My Hobby With Thinking

in #zappl6 years ago

ဈေးပွဲတော်တစ်ခုသို့ 
ရောက်လာတယ်...

''ဘာတွေရလဲဗျ ''

''အိုအစုံပဲ
ဆရာဝန်အင်ဂျင်နီယာ စစ်ဗိုလ်
ရှေ့ နေ ဆရာမ ဖြစ်ချင်တဲ့ဘဝကို
ဝယ်လို့ ရတယ်...''

''ဘာနဲ့ ဝယ်ရတာလဲ''

''မင်းအထူးချွန်ဆုံး ဝါသနာအပါဆုံး
စွမ်းရည်နဲ့ ဝယ်ရတာပါ''

''ဘယ်ဟာက ပေါက်ဈေးမြင့်လဲဗျ''

''ဒီနိုင်ငံကတော့ ဆရာဝန်အမြင့်ဆုံး ပေါ့..''

''အဲ့ဒါဆိုကျနော်ဆရာဝန်လုပ်မယ်''

'စဉ်းစားပါဦး ဝါသနာရောပါရဲ့လား
မင်းရဲ့အားသာချက်က အဲ့ဒါဟုတ်ရဲ့လား...''

''ဒီလိုပဲမဟုတ်ဘူးလား
သူသူကိုယ်ကိုယ် အကောင်းဆုံးကို ရွေးချယ်နေကြတာမဟုတ်ဘူးလား''

''မင်းအတွက်ဘာအကောင်းဆုံးလဲ''

''ဆရာဝန်လေ''

''သေချာစဉ်းစား... ချစ်စမ်းမောင် ဆရာဝန်လုပ်ရင် အောင်မြင်မယ်ထင် လား...

သေချာစဉ်းစားကြည့်စမ်း
ငါတို့ မြန်မာတွေဘာကြောင့်
ကမ္ဘာ မကျော်တာလဲသိလား...''

''မြန်မာတွေညံ့လို့ လား''

''မဟုတ်ဘူး အုပ်ချုပ်သူညံ့တယ်
စနစ် ညံ့တယ်
အဲ့ဒိတော့ ကာယကံရှင်ပါ ညံ့သွား တယ်... ''

''လင်းပါဦး''

''မိဘတွေညံ့တာက
သားသမီးကိုမယုံကြည်ရဲဘူး
သားသမီးရဲ့ဝါသနာကို ထုတ်ဖော်ဖို့ . ပျက်ကွက်တယ်....

စနစ်ညံ့တယ်ဆိုတာ ဆယ်တန်းမှာ
ယေဘူယျကျကျ ဥာဏ်အကောင်းဆုံး
(ဒါမှမဟုတ် )ဝီရိယအကောင်းဆုံးလူ အများစုကို ဆရာဝန်လိုင်းတစ်ခုထဲကို ထိုးထည့်ပစ်တယ်...

နိုင်ငံဟာ ဆရာဝန်နဲ့ ချည်း ဖွဲ့ စည်း ထားတာမဟုတ်ဘူး....
ဘွဲ့ ဆိုတာကို အလှယူဖို့ အထိ
စိတ်ဓါတ်တွေညံ့သွားတယ်
ဂုဏ်အတွက်တဲ့... သွားရော...
ဘွဲ့ ရမှဂုဏ်ဆိုတော့ အကြောင်းကြောင်းကြောင့်
ဘွဲ့ မရတဲ့ လူတော်တွေဟာ နေရင်းထိုင်ရင်း
အနှိမ့်ချခံဘဝရောက်ရတယ်

ကာယကံရှင်ညံ့တယ်ဆိုတာကတော့
အဲဒိလောင်းရိပ်ကိုမတွန်းလှန်ရဲတာပဲ''

'ဒါဆိုကျနော်ဆရာဝန်မလုပ်ရဘူးလား ဆရာဝန်ကမကောင်းဘူးလား'

''ငါအဲ့လိုမပြောဘူး
ဒါပေမယ့် ဆရာဝန်ကအကောင်းဆုံး မဟုတ်ဘူး''

'ဟာ ခင်ဗျားပဲပြောပြီး ဆရာဝန်က အကောင်းဆုံးဆို''

''ဒီနိုင်ငံမှာလို့ ငါပြောခဲ့တယ်...
လူတွေက ငတ်လာတဲ့အခါ
စားဝတ်နေရေး သေချာစေမယ့်
အလုပ်ကို ရွေးချယ်လာကြတယ်
နိုင်ငံကပညာရည်နိမ့်ကျလာတော့
ကျန်းမာရေးပါနိမ့်ကျလာတယ်...''

''ဟာ ဆိုင်လို့ လား''

''ဆိုင်မယ်ထင်တာပဲ... ပညာရေးနိမ့်ကျမှုဟာ အဘက်ဘက်က နိမ့်ကျစေတယ်
မင်းတွေးဖူးလား မင်းဘာဖြစ်ချင်တယ် ဆိုပြီး... ''

'ဒွိဟတော့ဝင်ဖူးတယ်... ဆရာဝန်လုပ်ရင်ကောင်းမလား
အင်ဂျင်နီယာလုပ်ရင်ကောင်းမလား
ဆိုပြီး...''

''ရယ်တော့ရယ်ရတယ်ကွ
မင်းကို ဖြစ်စဉ်လေးတစ်ခု
ပြောပြမယ်
လူတစ်ယောက်က ဖိနပ်ဝယ်တော့
ဈေးမေးတယ်
ဒီဖိနပ်ကဘယ်လောက်လဲတဲ့
၄၀၀၀ပါလို့ ပြောတော့
သူနံပါတ်ကိုကြည့်တယ်
၁၀ တဲ့ကွာ
၁၁ ကဘယ်လောက်လဲလို့ မေးတယ်
၄၀၀၀ပဲတဲ့
သူအံသြသွားတယ်
ဖိနပ်ကြီးရင်ကုန်ကြမ်းပိုကုန်တယ်မဟုတ်လား ...
အကြီးဆုံး sizeကရောမေးတော့
၄၀၀၀ပဲတဲ့...
သူလည်းလောဘကြီးပြီး
အကြီးဆုံး sizeဝယ်လာတယ်
ဒါပေမယ့် သူနဲ့ မတော်ဘူး...

မင်းသိထားဖို့ က
ဖိနပ်တစ်ခုရဲ့ အသုံးဝင်မှုဟာ
အံဝင်ခွင်ကျမှုအပေါ်
ပထမမူတည်တယ်

ပြောချင်တာက
ကြီးလေကောင်းလေလို့ ထင်နေတဲ့
စိတ်က ကိန်းအောင်းနေတာကိုး
အံဝင်ခွင်ကျမှုက အဓိကဆိုတာကို မေ့သွားတဲ့အထိပဲ''

''မင်းဘာဖြစ်ချင်တာလဲ''

''ဟိုဆရာဝန် ...''

''ကိုယ့်စိတ်ကိုယ်ပြန်ကြည့်
မင်းဘာဖြစ်ချင်မှန်းတောင်
မင်းမသိဘူး''

''တကယ်တော့ကျနော်က ပန်းချီသိပ်ဆွဲချင်တာ''

''ကောင်းတာပေါ့ လုပ်ပေါ့ဟ''

''ဒါပေမယ့်ဗျာ ကျနော်ပန်းချီဆွဲဖို့ ..
ဘယ်သူကထောက်ပံ့မှာလဲ
မအောင်မြင်ခင်စပ်ကြား''

''မင်းပန်ချီဆရာဖြစ်ဖို့ မင်းမှာပဲ
တာဝန်ရှိတယ်...
ပန်းချီဆွဲဖို့ ငွေလိုတယ်ဆိုရင်
အဲ့ငွေကိုရှာပေါ့ကွ...
မင်းသာ ပန်းချီပညာကိုတကယ်ချစ်ရင် ဒီပန်းချီဆွဲခွင့်ရဖို့ လိုအပ်တာကို
လုပ်ရဲရမယ်...
မင်းပန်းချီမှမဟုတ်ဘူး
ဘာအလုပ်ကိုလုပ်လုပ်
မအောင်မြင်ခင်စပ်ကြား
ငွေလိုတာချည်းပဲ
ဆေးကျောင်းတတ်လည်း
ငွေလိုတာပဲ အင်ဂျင်နီယာ
ကျောင်းတတ်လည်းငွေလိုတာပဲ
တစ်ခုပဲလိုတာ
မင်းလုပ်မယ့်အသက်မွေးဝမ်းကျောင်း အပေါ်ကို မင်းတကယ်ဝါသနာပါဖို့ ..
တကယ်ချစ်ဖို့  အဲ့ဒါပဲလိုတယ်
အဲ့ဒိစိတ်ရှိရင် အရာရာကိုကျော်ဖြတ်
ဖို့ ခွန်အားရှိသွားပြီ
သတ္တိရှိသွားပြီ...''

''လွယ်ပါ့မလားဗျာ'

''မင်းအက်ဒီဆင်ကိုသိလား''

''သိတာပေါ့...''

''အက်ဒီဆင်တကယ်ဝါသနာပါတာက တီထွင်မှုဆိုင်ရာ...
သူ့ မိဘကမထောက်ပံ့နိုင်ဘူး
သူရထားပေါ်မှာ သတင်းစာရောင်းတယ်...
သူ့ မှာရည်မှန်းချက်ရှိပြီးသား ယုံကြည်ချက်ရှိပြီးသား....
သတင်းစာရောင်းရင် သူ့ ဘဝ
အဆုံးမသတ်ဘူးဆိုတာ သူသိတယ်

အဲ့လိုအောက်ခြေကစလာရင်း
သူအောင်မြင်လာခဲ့တာပဲ.
သူ့ ဝါသနာ သူ့ ယုံကြည်ချက်ကသာ
သူအောင်မြင်ရခြင်းရဲ့
ပထမဆုံးအဖြေပဲ''


ဝါသနာတဲ့
အသုံးများသလောက်
တန်ဖိုးထားမှုနည်းနေသေးတဲ့
ဝေါဟာရလေး..

ကိုယ်ဝါသနာပါတာကို
လုပ်ခွင့်ရဖို့ ဝါသနာမပါတာလည်း
လုပ်ရဲရမယ်...
ဒါပေမယ့်မိမိပြင်းပြစွာ
လုပ်ဆောင်ချင်တဲ့ဝါသနာကို
အမြဲကိုင်ထား
ဘယ်တော့မှ လွတ်မချနဲ့ ...
ဝါသနာအပေါ်လည်း
ယုံကြည်ချက်ထား...
ဒါဆိုရင် ဖြစ်ချင်တာတွေ
ဖြစ်ခွင့်ရမယ်...

''မင်းကရော မင်းဝါသနာပါတဲ့ ဘဝမှာ ကျင်လည်ခွင့်ရရဲ့လား''
မေးခဲ့ရင် ဟင့်အင်းလို့  ဖြေရမှာပဲ...
ကျနော် ကစာရေးချင်တာ ... ဒါပေမယ့် ကျင်လည်နေရတာ နိုင်ငံ့ဝန်ထမ်းဘဝ...
ဒါပေမယ့် ကိုယ့်ဝါသနာကို ကိုသိလာတဲ့အတွက် ပြန်တည်ဆောက်ခွင့်ရှိလာတယ် ကုန်လွန်ခဲ့တဲ့အချိန်ကို နှမြောမိတာကလွဲရင် နောင်တ တော့ မရချင်တော့ဘူး....

နောက်မျိုးဆက်သစ်တွေ....
သူတို့  ယုံကြည်ရာလမ်းကို ရဲရဲလျှောက်ရဲဖို့  ကျနော်က အားပေးချင်တာမျိုး...

ရုပ်ရှင်ဂီတ အနုပညာနယ်ပယ်
တီထွင်မှုပိုင်းဆိုင်ရာ အတတ်ပညာနယ်ပယ်
အားကစားနယ်ပယ်...
ချမ်းသာကြီးပွားဖို့  စီမံခန့် ခွဲမှု နယ်ပယ်...
ယုံကြည်ရာလမ်းကိုလျှောက် ဝါသနာပါရာကိုသာလုပ်...

Everyone is special.
လူတိုင်းက လူတော်တွေချည်းပဲ...
ဖော်ရက်စ် ဂမ့်လို ဥာဏ်ရည်မပြည့်ဝ သူတောင် သူလုပ်ချင်ရာကိုလုပ်ရင်း အောင်မြင်လာတာပဲ... အဲ့ဒါ ဖောရက်စ်မိခင်ရဲ့ ယုံကြည်ပေးမှုကြောင့်...

အက်ဒီဆင်လည်း ထို့ အတူပဲ
သူ့ မိခင်ဟာ မထောက်ပံ့နိုင်တာတောင်
သူ့  သားအတွက်ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ခဲ့သူ...

ဆရာဝန်လုပ်ပါလား စစ်ဗိုလ်လုပ်ပါလားဆိုတဲ့ မိဘတွေကအစ သားသမီးဝါသနာကို ဘာမှန်းမသိပဲ စမ်းတဝါးဝါးနဲ့ ...
ရမ်းသမ်းအကြံပြု နေကြတာ ဒီနိုင်ငံရဲ့ဓလေ့....

အားကစားသမားဖြစ်လိုသူဟာလည်း စာအထိုက်အလျောက် ဖတ်သင့်တာ မှန်သလို စာသမားပေသမားဟာလည်း အားကစား အထိုက်အလျှောက် လုပ်သင့်တယ်....ဒါပေမယ့်
Majorနဲ့  minorကို ကွဲပြားစွာ နားလည်ရမယ်....

ကျနော့်မှာသာ သားသမီးရလာခဲ့ရင် သူ့ ကို ဘယ်လမ်းက ဘယ်လိုဆိုတာ ရှင်းပြမယ် ဘယ်ဟာက ပိုကောင်းပါတယ်လို့ မဲမဆွယ်ဘူး
သူနှစ်သက်ရာကို ရွေးချယ်ဖို့  သူ့  နှလုံးသားဆန္ဒ သူ့ ဝါသနာကို လေးစားပေးမယ်...
သူဘာဖြစ်ချင်လဲ...
ဖြစ်ချင်ရာကို ပံ့ပိုးပေးဖို့  အသင့်ပြင်ထားမယ်
image
image
Writer by@soesandar
SMT 13

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88