ချမ်းသာတဲ့နိုင်ငံ (Rich Country)

in #myanmar9 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



rich country copy.png

Image from google


စာရေးမယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာက လူတွေအတွက် အသုံးကျမယ့် အကြောင်းအရာ တိုးတက်စရာ အကြောင်းအရာတွေကိုပဲ အမြဲစဉ်းစားမိသလိုဖြစ်နေတယ်ဗျာ... အကျင့်တစ်ခုလိုဖြစ်နေတော့လည်း ပြောင်းလဲဖို့ ခက်နေတယ်ဗျ... စိတ်ကူးလိုက်တိုင်းလဲ ဒါတွေပဲပေါ်နေတာဖြစ်လေတော့ ရေးတဲ့စာအတော်များများကလည်း အဲဒီလိုစာတွေပဲ ရေးသားမိလျက်ဖြစ်နေတယ်... တစ်ခါတစ်လေမှာတော့လည်း ရီစရာလေးတွေ ၀တ္တုဆန်ဆန် လေးတွေ ရေးချင်စိတ်ပေါက်မိတယ်... ဒါပေမယ့်လည်း စာတွေချရေးနေရင်းနဲ့ နောက်ဆုံးတော့ စာက တိုးတက် ရေးဘက်ကိုရောက်သွားပြန်တယ်ဗျာ... ကျန်းမာရေးအတွက် ရေးမယ်ဆိုလည်း မှားလို့မဖြစ်... ပညာရပ်တွေကို ရေးမယ်ဆိုရင်လည်း မှားလို့မဖြစ်ပြန်... သမိုင်းအကြောင်းကျတော့လည်း ခုနှစ်သက္ကရာဇ်တွေကိုအတွက် အထောက်အထားလိုလာပြန်တော့ စာအုပ်တွေလိုက်လှန် စာတွေလိုက်ရှာ post တစ်ခုဖြစ်လာဖို့ အချိန်အတော် ပေးရသေးသကိုးဗျ... အခုရေးမယ့်အကြောင်းအရာကလည်း မြန်မာနိုင်ငံကို အခြားနိုင်ငံတော်တော်များများက မြင်ကြတဲ့အမြင်လေးတစ်ခုကို ရေးချင်တယ်ဗျာ... ဗဟုသုတအဖြစ်ရော အခြားနိုင်ငံသားများရဲ့အမြင်ကိုရော သိသွားရတာပေါ့လေ... အဲ အခြားနိုင်ငံသားများအမြင်ဆိုတာထက် ကျွန်တော်တို့ အရှေ့တောင်အာရှက ဂျပန် လူငယ်အချို့ရဲ့ အမြင်ပေါ့နော်... ဒါပေမယ့်လည်း နိုင်ငံအတော်များများကလည်း အဲဒီလိုပဲမြင်ကြတယ်ဗျ...

ကျွန်တော်တို့မြန်မာအများစုက ငါတို့နိုင်ငံက ဆင်းရဲတယ်ဆိုသော စကားကို အမြဲတမ်းလိုလို ပြောတတ်ကြ တယ်မဟုတ်လား... စာဖတ်သူများရော ပြောဖူးကြလားတော့မသိဘူးဗျ... ကဲ ဂျပန်နိုင်ငံသားများရဲ့ မြန်မာပြည် ဟာ ချမ်းသာ သလား ဆင်းရဲသလား ဆိုတဲ့အမြင်လေးကို ကြည့်ကြရအောင်ဗျာ... မြန်မာအများစု ပြောကြတဲ့ ငါတို့နိုင်ငံက ဆင်းရဲပါတယ် ဆိုတဲ့စကားကို ဂျပန်လူငယ်များရဲ့အမြင်ကတော့

"မြန်မာနိုင်ငံက မဆင်းရဲပါဘူး... စာအုပ်တွေထဲမှာ မြန်မာနိုင်ငံကို ချမ်းသာတဲ့နိုင်ငံအဖြစ်နဲ့ရေးထားတာ ဖတ်ဖူးတယ်... အခုရောက်လာတော့လည်း ဒီအချက်မှန်ပါတယ်... အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အခုထက်ထိ ချမ်းသာနေသေးတယ်"

လို့ ပြောဆိုပါတယ်တဲ့ဗျာ... မြန်မာနိုင်ငံကလူတွေ ဆင်းရဲ မွဲတေနေတာကို မြင်နေရပါရက်နဲ့ ချမ်းသာတယ် ဆိုတော့ ပြောစရာစကားက မြန်မာတွေက တင်းတိမ်ရောင့်ရဲတတ်တယ်... စိတ်ချမ်းသာအောင် နေတတ်တယ်... အဲဒါကိုပြောမယ်ဆိုရင်တော့ ဟုတ်မယ်ပေါ့...လူတွေကတော့ မွဲနေပါတယ် စိတ်ချမ်းသာမှုတော့ရှိနေပါတယ်.. အဲလိုပြောတော့ ဂျပန်လူငယ်က

"အဲဒါကို ပြောတာမဟုတ်ပါဘူး... ရန်ကုန်ကနေ ငမိုးရိပ်ချောင်းကို ကျော်လိုက်ရင် ဘာတွေတွေ့မလဲ" မေးတယ်... ဘာတွေတွေ့မယ်ထင်ပါသလဲဗျာ....


Paddy.png

Image from google


စိုက်ပျိုးမြေများ အလွန်ပေါများကြောင်း၊ ရခိုင်ရိုးမ၊ ရှမ်းကုန်းမြေမြင့် စသည်တို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကို သူတို့ကနေ တိတိကျကျကို ပြောပြီး မြန်မာပြည်ဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်ကြောင်း သက်သေထူသွားပါတယ်... အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ အခုလို စိုက်ပျိုးမြေများ မရှိ တော့တဲ့အကြောင်း သူတို့ကတောင်ပြန်ရှင်းပြသွားသေးသတဲ့ဗျာ... ကျွန်တော်တို့ကိုယ်တိုင်တောင် သူပြောသလောက်မသိဘူးဗျ... အဲ ကျွန်တော်တို့မဟုတ်ပါဘူး ကျွန်တော်ပေါ့နော်... မသိတာက ကျွန်တော် ဖြစ်ပါလိမ့်မယ်... အဲနောက် ကျွဲ နွား မွေးမြူရေး လုပ်ငန်းတစ်ခုပဲ လုပ်ရင်ကို မြန်မာနိုင်ငံဟာ အင်မတန် ချမ်းသာ နိုင်တယ်လို့ဆိုပါတယ်... နိုင်ငံတကာမှာ ကျွဲသားဟာဆိုရင် အ၀ယ်လိုက်တဲ့ အသားဖြစ်တာကြောင့် ကျွဲ နွား ကို စနစ်တကျ မွေးမြူတာနဲ့တင် မြန်မာဟာ ချမ်းသာနိုင်တယ်တဲ့... ကဲ သူများနိုင်ငံက လူငယ်တွေက မြန်မာကို လာတာ အလကားမဟုတ်သလို မလာခင်ကတည်းကလည်း မြန်မာနိုင်ငံအကြောင်း ခရေစေ့တွင်းကျလေ့လာပြီးမှ လာကြတယ်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်ဗျာ... သူများတွေတော့ မသိဘူး... ကျွန်တော်တော့ ခရီးသွားရင် အဲဒီဒေသရဲ့ အကြောင်းကို ဖတ်ချင်လို့စာအုပ်လိုက်ရှာပါတယ်... ဘယ်တော့မှ ရှာမရလို့ ရောက်လေရာအရပ်မှာ တောင်ငေး မြောက်ငေးနဲ့ ဘာဗဟုသုတမှလည်း ကောင်းကောင်းမရပါဘူးဗျာ...


myanmar.png

Image from google


နောက်ထပ် အခြားဂျပန်လူငယ်တစ်ယောက်ကပြောသေးသဗျ... မြန်မာနိုင်ငံမှာ နောက်ထပ် ချမ်းသာတာ တစ်ခု ရှိသေးသတဲ့... အဲဒါကတော့ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အနုပညာပဲဖြစ်တယ်လို့ဆိုပါသတဲ့... ကဲဗျာ သူများနိုင်ငံသား တွေက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ချမ်းသာတယ်တဲ့ အားကျ အတုယူဖွယ်ဖြစ်တယ်တဲ့... ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများကတော့ ဘယ်လိုများ ယူဆထားသလဲတော့မသိဘူး... ဖင်ပေါ် ခေါင်းပေါ်တွေကို အားကျအတုယူနေတာ ရှက်ဖွယ်လိလိပါဗျာ... မြန်မာ့ရုပ်သေးရုပ်များကို ဂျပန်ကို နှစ်စဉ် တင်ပို့ ပေးနိုင်မလားမေးတယ်အခါ စီးပွားရေးတွက်ခြေကွက်လောက်အောင် မပို့နိုင်လို့ အရောင်းအ၀ယ် မဖြစ်ခဲ့ဘူးတဲ့... လိုချင်တဲ့အရေအတွက်ရအောင် မြန်မာက လုပ်မပေးနိုင်တာပါတဲ့... မြန်မာတို့ရဲ့ အချိန်ဆွဲတတ် တဲ့ အလေ့အကျင့်ကြောင့် အရေအတွက် မပြည့်မီတာလို့ပဲထင်မိပါတယ်ဗျာ... မြန်မာ့ယဉ်ကျေးမှုအနုပညာ ဈေးကွက်ဟာ အင်မတန်ကြီးကျယ်ကြောင်း ပြောသွားပါသေးသတဲ့... မြန်မာနိုင်ငံက ဘာရောင်းမလဲ ရောင်းချင်ရာ ရောင်းပါ... ၀ယ်မယ်ဆိုပဲ... ဒါပေမယ့် အရေအတွက် ပြည့်မီအောင် အရည်အချင်းပြည့်မီအောင်တော့ ပို့ပေး လုပ်ပေးကြပါတဲ့... လိုချင်သူတွေ ရှိနေတာတောင် အလုပ်မဖြစ်တော့ ဘယ်သူ့ကို အပြစ်ဖို့ရမလဲ မသိတော့ပါ...


jpg.png

Image from google


ဒီအကြောင်းအရာလေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၇) နှစ်လောက်က ဆရာချစ်စံဝင်း ရေးသားခဲ့တဲ့ "ဂျပန်လူငယ်တစ်ယောက်အကြောင်း" စာအုပ်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်ဗျ... တကယ်ဆို ကျွန်တော်တို့ မြန်မာနိုင်ငံက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့ထိပ်သီးနိုင်ငံတစ်နိုင်ငံ၊ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေသင့်ပါတယ်... ဒါပေမယ့်လည်း ခုချိန်ထိကို ဖြစ်မလာခဲ့ပါဘူး... ဘာကြောင့်လဲလို့များ မေးရင် မြန်မာတို့ရဲ့ အကျင့်အတိုင်း ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုး လုပ်နေကြဦးမှာပါပဲ... လူတစ်ယောက်ချင်းစီ က ပြုပြင်ကြမယ်ဆိုရင် ဖြစ်လာမယ့် ကိစ္စတစ်ခုက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့တိုင် ရှိတဲ့အရာလေးတွေသာ ပရုတ်လုံးလို လုံးပါးပါးသွားခဲ့တယ်... စိတ်ဓာတ်တွေ အောက်ဆုံးရောက်ကုန်တယ်... ဒါပဲအဖတ်တင်ကျန်နေခဲ့ လေသလားမသိ... တိုးတက်ဖို့နေနေသာသာ ငရဲအိုးနားကပ်နေကုန်ကြပြီ... ဒီအတိုင်းသာ ဆက်သာသွားမယ်ဆို နောင် နှစ်ပေါင်း(၅၀)တောင် မြန်မာနိုင်ငံခံနိုင်ပါအုံးမလားမသိ... စိတ်ဓာတ်တွေ အကျင့်တွေ ပြင်သင့်သော်လည်း နှစ်ပေါင်းများစွာတိုင်တိုင် မပြုပြင်ခဲ့တော့ ပြုပြင်ကြရမှာရှက်နေကြလေရော့သလားတော့မသိပါ...

ဂျပန်လူငယ်များရဲ့စိတ်ဓာတ်ကိုလေးစားအားကျမိပါတယ်ဗျာ.... ဂျပန်လူငယ်များရဲ့ မှတ်ချက်လေးကို အချုပ်အနေနဲ့ ရေးပေးလိုက်ပါတယ်...

"မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံလို မတိုးတက် မဖွံ့ဖြိုးသေးတာတော့ အမှန်ပဲပေါ့... ဂျပန်ကမြို့ကြီးတွေ လေယာဉ်ကွင်းတွေ မီးရထားတွေအားလုံး တိုးတက်နေကြပြီ... အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံလေဆိပ်က အကြီးဆုံးလို့ အရင်ကဆိုတယ်... အခု ရန်ကုန်လေဆိပ်ဟာ ခေတ်မမီတော့ပါဘူး... ချမ်းသာတယ်ဆိုတာကတော့ တိုင်းပြည်ရဲ့ သယံဇာတ ပစ္စည်းတွေ ပေါများကြွယ်ဝတာကို ပြောတာပါ... မြေတွေ ချောင်းတွေ အမြောက်အမြား အခုအချိန်ထိ မသုံးရသေးဘူး... ဒီတော့ ဒီထက်ချမ်းသာတာ ဘာရှိဦးမလဲ... အခြားနိုင်ငံတွေမှာ အဲဒီလို မရှိတော့ဘူး" လို့ မှတ်ချက်ပြု ပြောသွားခဲ့ပါတယ်...


phar kant.png

Image from google


ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)လောက်ကတည်းက ပြောသွားခဲ့တဲ့စကားလေးတွေပါဗျာ... ကျွန်တော်တို့မှာ နည်းပညာအသိဥာဏ်အင်အားလည်း ခုချိန်ထိကောင်းစွာမရှိသေး... ဒီတော့ အခြားနည်းပညာ မြင့် နိုင်ငံများရဲ့ ခေါင်းပုံဖြတ်ခြင်းခံနေရတာလည်း အမှန်ပါပဲ... အိမ်နီးချင်းများကလည်း ကောင်းချင်ယောင်ဆောင်ပြီး မြန်မာ ကထွက်သမျှ လိုချင်နေကြတာလည်း အမှန်ပါ... သူများတွေက ကိုယ့်ဆီကပစ္စည်းကို အသည်းအသန် လိုချင် နေကြချိန်မှာကျွန်တော်တို့ ရွှေမြန်မာများကတော့ တန်ဖိုးထားရကောင်းမှန်းပင် အခုချိန်ထိ မသိကြသေးတော့ ကုန်မှ သိကြမယ်ထင်ပါရဲ့... ရန်ကလည်းဖြစ်ကောင်း နေကြတုံးရှိသေး... လူတစ်ယောက်က အခြားသူတစ်ယောက်ကို မျက်နှာချိုသွေးတယ်ဆိုတာ အလကားတော့မဖြစ်နိုင်ဘူးလေ... ပြုပြင်စရာလေးတွေကို အခြားသူတွေ လိုက်မပြုပြင်ကြပါနဲ့... ကိုယ်ကိုယ်တိုင် အရင်ပြင်လိုက်ကြပါစို့လို့ ကျွန်တော်တို့ရဲ့ ရွှေမြန်မာများကို တိုက်တွန်းရင်းနဲ့ ရပ်နားလိုက်ပါတယ်ဗျာ... အမှားပါရင်ခွင့်လွှတ်ပါ... စေတနာ အမှားလေးတွေလို့ပဲ မှတ်ယူပေးကြပါလို့လည်း ပြောကြားလိုပါတယ်...


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

30-12-2017 စနေနေ့(Saturday)

Sort:  

The @OriginalWorks bot has determined this post by @ansoe to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

မြန်​မာမှာသဘာဝသယံဇာတ​ပေါများပါ၏​။ကောင်း​​သောပို.စ်​ပါ။

အမှန်ပဲဗျ ခုချိန်ထိမတိုးတက်သေးတာပဲရှိတယ်

This post has received gratitude of 0.53 % from @appreciator thanks to: @ansoe.

This post has received a 0.44 % upvote from @buildawhale thanks to: @ansoe. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

This post has received a 1.64 % upvote from @boomerang thanks to: @ansoe

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

ပြုပြင်​​ပြောင်းလဲမည့်​အရာများ အများကြီးလိုအပ်​​နေပါတယ်​ဗျာ

ပြုပြင်မယ်ဆိုနောက်မကျပေမယ့် မပြုပြင်တော့ ပရုတ်လုံးလို လုံးပါးပါးနေပါပြီ

အကော်ဒယံအုံးကျော်သီချင်းလေးသတိရမိ
..
သယံဇာတတွေပေါတဲ့မြေ....🎶🔊🔊🎶

ရတနာရွှေငွေ အလွန်ကြွယ်ဝနေ သယံဇာတပေါတဲ့ တို့ရဲ့တိုင်းပြည် အဖိုးထိုက်တဲ့မြေ အဖိုးထိုက်တဲ့အမွေတွေ ကုန်ပါတော့မလေ😜😜😜

ဟီး
ဟုတ်တယ်
သယံဇာတကုန်တဲ့နေ့ ဒုက္ခရောက်တဲ့နေ့ပဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews/crimsonclad, and netuoso. The goal is to help Steemit grow by supporting Minnows and creating a social network. Please find us in the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP. Be sure to leave at least 50SP undelegated on your account.

သံဃာအားကိုဘုရားမလွန်သာဆိုတဲ့စကားရှိတယ်ဗျ၊ တကယ်တော့ ၁၈၇၅ ခုနှစ်မှာ မြန်မာနိုင်ငံက ပြင်စ်ကိုပညာတော်သင် (၁၀) ဦးစေလွှတ်ခဲ့တယ်၊ ပြန်လာတော့သက်ဆိုင်ရာဌာနအသီးသီးမှာ တာဝန်ပေးစေခိုင်းခဲ့တယ်၊
မြန်မာတွေက အမြောက်၊ သေနတ် စတဲ့လက်နက်တွေသုံးစွဲချိန်မျာ ဂျပန်က ဒါးလှံ လေးမြားကိုသုံးစွတြုန်းပါပဲ၊ မြန်မာထက်နှစ်ပေါင်း များစွာနောက်ကျပြီး ပညာတော်သင် ၁၀၀၀ ကို ဂျာမနီနိုင်ငံကို ဂျပန်ကစေလွှတ်ခဲ့တယ်။ ပြန်ရောက်တော့ ဇာနဆိုင်ရာတွေမှာမခိုင်းပဲ တပြည်လုံကိုပညာသင်ကြားစေ ခဲ့တယ်၊ အဲဒီကွာဟချက်တွေအပြင် မြန်မာတွေဟာ အားရင်လဘက်ရည် ဆိုင် ဘီယာဆိုင်တွေမှာအချိန်ကုန်ကြတယ်၊ ဂျပန်တွေမှာ အဲသည်အချိန်မျိုးမရှိဘုး၊ ဒါကိုကြည့်ပြီး မြန်မာအိုင်ဗင်ဟိုးမှာလာရောက်တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့မိတ်ဆွေ ဂပန်အင်ဂျင်နီယာတစ်ယေက်က ခင်ဗျားတို့မြနန်မာနိုင်ငံ အတော်ချမ်းသာတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ လူတွေအလုပ်မလုပ်ပဲစားနိုင်သောက်နိုင် နေနိုင်ကြတယ်တဲ့၊ အဲသည်လိုနေရင်ဂျပနန်မှာတော့ ငတ်ပြီတဲ့။

နှမြောစရာပေါ့ဆာတင် ဒီနိုင်ငံမှာက ငတ်မသေသေးဘူးဆိုပီးမျှေလိုက်နေကြတယ်မဟုတ်လားဆာ

အော်ကိုအပါဝင် အသုံးမချတတ်သူတေအများကြီးရှိနေပါသေးသလားအထင် ကိုလဲ ပေါ့ပျက်ပျက်နေမိတုန်းလို့ခံစားမိတယ် ပြောင်းလဲ နေသော်လည်း မြန်မာတေ ဘေးရောက်မြဲရောက်နေဆဲ ဘယ်သူတွေနေရာရကုန်လဲ အတွေးတွေ နယ်ချဲ့ရပေဦးတော့ မည် ကျေးဇူးတင်ပါတယ် ခု post လေးအတွက်

လူငယ်များက တိုင်းပြည်အတွက် အရေးကြီးပါတယ် မျိုးဆက်သစ်များက မူးနေကြမယ်ဆို တိုင်းပြည်ကြီးကလည်း မူးနေပါလိမ့်မယ်ဗျာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.090
BTC 63272.77
ETH 1788.67
USDT 1.00
SBD 0.39