ကန္တာရဆူးတစ်ချောင်း
လေးဖက်သွားကတည်းက
၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်း
ကမ္ဘာကြီးတဲ့ ဟာမိုနီ မဖြစ်ခဲ့သူပါ
သားချော့တေးတွေနဲ့ လွဲခဲ့ရသူ
စနေသား ဂြိုလ်ကောင်
ပတ်ဝန်းကျင်ရဲ့ လေးသဲမြှားသံတွေ ကြားမှာ
မုဆိုးတစ်ပိုင်း ဖြစ်ခဲ့ရပေါ့
ရေလောင်းပေါင်သင်သမျှကလည်း
ဆူးခက်တွေသာ ပွားများ
ဖူးပွင့်ဝေဆာဖို့ သန္ဓေမအောင်ခဲ့တော့
ကိုယ့်ကိုယ်ကိုသာ ခုတ်လှဲပစ်လိုက်ချင်ရဲ့
မေတ္တာတရားနည်းနည်းသာ မရခဲ့ဖူးရင်
ကျားတစ်ကောင် ဖြစ်နေခဲ့မှာ အသေအချာပဲ..
ကန္တာရဝင်္ကပါတစ်လျှောက်
ကံကြမ္မာရဲ့ ဖနောင့်ရာတွေကလည်း
ကျောနဲ့အပြည့်
ပင်နယ်တီရသမျှကလည်း
အကုန်လွဲချော်ခဲ့ရလို့
ကိုယ့်ကိုယ်ကို အနီကဒ်ပြထားရ
ညရဲ့ လျှို့ဝှက်မှုတွေထဲ
ကြယ်ကလေးတွေသာ
ငါ့ရဲ့တိုးတိုးဖော်ပေါ့
ကြာတော့လည်း ဒီကံကြမ္မာဆိုတဲ့ ငနဲကို
ဂစ်တာတစ်လက်နဲ့ ခုခံတတ်ခဲ့ပြီ
လောကကြီးအကြောင်း
ကဗျာတွေရေးတတ်ခဲ့ပြီ
လူဆိုတာ ငွေလုပ်စက်မှန်း သိခဲ့ရပြီ
ကျွန်တော်လည်းပဲ ကန္တာရဆူးတစ်ချောင်း
ဖြစ်ခဲ့ရပြီလေ.......
@ahtaroo
MSC- 004
အဲ့ဒါကြောင့် ဆရာတင်ကပြောတာကိုး
မော်ဒန်အက်မှာတော့ ကိုတာက ဆရာကြီးပဲတဲ့
ငိ မြှောက်ပါနဲ့ဗျာ
fighting Bro
ဟုတ်ကဲ့ဗျ
ကိုယ့်ကိုကိုယ်တော့ မခုတ်လှဲလိုက်ပါနဲ့
ဘယ့်သူခုတ်ရမလဲ😁😁😁
ဒီမှာတောင် ဆူးများ စူးသလား
သွေးစဉ်နီရဲ သွားတယ် ....
သေချသုတ်လိုက်ပါ
This post has received a 1.51 % upvote from @boomerang thanks to: @ahtaroo
@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.
This post has received gratitude of 0.55 % from @appreciator thanks to: @ahtaroo.
I sent you a 1SBD
Please confirm your wallet.
https://steemit.com/myanmar/@ahtaroo/interview-70457ad288619
@appreciator
တစိမ့်စိမ့်တွေပြီး ကဗျာ လေးကို အဓိပ္ပာယ် ဖော် ကြည့်တာ ဝတ္တု တို တပုဒ် ကို ဖတ်ရ သလို့ ခံစားမိတယ်။
ခံစားတတ်တဲ့နှလုံးသားရှိလို့ပါညီ
You got a 0.27% upvote from @upme requested by: @ahtaroo.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness
အရေးအသားလေးကောင်းပါတယ်။အားပေးပါတယ်။
ကျေးဇူးတင်ပါတယ်
အရမ်းထိပြန်ပီ ကိုတာ ကြိုက်တယ် ကဗျာက်ုပြောတာပါ
ဟုတ်ကဲ့ပါဗျ