Android System များအတွက် လေ့လာမိသလောက် (၇)
မင်္ဂလာပါ Steemit Members များ ခင်ဗျာ..
ကျွန်တော်၏ Android System များအတွက် လေ့လာမိသလောက် (၆) တွင် ဖုန်းဖွင့်ပြီးနောက် မြင်ရမယ့်အသွင်အပြင်များကို အနည်းငယ် ဖော်ပြခဲ့ပါသည်။ ယခု Posts တွင် ဖုန်းတွင် အရေးပါသည့် Settings များ အကြောင်းကို ရေးသားသွားပါမည်ခင်ဗျာ...ကျွန်တော် ထပ်ပြောပါရစေ ကျွန်တော်ရေးသားသော Android System များအတွက်လေ့လာမိသလောက် (၁)မှ စကာ ယခု (၇) အထိ ကျွန်တော်လေ့လာထားသလို မသိသေးသူ လူငယ် မိတ်ဆွေတို့အတွက် နားလည်ရလွယ်ကူစေရန် ရေးသားထားခြင်းဖြစ်တာကြောင့် ဖတ်ရတာ ရှုပ်နေမလားတော့ မသိဘူး ...နားမှလည်ပါ့မလားလဲ စိတ်ပူမိပါတယ်.. သို့သော် ကျွန်တော်သည် သင်ကြားခြင်းဆိုင်ရာ ဆရာ တစ်ယောက်မဟုတ်သလို စာရေးဆရာ တစ်ယောက်လည်း မဟုတ်သည့်အတွက် ကျွန်တော်၏ အရေးအသား နှင့် နည်းပညာအပေါ်တင်ပြမှုများ ချွတ်ယွင်းခဲ့သော် နားလည်ပေးစေလိုပါတယ်ခင်ဗျာ.... မှားနေခဲ့သည်ရှိသော် Comment များတွင် ၀င်ရောက်မန့်ခြင်းဖြင့် အကြံဥာဏ်ပေးရန် ဖိတ်ခေါ်ပါတယ်... အားပေးကြပါဦးခင်ဗျာ...
Android များ၏ Setting အကြောင်းပြောပြမှာဖြစ်တဲ့အတွက် Android အခြေခံနှင့်သာသက်ဆိုင်ပါသည်။ အခြား OS သုံးထားသော ဖုန်းများနှင့် မသက်ဆိုင်ပါ... Setting များတွင် Samsung ဖုန်းကကို အခြေခံ၍ တင်ပြပေးမှာဖြစ်ပါတယ်... အခြားဖုန်းများနှင့် စကားလုံး အသုံးအနှုန်းများ တစ်ချို့တစ်လေ ကွဲလွဲမှု ရှိပါသည်။ သို့သော် သဘောတရားမှာ အတူတူပင်ဖြစ်ပါသည်။ ဖုန်းထုတ်လုပ်သူများကွဲလွဲသောကြောင့် စကားလုံးများကလည်း ကွဲလွဲသွားပါသည် တက်နိုင်သလောက် ထည့်သွင်းရေးသားပေးပါမယ်ခင်ဗျာ..
အောက်မှာပုံနှင့်တကွရှင်းပြပေးပါမယ်.. ပုံကိုကြည့်ပါ...
Samsung ဖုန်း၏ Android Version 6.0 UI ဖြစ်ပါသည်။
Setting ကို တစ်ချို့ဖုန်းများတွင် ခေါင်းစဉ်ခွဲများဖြင့်လာတာများပါတယ်.. Samsung မှာတော့ ခေါင်းစဉ်ခွဲမပါဘဲ တောက်လျှောက်ပါ..
ဘာပဲဖြစ်ဖြစ်တူတူပါပဲ... ဥပမာ Wifi ဆိုသော Setting သည် Wireless & Mobile Network အောက်တွင်ရှိနေတာမျိုးခေါင်းစဉ်ခွဲကို ဆိုလိုတာဖြစ်ပါတယ်..
Wifi
ဝိုင်ဖိုင်ဟု ခေါ်ကြပြီး Wi-Fi နည်းပညာဖြင့်တီထွင်ထားသော Wireless စနစ်ဖြင့် ဒေတာ များကို အကူးအပြောင်းလုပ်ရာတွင် အသုံးပြုပါသည်။သူ့နည်းပညာက ထုတ်လုပ်သူပေါ်မူတည်ကာ ရရှိနိုင်သော အကွာအဝေးRange ပိုကျယ်ပါသည်။ WLAN လို့လည်းသုံးကြပါတယ်.. Wireless Local Network Connection ပေါ့ .. ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှု ပုံမှန်ဆို မီတာ ၁၀၀ ၀န်းကျင်ထိ ဖမ်းယူနိုင်ပါတယ်...
Wireless ဆိုတာ ကြိုးမဲ့ပါ.. Wifi အတွင်းသို့ ၀င်လိုက်လျှင် ယခုလိုမြင်ရမည်ဖြစ်သည်။
ပုံတွင်ပါသော အင်္ဂလိပ်စာများကို စာဖတ်နေသူ တစ်ခါမှ မဖတ်ဖူးဘူးဟု ရဲရဲကြီးအာမခံပါတယ်....
ကျွန်တော်တို့ မြန်မာလူမျိုးများဟာ အတော်စာဖတ်ပျင်းတယ်ဗျ.. ပိုဆိုးတာ အင်္ဂလိပ်စာဆိုတော့ ဘယ်သူမှကို မဖတ်ချင်ကြတော့ဘူး.. အတော်ကို သိချင်ကြရင်တော့ ဖတ်ကြမှာပေါ့..သေချာတာကတော့ အဲ့ဒီစာတွေက Android ထုတ်လုပ်သူတွေက အားနေလို့ လျှောက်ရေးထားတာတော့ မဟုတ်ဘူးဗျ... အဲ့ဒါကြောင့် ဖြစ်နိုင်ရင် စာပေါ်လာရင် မဖတ်တက်ရင်တောင် Dictionary လို Software မျိုးထည့်ထားပြီးဖတ်ကြပါ... ဖတ်ရင်း ဖတ်ရင်းနောက်ကျ အသားကျကာ ဖတ်ချင်စိတ်ဖြစ်ပေါ်လာမှာပါ...
စာမှာရေးထားတာက ချိတ်ဆက်၍ ရနိုင်သော Wireless နက်ဝက်များကို မြင်တွေ့ရန် Wifi ကို On ပါတဲ့... အဲ့ဒါအပြင် Wiif ရဲ့ အလုပ်လုပ်ပုံက ရှီိသေးတယ် ကျွန်တော်တို့ တည်နေရာကိုရှာဖွေတဲ့အခါ GPS ဆိုတဲ့ စနစ်ဆိုတာ ကြားဖူးကြမှာပါ... ဖုန်းတည်နေရာကို ရှာတဲ့ အခါ Wifi ကိုပါ On ထားရင် ပိုပြီး တိကျတဲ့ Location တစ်ခုကို မြန်မြန်ဆန်ဆန်ရှာဖွေနိုင်ပါတယ်.. ဒါတွေကိုဖြည်းဖြည်းချင်းတော့ နားလည်လာမှာပါ... တိုးတက်ပြီးနိုင်ငံတွေမှာတော့ Wifi ဟာ အတော်ကို အရေးပါပါတယ်... ဘာလိုဆို သူတို့ဆီက ကိုယ်တွေဆီကလို Operator တွေရဲ့ Sim Card ကို အားကိုးပြီး Data သုံးနေရတာမဟုတ်ဘူးဗျ... နေရာတိုင်းမှာ Wifi လွှတ်ထားတဲ့ Wifi Zone တွေမှ အများကြီးပဲ Free Zone တွေရှိသလို အခကြေးငွေပေးသုံးရတဲ့ Service တွေအများကြီးရှိတယ်... ဒီမှာက Zapya ကူးဖို့လောက် Wifi က အရေးပါတယ်ထင်ပါတယ်.. အသုံးပြုသူ အရေအတွက်နဲ့ယှဉ်ရင် လက်တွေ့ကျကျက သုံးတာ နည်းပါသေးတယ်.... အခုဆို ရန်ကုန်လို မြို့ကြီးတွေမှာတော့ Wifi Zone တွေအများကြီးပေါ်ပေါက်နေပါပြီ...Wifi နည်းပညာ အကြောင်းက တော့ ရေးမကုန်အောင် အများကြိးရှိပါတယ် ဒါကတော့ ဒီလောက်ပဲဗျ...
Bluetooth
Bluetooth က Wifi လိုပဲ ကြိုးမဲ့အချက်အလက်ပို့ပေးနိုင်တဲ့စနစ်ပါ.. အရင်က ဖုန်းတွေဆို Data ပို့ဖို့ အခုလို Zapya တွေဘာတွေ မရှိတော့ Bluetooth ကို အရမ်းအားကိုးရတာဗျ... ဒီနောက်ပိုင်းတွေမှာ Data အကူးအပြောင်းအတွက် အသုံးပြုမှု မရှိတော့လောက်အောင် နည်းပါးသွာပါပြီ... သူ့ရဲ့ Range က Wifi လောက် အသုံးမ၀င်တာရော Speed ကြောင့်ရောပေါ့... ဒါ့အပြင်ကန့်သတ်မှုတွေ များတဲ့အတွက် Bluetooth က Data ကူးပြောင်းရာအတွက် အသုံးမပြုတော့အောင် နည်းသွားပါပြီး.. တွင်တွင်ကျယ်ကျယ် သုံးနေသေးတာကတော့ Voice Data Transfer အတွက်တော့ တော်တော်သုံးနေကြပါသေးတယ်... Bluetooh Speaker နဲ့ Bluetooh Earphone တွေကတော့ လူတိုင်းသုံးဖူးကြမှာပါ... မသုံးဖူးလဲ ၀ယ်သုံးကြပေါ့... စကားမစပ် နည်းပညာ ရဲ့ ထုတ်လုပ်မှု ထုတ်ကုန်တိုင်းမှာ မှတ်ပုံတင်တဲ့အခါ စံသတ်မှတ်ထားတဲ့ Logo တွေရှိပါတယ် ဒါတွေက ဘယ်တော့မှ ပြောင်းလဲလို့မရပါဘူး Wifi ဆိုရင် ဘယ်လိုပုံလေး Bluetooth ဆိုရင် ဘယ်လိုပုံမျိုးဆိုတာ မြင်တာနဲ့ တန်းသိပါတယ်... အဲ့အကြောင်းတွေကတော့ အကျယ်တ၀င့်ရေးပြမနေတော့ပါဘူး.. မြင်ဖူးတာနဲ့ သိကြမှာပါ...
နောက်Post ကျမှ ကျန်Setting များဆက်ပါမယ် ခင်ဗျာ.. ကျေးဇူးတင်ပါတယ်
Author : Arkar Phyo
@arkarphyo
13.1.2018 (Saturday)
MSC-214

good post and voted
Thanks
good တယ်
Thanks
Thank you @arkarphyo for making a transfer to me for an upvote of 1.02% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?
Thanks
You got a 0.51% upvote from @postpromoter courtesy of @arkarphyo! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks
This post has received a 0.67 % upvote from @boomerang thanks to: @arkarphyo
You got a 0.50% upvote from @upme requested by: @arkarphyo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness
This post has received gratitude of 0.53 % from @appreciator thanks to: @arkarphyo.