ်နေသော ယန္တရားများထဲတွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသော ဝန်ထမ်းအဖွဲ့အစည်း ဆိုတာရှိလေသည်။ ထိုဝန်ထမ်းအဖွဲ့အစည်းသည် စစ်အုပ်ချုပ်ရေး ခေတ်ကာလ တစ်လျောက် မိမိတစ်ကိုယ်ရေ ကောင်းစားရေး မိမိ မိသားစု ကောင်းစားရေးသာ ရှေ့ရှု၍ အထက်ကိုဖား အောက်ကိုဖိ၍ မည်သူသေသေ ငတေမာ ပြီးရော အလေ့အကျင့်ကိုသာ ပြုကျင့်ခဲ့ကြပေသည်။
Image source
မိမိလက်ရှိရထားသော ရာထူးအာဏာလေး တည်မြဲရေးအတွက် အထက်ကို ကပ်ဖားရပ်ဖားဖြင့် ရှိခိုးမတတ်ရိုကျိုးတတ်သလိုပင် မိမိ၏လက်အောက်ငယ်သားကို နင်းခြေပစ်ကြဖို့လည်း ဝန်မလေးတတ်ကြပေ။ ထိုသို့သော အကျင့်ဆိုးကြီးများကို အရိုးစွဲကာ ယနေ့ခေတ်ထိ အောင် ထိုအမူအကျင့်များ မဖျောက်နိုင်ကြသူများမှာလည်း ကျွန်တော့်တို့၏ မျက်စိအရှေ့တွင် အများအပြားတွေ့နေရပေသေးသည်။
ထိုသို့ အကျင့်ရှိသူ ထိုအရာများနဲ့ နေသားကျလာသူများသည် အဖွဲ့အစည်းတစ်ခုခုတွင် နေရာ ရလာသောအခါ ထိုအရာကြီးပင် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြသည့်နှယ် တလွဲဆံပင်ကောင်းတတ်ကြလေသည်။
နိုင်ငံတစ်ခု အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရာတွင် ခေါင်ဆောင်ကောင်း ဟူသည်လိုအပ်သည်မှာ ပြောဖွယ်ရာပင် မလိုပေ။ ခေါင်းဆောင် တစ်ယောက်တည်း အရာရာကို လုပ်ရန်မဖြစ်နိုင်သောအခါ ခေါင်းဆောင်ငယ်လေးများ ခန့်အပ်၍ တာဝန်အသီးသီး ခွဲဝေပေးထားကာ ဆောင်ရွက်ကြစေလေသည်။ ထိုသို့ ဆောင်ရွက်ကြရာတွင် အထက်ကပြောသလို လူတန်းစားများ ပါလာသောအခါတွင်မူ ထိုနိုင်ငံ ထိုအဖွဲ့အစည်း၏ ရေရှည် ရပ်တည်မှုသည် ခက်ခဲလာမည်အမှန်ပင်ဖြစ်ပါသည်။
နိုင်ငံ့ခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင်များအနေဖြင့် မိမိခန့်အပ်ပြီးထားသော ခေါင်းဆောင်ငယ်များနဲ့သာ အရာရာကို လွှဲထားသောအခါတွင်မူ မိမိကို ယုံကြည်ကြသော တိုင်းသူပြည်သား ငယ်သားများနဲ့ အလှမ်းဝေး ကင်းကွာ လာသလို ဖြစ်ပြီးလျှင် အခြေနေအရပ်ရပ်တွင် အထက်နဲ့အောက် အလှမ်းဝေးကွာ လွန်းခြင်းသည် မကောင်းလှပေ။ ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ အခြေအနေများကိုလည်း မျက်ခြေမပြတ်သင့်ပဲ လေ့လာသင့်လှပေသည်။ ထိုသို့ မဟုတ်လျှင် ခေါင်းဆောင်ငယ်များ တင်ပြသော အရာကိုသာ အမှန်ဟုထင်ယူဆနေပါက ထိုခေါင်းဆောင်ငယ်များ ထဲတွင် အထက်မှ တင်ပြထားသလို ခေါက်ရိုးကျိုးနေသော အယူအဆ အစွဲများပါလာပါက အခြေနေမှန် သိမြင်နိုင်တော့မည် မဟုတ်ပေ။
အခြေနေမှန် မသိမြင်ပါက မိမိကိုယ်တိုင်ပင် နတ်ဝတ်ပုဆိုးအား ဆင်မြန်းရသလိုသာ ရှိနေပါလိမ့်မည်။ နတ်ဝတ်ပုဆိုး ဟူသည် အားလုံးသိကြပြီးပင် ဖြစ်ပါလိမ့်မည်။ နတ်ဝတ်ပုဆိုးကို မဆင်မြန်းကြစေသလို နန်းတော်ရှေ့ လာရောင်းသော ပုတ်ရောင်းသူ၏ စကားကို ယုံစားကြသူများလည်း မဖြစ်ကြစေလိုပါပေ။
Author>>>@aungzawhtwe
MSC : 014
အမှန်တွေသိပ်ပြောတာပဲ 😁
ရွာပြင်ထွက်ဆော် နံတာလေ။😁😁😁
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Thank
Congratulations @aungzawhtwe! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Semi Finals - Day 1
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes
Thank for your information.
နိုင်ငံရေးတွေ ပြောနဲ့ဆို
ဘာဘာ ဘာမှ မသိပါဘူး။
Congratulations @aungzawhtwe! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
SteemitBoard World Cup Contest - Semi Finals - Day 1
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes
နိုင်ငံရေးတွေ ပါလာပြီ
မှန်တာတွေ သိတ်ပြောတတ်တာပဲ
ဒါတောင် အတော်လျော့ထားတာ။ ပြောချင်တာတွေ အများကြီးရယ်။
ဒီခေတ်ကြီးမှာ အမှန်တွေသိပ်ပြောတာ မကောင်းဘူးနော်။
ဟုတ်တယ် လူမုန်းတော့ ခံရမှာ သေချာတယ်😁😁😁
ဟီး steemit ပေါ်မှာမလို့ fb ပေါ်မှာသာဆို လာကိုက်ကျမှာ 😁
ဒီမှာလည်း ကိုက်ချင်တဲ့သူလာပါလိမ့်မယ်။
အဲ့လိုခေါင်းဆောင်တွေမျိုးနဲ့ကြုံနေရတယ်ဗျာ
မကြုံပါစေနဲ့ဗျာ။