At last, he left us

in #steempress5 years ago

ဘဝမှာ အခက်အခဲဆိုတာ အမြဲလိုလို ကြုံတွေ့ရမယ်ဆိုတာ ကျွန်မလက်ခံထားပြီးသားပါ။ ဒါပေမယ့် အခုတစ်ခေါက် ကျွန်မ ကြုံတွေ့လိုက်ရတဲ့အခက်အခဲကတော့ ကျွန်မဘဝကို အများကြီး ပြောင်းလဲသွားစေတယ်။ ဒီတစ်ခါကြုံရတဲ့အခက်အခဲက ကျွန်မတစ်ခါမှ မမျှော်လင့်ခဲ့ဖူးခဲ့တာတော့ အသေအချာပါပဲ ။ အဲ့ဒါကြောင့် နဖူးတွေ့ဒူးတွေ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မအဖို့ ထိခိုက်မှုအများကြီး ဆုံးရှုံးမှုတွေ တစ်ပွေ့တစ်ပိုက်ဖြစ်သွားတယ်။ ကိုယ် အရမ်းအားကိုး အားထားရတဲ့သူကို မမျှော်လင့်ပဲ ဆုံးရှုံးလိုက်ရတဲ့အခိုက်အတန့်ဟာ ဘယ်အရာနဲ့မှ ဖြေသိမ့်၍ မရနိုင်ပါဘူး။


Image credit - https://pixabay.com/illustrations/man-people-girl-woman-women-girls-2196323/

တရားနဲ့ဖြေလို့ အားပေးနှစ်သိမ့်ကြတယ်။ တရားပြပေးနေကျသူ အနားမှာမရှိတော့ဘူးလေ။ အဆိုးထဲကအကောင်းလို့ သတ်မှတ်လိုက်ပါတဲ့လေ။ လောဘကြီးတဲ့ကျွန်မအဖို့ သူနဲ့ပဲ အသက်ထက်ဆုံး ပျော်ရွှင်စွာနေရဖို့ ဆုတောင်းမိသော်လည်း တောင်းတဲ့ဆု မပြည့်ခဲ့လေသလား။ ခုတော့ စိတ်ကိုအားတင်းပြီး သူတစ်ယောက် နောက်ဘဝခရီးမှာ ပျော်ရွှင်စွာနေရဖို့ လောဘနည်းနည်းနဲ့ ဆုတောင်းပေးပါတယ် ။

အနာဂတ်မှာ ဘဝခရီးကို သူ မပါပဲ တစ်​ကိုယ်တည်းလျှော​က်ရတော့မယ်​လို့ ကျွန်မသိလိုက်ရတယ်။ သူ မပါတာ မှန်ပေမယ့် သူ့ရဲ့ လမ်းညွှန်ပြသပေးမှု သူ့ရဲ့သွန်သင်ဆုံးမမှု သူရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံ သူရရှိခဲ့တဲ့ သူ့ရဲ့ဘဝသင်ခန်းစာတွေကို ကျွန်မကိုယ်တိုင် အသုံးချရတော့မယ်။ တာဝန်ဆိုတာ အရင်က သိပ်သတိမထားတတ်ခဲ့ဘူး။ အခုလို ကိုယ်တိုင် တာဝန်ပေးအပ်ခြင်းခံထားရတော့မှ အလွန်ပင်ပန်းမှန်း သိခဲ့ရတယ် ။ ဒါပေမယ့် သူ့ကို ချစ်တော့လည်း ဘဝရဲ့ အခက်အခဲတွေကို အောင်အောင် မြင်မြင် ကျော်လွှားသွားမယ်။ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်လို့ သူ့ကို ပြောပြခဲ့တယ်။ ကံကြုံရင် ဘဝဆက်တိုင်း ဆုံပါရစေ။

ဟန်နီမိုး ခံစား ‌ေရးဖွဲ့သည်။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=202
Sort:  

Hello @aggamun

Thank you for following @haccolong account. As a follower of @haccolong this post has been randomly selected and upvoted by @hoaithu's Curation Trail.

To earn more rewards with your Steemit account. Check through some of the ways at this post.

I will continue with random upvotes in the future & wish you lots of luck. :)

Coin Marketplace

STEEM 0.24
TRX 0.12
JST 0.030
BTC 69344.82
ETH 3616.21
USDT 1.00
SBD 3.19